သီယေဂို သတင်းကောင်း၊ ဂန္တဝင်ပွဲကန်မယ့် ဂျရတ်နဲ့ ချန်ပီယံလိဂ်ပွဲစဉ် ရက်စွဲ အတည်ပြုခြင်း

ဒီအပတ် အက်ဖ်အေဖလား အကြိုမှာ မတ်လနိုင်ငံတကာသီတင်းပတ်နဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲဆိုင်ရာ သတင်းသစ်တွေ ဆက်တိုက် တက်နေပြီး အချို့သတင်းတွေကို ဆက်လက် ဖော်ပြပါမယ်။

အန်ဖီးကွင်းမှာ နော်တင်ဟမ် ဖောရက်စ်နဲ့ အက်ဖ်အေဖလားပြီးရင်တော့ ဒီရာသီအတွက် နောက်ဆုံးသော နိုင်ငံတကာသီတင်းပတ် ဝင်ရောက်လာမှာဖြစ်ပါတယ်။ မနေ့ကပဲ ဖောရက်စ် ပရိသတ်တွေက ဟေးဘရော့ အထိမ်းအမှတ် လေးစားမှု လာပြခြင်းနဲ့အတူ လီဗာပူးအသင်းကို လာရောက် မိတ်ဆက်ထားခ့ပါပြီ။

ဧပရယ်လဟာ လီဗာပူးရဲ့ ဆုဖလား မျှော်လင့်ချက်တွေအတွက် သိပ်ကို အရေးပါတဲ့လဖြစ်လာဖို့ ရှိနေကာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲစဉ် ၂ ပွဲ၊ ယူနိုက်တက်နဲ့ အဲဗာတန်ကို ရင်ဆိုင်ရမယ့် ပရီးမီးယားလိဂ် အိမ်ကွင်းပွဲ၊ မန်စီးတီးနဲ့ ယှဉ်ပြိုင်ရမယ့် ပရီးမီးယားလိဂ် အဝေးကွင်းပွဲ အပါအဝင် ပွဲစဉ် ၉ ပွဲ ရှိမှာဖြစ်ပါတယ်။

ထရန့်နဲ့ ဆာလာတို ဒဏ်ရာရနေတဲ့ အခြေအနေမျိုး ကြားခဲ့ရပေမယ့် သတင်းကောင်းအဖြစ် စပိန်လက်ရွေးစင်အသင်း လူစာရင်းမှာ သီယေဂို ချန်လှပ်ခံခဲ့ရပါတယ်။ ကွင်းလယ်ဟာ လီဗာပူးအသင်း တည်ငြိမ်မှု အနည်းဆုံး နေရာဖြစ်နေတာမို့ မကြာခဏ ကြံ့ခိုင်မှု ပြဿနာဖြစ်လေ့ရှိတဲ့ သီယေဂိုကို နှစ်ပတ်လောက် အနားပေးခွင့်ရမှာထက် ပိုကောင်းတဲ့ ကိစ္စ မရှိတော့ပါဘူး။

နောက်ထပ် သတင်းကတော့ ဒီလ ၂၆ ရက်နေ့ အန်ဖီးမှာ ဘာစီလိုနာ ဂန္တဝင်တွေနဲ့ ရင်ဆိုင်ကစားမယ့် လီဗာပူးဂန္တဝင်အသင်းအတွက် ဂျရတ်ဟာ ဒါ့ကောက်၊ ရိုဒရီဂွက်စ်၊ ကာရေဂါ၊ ဟစ်ပီယာတို့နဲ့အတူ ပါဝင်သွားမှာပါ။ ရန်ပုံငွေပွဲဖြစ်ကာ ၂၀၀၀ ပြည့်နှစ်နဲ့ အဲ့မတိုင်ခင်တည်းက လီဗာပူးအသင်းကို အမာခံ အားပေးခဲ့သူတွေအတွက် အသင်းဟီးရိုးတွေကို အလွမ်းပြေ ပြန်ကြည့်ရမှာဖြစ်ပါတယ်။

ထပ်မံလို့ လီဗာပူးအသင်းဘက်ကပဲ ဧပရယ်လထဲမှာ ယှဉ်ပြိုင်ကစားရမယ့် ပွဲစဉ်တွေရဲ့ ရက်စွဲနဲ့ အချိန်တွေကို အောက်ပါအတိုင်း အတည်ပြု ဖော်ပြခဲ့ပါတယ်။ ပွဲစဉ်နာရီတွေက ဗြိတိန်စံတော်ချိန်တွေဖြစ်ပါတယ်။

Liverpool FC fixtures in April

  • Watford (H) – Saturday, April 2, 12.30pm
  • Benfica (A) – Tuesday, April 5, 8pm
  • Man City (A) – Sunday, April 10, 4.30pm
  • Benfica (H) – Wednesday, April 13, 8pm
  • Aston Villa (A) – Saturday, April 16, 5.30pm *
  • Man United (H) – Tuesday, April 19, 8pm
  • Everton (H) – Sunday, April 24, 4.30pm
  • Potential CL Semi-final First Leg – April 26/27
  • Newcastle (A) – Saturday, April 30, 12.30pm