ပရိသတ်တွေ မသိတဲ့ လစ္စဘွန်း၊ သူနဲ့ လီဗာပူးကြား ရေစက်ကို ယာဂင်ကလော့ပ် ပြောပြလာ

လီဗာပူးအသင်းဟာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဖြစ် ပေါ်တူဂီကလပ် ဘင်ဖီကာနဲ့ ယှဉ်ပြိုင်ရဖို့ ရှိနေကာ ပထမအကျော့ကို အဝေးကွင်း၊ ဒုတိယအကျော့ကို အိမ်ကွင်းတွေမှာ ယှဉ်ပြိုင်ရပါမယ်။

အဆိုပါပွဲတွေအတွက် အသင်းဝဘ်ဆိုဒ်နဲ့ ယာဂင်ကလော့ပ်တို့ရဲ့ မေးမြန်းမှု အတိုလေးကို အခုလို ဖော်ပြမှာဖြစ်ပါတယ်။

ယာဂင်ရေ။ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ ဘင်ဖီကာနဲ့ တွေ့တယ်နော်။ အတွဲကို သိရပြီး ဘယ်လိုခံစားရလဲ?

အဲ့ပွဲအတွက် တကယ်ကို စောင့်မျှော်နေမိပါတယ်။ ဒါက ကွာတားဖိုင်နယ်ပါ၊ ခက်ခဲတဲ့ပွဲစဉ် ဖြစ်ပါတယ်။ အေဂျက်ကို ရင်ဆိုင်ကစားရာမှာ ဘင်ဖီကာက သိပ်ကိုကောင်းကောင်း ကစားခဲ့ပါတယ်။

လူတွေက ဒီအတွဲမှာ လီဗာပူးကပဲ ရေပန်းစားတယ်ဆိုတာမျိုး တွေးထင်နေကြတယ်ဆိုတာ သိပါတယ်။ ဒါပေမယ့် ဒါက ပြိုင်ပွဲအတွက် ပထမဆုံးသော အမှားတစ်ခုကို လုပ်လိုက်တာပါပဲ။ ဒီလို အမှားတွေ လုပ်မိဖို့က အခုချိန်မှာ ဒီပြိုင်ပွဲမှာ ကျနေ်ာတို့ ရှိနေတာကလည်း သိပ်ကြာနေပါပြီ။ ဒီပွဲအတွက် တကယ်ပဲ စောင့်မျှော်နေမိတယ်။

ချန်ပီယံလိဂ်မှာ ဘင်ဖီကာ လုပ်ပြနေတာတွေကို ကျနော် အတော်လေး လေးစားပါတယ်။ သူတို့က ကလပ်အသင်းကြီးဖြစ်ပါတယ်။ ဘင်ဖီကာကွင်းမှာ ကျနော် ကစားဖူးတယ်လို့ မထင်ပါဘူး။ လစ္စဘွန်းက သိပ်ကောင်းတဲ့ မြို့ပါ။ လီဗာပူးမန်နေဂျာတာဝန်ကို မရယူခင် ပိတ်ရက်တုန်းက အဲ့မှာ တစ်ပတ်လောက် အနားယူဖူးပါတယ်။

မိုက်ဂေါ်ဒန် (FSG ဥက္ကဋ္ဌ) ထံက ဖုန်းကို လစ္စဘွန်းမှာပဲ ရခဲ့တာပါ။ ဒီတော့ သိပ်ကောင်းတဲ့ အမှတ်တရလည်း ဟုတ်ပါတယ်။ ကော်ဖီဘား အပြင်ဘက်မှာ ထိုင်နေပြီး လီဗာပူးဘက်က ဖုန်းကို ရခဲ့သလို ဆုံးဖြတ်ချက်တွေက လစ္စဘွန်းမှာပဲ လုပ်ခဲ့တာပါ။

ဘင်ဖီကာက လီဗာပူးနဲ့အတူ ခင်ဗျား မသွားဖူးတဲ့ ပြိုင်ဘက်အသင်းပါ။ ဒီတော့ မတူညီတဲ့ ပြိုင်ဘက်ကို ရင်ဆိုင်ရမှာက စိန်ခေါ်မှုဖြစ်မလား?

ဟုတ်တာပေါ့။ အခုတော့ သိရတော့မှာ သိပ်ကောင်းပါတယ်။ ပြင်ဆင်မှုတွေ စတင်ပါတော့မယ်။ ကျနော် နည်းပြအဖွဲ့ထဲက အချို့က ပေါ်တိုအသင်းနဲ့ ဇာတ်လမ်းရှိသူတွေပါ။ ဒီတော့ ဒါဘီပွဲအတွက် သူတို့တွေ ခံစားချက် ရှိနေရင် ရှိနေမှာပေါ့။ ဒါကောင်းပါတယ်။ သိပ်ကောင်းတယ်။ မစောင့်နိုင်တော့ပါဘူး။