ချယ်ဆီးနဲ့ လီဗာပူးတို့ရဲ့ EFL ဖိုင်နယ်ပွဲအတွက် လော်ရိုး သုံးသပ်ခန့်မှန်းချက် ထွက်ပါပြီ

ချယ်ဆီးနဲ့ လီဗာပူးအသင်းတို့ဟာ ဒီတပတ် တနင်္ဂနွေနေ့မှာ ကာရာဘောင်းဖလား ဗိုလ်လုပွဲ ယှဉ်ပြိုင် ကစားရတော့မှာ ဖြစ်ပါတယ်။ ဒီနှစ်သင်းဟာ ဝင်ဘာလေ ကွင်းကြီးမှာ ဖေဖော်ဝါရီ ၂၇ ရက်၊ တနင်္ဂနွေနေ့ ည ၁၁ နာရီမှာ ယှဉ်ပြိုင်ကြရမှာပါ။

ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ်သူ ဖြစ်တဲ့ လော်ရိုးက ချယ်ဆီးနဲ့ လီဗာပူးတို့ရဲ့ လိဂ်ဖလား ဗိုလ်လုပွဲစဉ် အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

” ဒီပွဲကတော့ ကြာကြာကစားရမယ့် ပွဲလို့ ကျနော် ခံစားမိနေတယ်။ လီဗာပူး ဂိုးသမား ကလယ်ဟာက ကွာတားဖိုင်နယ်တုန်းက လက်စတာနဲ့ ပွဲ အပါအဝင် ပင်နယ်တီ အဆုံးအဖြတ်တွေကို သမိုင်းမှတ်တမ်းတင် ကျော်ဖြတ် နေပါတယ်။ ဒီဗိုလ်လုပွဲကလည်း အဲဒီလိုပဲ ပင်နယ်တီထိ သွားမလား ကျနော် တွေးမိနေတာပါ။

ဘယ်အသင်းပဲ နိုင်နိုင် ရလဒ်ကတော့ တော်တော် ကျဉ်းမြောင်းမှာပါ။ ချယ်ဆီးကလည်း သူတို့ ခြေစွမ်း အကောင်းကြီး မဟုတ်နေသည့်တိုင် ဒီပွဲကို ကျော်ဖြတ်ဖို့ သေချာ လုပ်လာမှာပါ။ သူတို့ တိုက်စစ် ခြိမ်းခြောက်မှုက နည်းပါးပေမယ့် သူတို့မှာ ကျစ်လစ်မှု ရှိနေပြီး ရှုံးပွဲလည်း မရှိနေပါဘူး။

လီဗာပူးကတော့ ပြိုင်ပွဲစုံ ၉ ပွဲ ဆက် အနိုင်ရပြီး ပုံစံကောင်း ရနေပါတယ်။ သွင်းဂိုးတွေကလည်း မြူးနေတာပါ။ ဒါပေမယ့် ဝင်ဘာလေမှာတော့ အပြာရောင်တွေကို ချိုးဖျက်ဖို့ သူတို့ စိတ်ရှည်ရဖို့ ရှိပါမယ်။ ” လို့ လော်ရိုးက သုံးသပ် ထားပါတယ်။

ပုံမှန်ပွဲချိန်နဲ့ အချိန်ပို အတွင်းမှာ ၁-၁ သရေကျပြီး ပင်နယ်တီ အဆုံးအဖြတ်မှာမှ လီဗာပူး နိုင်မယ် လို့ လော်ရိုးက ခန့်မှန်း ထားပါတယ်။