တော်ရဲရားကို အီတလီပြန်ခေါ်ဖို့ စတင်ကြိုးပမ်းနေတဲ့ ဂတ်တူဆိုရဲ့ နာပိုလီ

အဂၤလန္ေျမမွာ မေပ်ာ္ႏုိင္ျဖစ္ေနတဲ့ အာဆင္နယ္ကြင္းလယ္လူ ေတာ္ရဲရားကို အီတလီထံ ျပန္ေခၚယူဖို႔အား စီရီးေအကလပ္ နာပိုလီအသင္းက စတင္ၾကိဳးစားေနတယ္လို႔ ေဒးလီးေမလ္းက ေဖာ္ျပသြားပါတယ္။

ေတာင္အေမရိက ကစားသမား ေတာ္ရဲရားဟာ အဂၤလန္ရဲ႕ရာသီဥတုမွာ အဆင္မေျပျဖစ္ေနျပီး ခ်စ္သူေကာင္မေလးကလည္း အီတလီေျမကို ျပန္လိုေနတာပါ။ ေႏြအေျပာင္းအေရႊ႔မွာ စီးရီးေအကလပ္ေတြ ခ်ိတ္ဆက္မႈေတြ ရရွိခဲ့ေပမယ့္ အတည္ျပဳ ေျပာင္းဖို႔ထိ မေရာက္ခဲ့ပဲ ေတာ္ရဲရားဟာ အာဆင္နယ္မွာပဲ ဆက္ရွိေနခဲ့တာျဖစ္တယ္။

မန္ေနဂ်ာအမ္မရီလက္ထက္ ေနရာမေပးမႈနဲ႔ အာဆင္နယ္မန္ေနဂ်ာ အေျပာင္းအလဲေတြမွာ ေတာ္ရဲရားဟာ အထိုင္က်ဖို႔ ပိုမိုခက္ခဲေနျပီး ဒီတစ္ၾကိမ္မွာေတာ့ နာပိုလီက ဝင္ေရာက္လာခဲ့တာပါ။ အာဆင္နယ္ဟာ အျမဲတမ္း မန္ေနဂ်ာအျဖစ္ ဒီရက္ပိုင္းမွာတင္ တရားဝင္ေၾကညာမႈေတြ လုပ္ေဆာင္မယ္လို႔ သိထားရျပီး မန္ေနဂ်ာသစ္ဟာ အေျပာင္းအေရႊ႔ ကိစၥေတြကို စီမံသြားမွာျဖစ္တယ္။

နာပိုလီဘက္က ေတာ္ရဲရားကို ေပါင္ ၂၅ သန္း ဝန္းက်င္နဲ႔ ေခၚယူဖို႔ စိတ္ဝင္စားေနျပီး အာဆင္နယ္ဘက္ကေတာ့ နာပိုလီခံစစ္မွဴး ကိုလီဘာလီကို ျပန္လည္ေခၚယူလိုေနပါတယ္။ ကိုလီဘာလီဟာ နာပိုလီနဲ႔ အဆင္မေျပမႈရွိေနခဲ့ေပမယ့္ လာလီဂါဘက္ကိုပဲ ေျပာင္းေရႊ႔ဖို႔ ဦးတည္ေနတာပါ။ လတ္တေလာမွာ ႏွစ္ဦးလံုးအတြက္ အေလးအနက္ ညိႏိႈင္းမႈေတြ မစတင္ေသးပါဘူး။

အာဆင္နယ္ဟာ ခံစစ္နဲ႔ ကြင္းလယ္မွာ လိုအပ္ခ်က္ေတြ ရွိေနျပီး ဟန္ခ်က္မညီမႈေတြကို ရင္ဆိုင္ေနရတာျဖစ္တယ္။ ခံစစ္က ဆိုးဆိုးရြားရြား ညံ့ဖ်င္းေနမႈမွာ ကြင္းလယ္ကလည္း အကူအညီမျဖစ္ပဲ ရွာကာ၊ အိုေဇးတို႔ဟာ အသင္းနဲ႔ အဆင္မေျပတဲ့ အျပဳအမႈေတြကို မၾကာခဏ ျပသထားၾကတာျဖစ္ပါတယ္။

UNICODE

အင်္ဂလန်မြေမှာ မပျော်နိုင်ဖြစ်နေတဲ့ အာဆင်နယ်ကွင်းလယ်လူ တော်ရဲရားကို အီတလီထံ ပြန်ခေါ်ယူဖို့အား စီရီးအေကလပ် နာပိုလီအသင်းက စတင်ကြိုးစားနေတယ်လို့ ဒေးလီးမေလ်းက ဖော်ပြသွားပါတယ်။

တောင်အမေရိက ကစားသမား တော်ရဲရားဟာ အင်္ဂလန်ရဲ့ရာသီဥတုမှာ အဆင်မပြေဖြစ်နေပြီး ချစ်သူကောင်မလေးကလည်း အီတလီမြေကို ပြန်လိုနေတာပါ။ နွေအပြောင်းအရွှေ့မှာ စီးရီးအေကလပ်တွေ ချိတ်ဆက်မှုတွေ ရရှိခဲ့ပေမယ့် အတည်ပြု ပြောင်းဖို့ထိ မရောက်ခဲ့ပဲ တော်ရဲရားဟာ အာဆင်နယ်မှာပဲ ဆက်ရှိနေခဲ့တာဖြစ်တယ်။

မန်နေဂျာအမ်မရီလက်ထက် နေရာမပေးမှုနဲ့ အာဆင်နယ်မန်နေဂျာ အပြောင်းအလဲတွေမှာ တော်ရဲရားဟာ အထိုင်ကျဖို့ ပိုမိုခက်ခဲနေပြီး ဒီတစ်ကြိမ်မှာတော့ နာပိုလီက ဝင်ရောက်လာခဲ့တာပါ။ အာဆင်နယ်ဟာ အမြဲတမ်း မန်နေဂျာအဖြစ် ဒီရက်ပိုင်းမှာတင် တရားဝင်ကြေညာမှုတွေ လုပ်ဆောင်မယ်လို့ သိထားရပြီး မန်နေဂျာသစ်ဟာ အပြောင်းအရွှေ့ ကိစ္စတွေကို စီမံသွားမှာဖြစ်တယ်။

နာပိုလီဘက်က တော်ရဲရားကို ပေါင် ၂၅ သန်း ဝန်းကျင်နဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး အာဆင်နယ်ဘက်ကတော့ နာပိုလီခံစစ်မှူး ကိုလီဘာလီကို ပြန်လည်ခေါ်ယူလိုနေပါတယ်။ ကိုလီဘာလီဟာ နာပိုလီနဲ့ အဆင်မပြေမှုရှိနေခဲ့ပေမယ့် လာလီဂါဘက်ကိုပဲ ပြောင်းရွှေ့ဖို့ ဦးတည်နေတာပါ။ လတ်တလောမှာ နှစ်ဦးလုံးအတွက် အလေးအနက် ညိနှိုင်းမှုတွေ မစတင်သေးပါဘူး။

အာဆင်နယ်ဟာ ခံစစ်နဲ့ ကွင်းလယ်မှာ လိုအပ်ချက်တွေ ရှိနေပြီး ဟန်ချက်မညီမှုတွေကို ရင်ဆိုင်နေရတာဖြစ်တယ်။ ခံစစ်က ဆိုးဆိုးရွားရွား ညံ့ဖျင်းနေမှုမှာ ကွင်းလယ်ကလည်း အကူအညီမဖြစ်ပဲ ရှာကာ၊ အိုဇေးတို့ဟာ အသင်းနဲ့ အဆင်မပြေတဲ့ အပြုအမှုတွေကို မကြာခဏ ပြသထားကြတာဖြစ်ပါတယ်။