အင်္ဂလန် သက်တမ်းအလိုက် အသင်းတွေအတွက် လီဗာပူး ကြယ်ပွင့် (၁၀) ဦး ရွေးချယ်ခံရ

မတ်လ နိုင်ငံတကာသီတင်းပတ်အတွက် အင်္ဂလန် သက်တမ်းအလိုက် လက်ရွေးစင် အသင်းတွေဟာ လူစာရင်းတွေ ထုတ်ပြန်လာခဲ့ပြီး ဂျုံးနဲ့ အယ်လီးယော့ အပါအဝင် လီဗာပူးလူငယ် ၁၀ ဦး ရွေးချယ်ခံထားရပါတယ်။

ဘောလုံးရာသီတစ်ခုရဲ့ နောက်ဆုံးသော နိုင်ငံတကာသီတင်းပတ်ကို အက်ဖ်အေဖလား အပြီးမှာ ယှဉ်ပြိုင်ရဖို့ ရှိနေပြီး အကယ်ဒမီ ကစားသမားတွေအတွက် အရေးပါတဲ့ လတစ်ခု ဖြစ်လာနိုင်တယ်။ ခေါ်ယူခံရတဲ့ လူငယ်တွေထဲမှာ ၇ ဦးက သက်တမ်းအလိုက် လက်ရွေးစင်တွေဖြစ်ထားဖူးခဲ့ပြီး ၃ ဦးကတော့ အသစ် ခေါ်ယူခြင်း ခံခဲ့ရတာပါ။

လီဗာပူး စီနီယာအသင်းမှာ ထိုးထွက်ဖို့ ကြိုးစားလာနေတဲ့ ဂျုံးနဲ့ အယ်လီးယော့တို့ဟာ အင်္ဂလန် ယူ-၂၁ အသင်းမှာ ထပ်မံ ရွေးချယ်ခံထားရတယ်။ ပြီးခဲ့တဲ့ နိုင်ငံတကာ သီတင်းပတ်တုန်းက သူတို့ နှစ်ဦးလုံး ဒဏ်ရာကြောင့် မပါနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီအဆင့်ဟာ စီနီယာလက်ရွေးစင် မတိုင်ခင် သက်တမ်းအလိုက်မှာ အမြင့်ဆုံး အဆင့်လည်း ဖြစ်ပါတယ်။

လူငယ်ကွင်းလယ်လူ တေလာမော်ဆန်ကတော့ ယူ-၂၀ အသင်းအတွက် ရွေးချယ်ခံခဲ့ရတယ်။ ယူ-၁၉ အဆင့်မှာတော့ လုခ်ချမ်ဘား၊ ဂျူရယ် ကွမ်းဆက်တို့ ပါဝင်သွားခဲ့တယ်။ သူတို့ နှစ်ဦးက လီဗာပူး အကယ်ဒမီမှာတော့ အဓိက ခံစစ်သမားတွေ ဖြစ်ကြပါတယ်။

ယူ-၁၈ အဆင့်မှာတော့ လီဗာပူးရဲ့ နာမည်ကျော် ကြယ်ပွင့် တိုက်စစ်သမား ကန်နာနီရာက ခံစစ်သမားတွေဖြစ်တဲ့ လီဂျိုးနက်၊ မိုင်းတို့နဲ့အတူ ရွေးချယ်ခံရသလို မာဘာယာအတွက်လည်း ပထမအကြိမ် သက်တမ်းအလိုက်မှာ ရွေးချယ်ခံရမှု ဖြစ်လာပါတယ်။

ဒီရာသီမှာ ယူ-၁၈ အတွက် ရွေးချယ်ခံထားရသေးတဲ့ ကိတ်ဂေါ်ဒန်ကတော့ ဒဏ်ရာက သက်သာလာစမို့ မပါနိုင်ခဲ့ပါဘူး။ ဘယ်အစွန်လူ စကန်လွန်ကလည်း ယူ-၁၇ အသင်းအတွက် ပါဝင်ခွင့်ရခဲ့ပါတယ်။

Liverpool youngsters on England duty

England U21s – Curtis Jones, Harvey Elliott
England U20s – Tyler Morton
England U19s – Luke Chambers, Jarell Quansah
England U18s – Lee Jonas, Terence Miles, Isaac Mabaya, Oakley Cannonier
England U17s – Calum Scanlon