ဒီကမ္ဘာမှာ ဘယ်သူမှ မခန့်မှန်းနိုင်ပါဘူး ဆိုတဲ့ ကာရာဘောင်းဗိုလ်လုပွဲအတွက် ပေါမာဆန် သုံးသပ်ချက်

ဒီတပတ် ဝင်ဘာလေမှာ ကန်မယ့် ချယ်ဆီးနဲ့ လီဗာပူးတို့ရဲ့ ကာရာဘောင်း ဖလား ဗိုလ်လုပွဲနဲ့ ပတ်သတ်ပြီး ဂန်းနားဟောင်းကြီး ပေါမာဆန်က အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

” ပရီးမီးယားလိဂ်ကတော့ ဒီအပတ်ထဲ ပြန်ရောက်လာပြန်ပေမယ့် ဒီအပတ် လူတွေ စိတ်အဝင်စားဆုံးပွဲကတော့ ဝင်ဘလေ မှာ ကာရာဘောင်း ဖလား လုကြမယ့် လီဗာပူးနဲ့ ချယ်ဆီး တို့ ပွဲစဉ်က အကောင်းဆုံးဖြစ်လာမှာ သေချာတယ်။

ကျွန်တော် ဒီ ၂ သင်းရဲ့ လက်ရှိ သူတို့ စွမ်းဆောင်ရည်ကို လေ့လာ ဆန်းစစ်ကြည့်တော့ ၂ သင်းကြား ဂိုးတွေ သွင်းမှာသေခြာပါတယ်။ ချယ်ဆီး အသင်းက ကမ္ဘာ့ အကောင်းဆုံး ခံစစ်ကို ပိုင်ဆိုင်ထားပေမယ့် လီဗာပူး အသင်းက တိုက်စစ်မှုး ၃ ယောက်က အသင်းတိုင်း ကို ဂိုးသွင်းနိူင်တဲ့ စွမ်းဆောင်ရည် ပိုင်ဆိုင်ထားတဲ့ သူတွေပါ။

လက်ရှိ လူကာကူ ရဲ့ ခြေစွမ်း အနေအထားက ပုံမှန် ရှိမနေပေမယ့်လည်း ချယ်ဆီး တိုက်စစ်ကို လျှော့တွက်လို့ မရတာကြောင့် ဒီပွဲက ခက်ခဲတဲ့ပွဲ ဖြစ်လာမှာသေခြာပါတယ်။ လီဗာပူးအသင်း က စတမ်းဖိုဒ့်မှ ၂ ဂိုးပြတ် နဲ့ ဦးဆောင် နေမှ ချယ်ဆီး အသင်းက နောက်ကနေ လိုက်ကစားပြီး သရေ ရအောင် ယူနိူင်ခဲ့ပါတယ်။

ကမ္ဘာ့အဆင့် ထိပ်တန်း မန်နေဂျာ ၂ ယောက်ရဲ့ နည်းစနစ် အားပြိုင်မှုပါပဲ။ ချယ်ဆီး အသင်းက ကွင်းလယ်မှာ လီဗာပူးထက် နည်းနည်းလေး သာတယ်လို့ ထင်ပါတယ်။ တူချယ် အနေနဲ့ ကွင်းလယ်မှာ ကိုဗာချစ်၊ ဂျော်ဂျင်ဟို နဲ့ ကန်တေ တို့ နဲ့ ပွဲထွက်လာမှာ သေချာပါတယ်။ လီဗာပူး ကွင်းလယ်က ဖာဘင်ညို၊ ဂျော်ဒန် ဟန်ဒါဆင် နဲ့ သီယာဂို တို့ကတော့လည်း သူတို့ထက် မညံ့ပေမယ့် စတမ်းဖိုဒ့်မှာ ချယ်ဆီး ကွင်းလယ် သာတယ်ဆိုတာ သူတို့ ပြသခဲ့ပါတယ်။

လီဗာပူးအသင်းရဲ့ Full back ၂ ယောက်ဖြစ်တဲ့ အာနိူးနဲ့ ရော်ဘတ်ဆင် ကတော့ ရှေ့တန်း ၃ ယောက် ဂိုးသွင်းနိူင်ဖို့အတွက် သူတို့ ဂိုးအေရိယာ ကို ဖြတ်တင်ဘောနဲ့ ကြိုးစားမှာပါပဲ။ ချယ်ဆီး Full Back တွေဖြစ်တဲ့ အပီလီကျူတာ နဲ့ မားကိုစ့် အလွန်ဆို ထက်တော့ လီဗာပူး Full Back ၂ ယောက်က သာပါတယ်။ အာနိူး က ဒီရာသီ ပရီးမီးယားလိဂ် ဂိုးသွင်းဖန်တီးမှုက ၁၀ ကြိမ်နဲ့ ရော်ဘတ်ဆင်က ၉ ကြိမ် ရှိပါတယ်။

ရှေ့တန်းမှာတော့ လူကာကူ ရဲ့ စွမ်းဆောင်ရည်က စိတ်ပျက်စရာပါပဲ။ ပဲလေစ့် နဲ့ပွဲတုန်းက ဘောလုံး ၇ ကြိမ်ပဲ ထိခွင့် ရခဲ့တယ်ဆိုတာ ထိပ်တန်း တိုက်စစ်မှူး အနေနဲ့ ဘယ်လိုမှ မဖြစ်သင်ပါဘူး။ အသက် ၅၃ နှစ်ရှိပြီဖြစ်တဲ့ ကျွန်တော် တောင် အဲလို လိဂ်မှာ ဝင်ကန်ရင် ဘောလုံးထိခွင့် ၇ ကြိမ် ထက် မက ရမှာသေခြာပါတယ်။

လူကာကူ ကို တူချယ် အသုံးမပြုဘူးဆိုရင် ကိုင်ဟားဗတ်စ် နဲ့ ဇီးယက်ချ် တို့က ရှေ့တန်းမှာ တူချယ်တာဝန်ယူခိုင်းမှာပါ။ ပူလီဆစ်လည်း ကြံ့ခိုင်မှုပြည့်နေရင် သူလည်း ပါဝင်ဖို့ ဖြစ်နိူင်ပါတယ်။

လီဗာပူး တိုက်စစ်ကိုတော့ ကမ္ဘာ့ ထိပ်တန်း တိုက်စစ်မှူး ၂ ယောက်ဖြစ်တဲ့ မိုဆာလက်စ် နဲ့ မာနေးတို့ ဦးဆောင်နေပြီး ကလော့ အတွက် နှစ်အနည်းငယ် အတွင်း သူတို့ ဂိုးတွေနဲ့ ဖလားကို ရအောင် စွမ်းဆောင်နိူင်ခဲ့ပါတယ်။ ဒီ ပရီးမီးယား လိဂ် ရာသီမှာလည်း ဆာလက်စ်က ၁၉ ဂိုး နဲ့ မာနေးက ၁၁ ဂိုးသွင်းထားပါတယ်။ ဖာမင်ညို နဲ့ ဂျိုတာက တော့ ပါဝင်မှာ မဟုတ်ပေမယ့် အဲ နေရာအတွက် ဒီရာသီဝက်မှ ခေါ်ယူထားပြီး ခြေစွမ်းကောင်းပြနေတဲ့ လူးဝစ် ဒိုင်ယက်ဇ်က အကောင်းဆုံး ဖြည့် ကစားပေးမှာ သေချာပါတယ်။

ဂိုးသမားကိုတော့ နည်းပြ ၂ ယောက်လုံးက သူတို့ ဒုတိယ ဂိုးသမားတွေ ဖြစ်တဲ့ ကယ်လဟာ နဲ့ ကီပါ တို့ကို ကာရာဘောင်း ဖလားမှာ အသုံးပြုခဲ့ကြသလို သူတို့ လက်စွမ်းပြနိူင်လို့လည်း ၂ သင်းလုံး ဖိုင်နယ်ကို ရောက်လာတာ ဖြစ်ပါတယ်။ ကျွန်တော့် အနေနဲ့ မန်နေဂျာတွေက ဒုတိယ ဂိုးသမားကိုပဲ ယုံကြည်ပြီး တာဝန်ပေးမယ်လို့ထင်ပါတယ်။

ချယ်ဆီးနဲ့ လီဗာပူး အသင်းက ဒီနှစ် ကမ္ဘာ့ အကောင်းဆုံး ကလပ်တွေထဲက တစ်ယောက်ဖြစ်သလို ၂ သင်းလုံးမှာ ကမ္ဘာ့ အဆင့် ကစားသမားတွေလည်း ပါဝင်ပါတယ်။ သူတို့ ၂ သင်းပေါင်းထဲက အကောင်းဆုံး ၁၁ ယောက်ကို ကျွန်တော် ရွေးရမယ်ဆိုရင် ဂိုးသမား ကတော့ အလီဆင်(သို့) မန်ဒီ၊ အာနိူး၊ ဗန်ဒိုက်၊ ရူဒီဂါ၊ သီယာဂိုဆေလ်းဗား၊ ရော်ဘတ်ဆင်၊ ကန်တေ၊ ကိုဗာချစ်၊ ဆာလက်စ်၊ မာနေး နဲ့ ကိုင်ဟားဗတ်စ်ကို ရွေးချယ်မှာပါ။

ဝင်ဘလေကတော့ တစ်ကယ့်ကို ဖိုင်နယ် အတွက် ကြီးကျယ်ခမ်းနားတဲ့ နေရာ တစ်ခလုဖြစ်သလို ၂ သင်းလုံးကတော့ ဗိုလ်လုပွဲ ဖြစ်တာနဲ့ အညီ ရေကုန်ရေခမ်း ကန်ကြမှာပါပဲ။

ဒီလို ပွဲအတွက် ခန့်မှန်းဖို့ကတော့ ခက်ခဲတာကြောင့် ကျွန်တော်တော့ ၂ ဂိုးစီ ပွဲချိန်တွင်း သရေကျမယ်လို့ ထင်ပါတယ်။ ပင်နယ်တီ အတွက်တော့ ဒီလို အခြေအနေမှာ ဘယ်သူနိူင်မလည်းဆိုတာ ဒီကမ္ဘာမှာ ဘယ်သူမှ ခန့်မှန်းနိူင်မှာ မဟုတ်ပါဘူး။ ” လို့ ပေါမာဆန် က သုံးသပ်ထားပါတယ်။