လူးဝစ်၊ ဆာလာအတွဲ ပွဲထုတ်ပြီး သီယာဂိုပါမယ့် အာဆင်နယ်ပွဲ ပွဲထွက်လူစာရင်း ခန့်မှန်း

လီဗာပူးအသင်းဟာ ဒီကနေ့ညမှာတော့ လန်ဒန်ကိုသွားပြီး အမ်းမရိတ်ကွင်းမှာ အာဆင်နယ်နဲ့ ပရီးမီးယားလိဂ် လက်ကျန် ပွဲတစ်ပွဲကို ယှဉ်ပြိုင်ရဖို့ ရှိနေပါတယ်။

လီဗာပူးအသင်းရဲ့ လက်ကျန် အမှတ်ပေးပွဲ ၁၀ ပွဲမှာ အခက်ခဲဆုံး အဝေးကွင်း ပွဲစဉ် ၂ ပွဲထဲက အာဆင်နယ်နဲ့ပွဲကလည်း တစ်ပွဲအဖြစ် ပါဝင်ပါတယ်။ ဒီပွဲ ကစားပြီးရင်တော့ မန်စီးတီးနဲ့ ပွဲတူ အနေအထားကို ပြန်ရောက်သွားမှာဖြစ်တယ်။ ရလဒ်အပေါ် မူတည်ပြီး အမှတ်ပေးဇယား ကွာဟချက်က စိတ်လှုပ်ရှားစရာတွေ ဖြစ်သွားနိုင်ပါတယ်။

Team News

  • အင်္ဂါနေ့ လေ့ကျင့်ရေးမှာ ဆာလာ ပါဝင်နိုင်ခဲ့ပါတယ်။
  • နောက်ဆုံး ၂ ပွဲကို လွဲထားတဲ့ ကိုနတေး အသင်းလေ့ကျင့်ရေးမှာ ပြန်ပါလာပါတယ်။
  • မီလ်နာနဲ့ ကိုစတက်တို့ အဖျားကြောင့် ဒီပွဲကို လွဲပါမယ်။
  • လူစာရင်း တောင့်တင်းနေပြီး ကြံ့ခိုင်နေကြပါတယ်။

Liverpool’s XI vs. Arsenal

ဒီပွဲမှာတော့ မန်နေဂျာ ကလော့ပ်ဟာ ဂိုးသမားနဲ့ ခံစစ်ကြောင်း တစ်ခုလုံးကိုတော့ မပြောင်းမလဲ လူစာရင်းအဖြစ် အယ်လီဆန်၊ ထရန့်၊ ရိုဘို၊ ဗန်ဒိုက်၊ မာတစ်တို့ကိုပဲ ပွဲထုတ်လာဖို့ ရှိပါတယ်။ ဒီပွဲမှာ လူစာရင်း အပြောင်းအလဲအဖြစ် ကွင်းလယ်နဲ့ တိုက်စစ်ပိုင်းမှာ အနည်းငယ် ချိန်းကစားဖွယ် ရှိတယ်။

ကွင်းလယ်မှာတော့ ဖာဘင်ညို၊ ဟန်ဒါဆန်ကို အမာခံသုံးပြီး ကိတ်တာနေရာ သီယာဂိုကို ထည့်သွင်းမယ်လို့ ယူဆရတယ်။ အာဆင်နယ်ဟာ နံပါတ် ၆ သမား နှစ်ဦးသုံးနေပြီး ပါတေးလို ဝါရင့် ကစားသမားလည်း ရှိနေတာကြောင့် အသင်းဘက်က အတွေ့အကြုံရင့်ပြီး ပိုင်ဆိုင်မှုပိုင်း ကောင်းမွန်သလို ကောင်တာတွေကို လျော့ချနိုင်ရေး ဖာဘင်ညို၊ ဟန်ဒါဆန်၊ သီယာဂိုအတွဲကို ပွဲထုတ်လာဖို့ ဖြစ်နိုင်ချေများပါတယ်။

တိုက်စစ်မှာတော့ လူးဝစ်က ခြေစွမ်းပြနေသလို နံပါတ် ၉ နေရာမှာ မာနေး အံဝင်လာနေပြီး ညာခြမ်းမှာ ဆာလာဖြစ်ပါတယ်။ ဂျိူတာနဲ့ ဖာမင်နိုတို့ ကြံ့ခိုင်မှု ပြန်ကောင်းလာပေမယ့် ပွဲထွက် ၁၁ ဦးနေရာမှာ ပြန်ရဖို့တော့ ပြန်လည် ယှဉ်ပြိုင်ရဖွယ် ရှိပါတယ်။

အာဆင်နယ်ပွဲအတွက် ဖြစ်နိုင်ချေရှိတဲ့ နောက်ထပ် လူစာရင်းကတော့ ကြံ့ခိုင်မှု မကောင်းသေးတဲ့ ဆာလာ အစား ဂျိုတာကို ထည့်သွင်းကာ မာနေးကို ညာခြမ်းပို့ဖို့ ဖြစ်ပါတယ်။ ကွင်းလယ်မှာတော့ သီယာဂိုထက် တစ်ဆင့် ပိုမြင့်တဲ့ ကွင်းလယ်နေရာမှာ ကစားတဲ့ ကိတ်တာနဲ့ တိုက်စစ်ကို အားဖြည့်ဖို့ဖြစ်တယ်။ ဒါကတော့ ပထမ လူစာရင်းထက်စာရင် ဖြစ်နိုင်ချေ နည်းပါလိမ့်မယ်။

အာဆင်နယ်ပွဲဟာ လက်တလောမှာ လီဗာပူးအတွက် အရေးအကြီးဆုံး ဗိုလ်လုပွဲလို ပွဲစဉ်ဖြစ်ပါတယ်။ ဒီပွဲအပြီးမှာ နော်တင်ဟမ်ဖောရက်စ်နဲ့ အက်ဖ်အေဖလား ကွာတားဖိုင်နယ် ကစားရဖို့ ရှိနေတာဖြစ်ပြီး ပြီးရင်တော့ မတ်လ နိုင်ငံတကာ သီတင်းပတ် ဝင်ရောက်လာမှာဖြစ်ပါတယ်။