ဒီည ချယ်ဆီးနဲ့ လိုင်လီ တို့ ချန်ပီယံလိဂ် ပွဲအတွက် မိုက်ကယ်အိုဝင် သုံးသပ် ခန့်မှန်းချက်

ဒီတပတ် ချန်ပီယံလိဂ် ၁၆သင်း အဆင့် ပွဲစဉ်တွေ ယှဉ်ပြိုင် ကစားကြတော့မှာ ဖြစ်ရာ ချယ်ဆီးအသင်းက လိုင်လီနဲ့ တွေ့ဆုံနေပါတယ်။ ပွဲချိန်ကတော့ ဒီည/ မနက်ဖြန် ဗုဒ္ဓဟူးနေ့ နံနက် ၂း၃၀ နာရီ၊ ချယ်ဆီး အိမ်ကွင်း စတန်းဖို့ ဘရစ်ခ်ျမှာ ကစားကြမှာ ဖြစ်ပါတယ်။

ချယ်ဆီးနဲ့ လိုင်လီအသင်းတို့ ပွဲစဉ် အတွက် နာမည်ကျော် တိုက်စစ်မှုးဟောင်း မိုက်ကယ်အိုဝင်က အခုလို သုံးသပ် ခန့်မှန်း ထားပါတယ်။

အိုဝင်က ” ဒီတပတ် ပထမဆုံး ပွဲကတော့ လက်ရှိ ချန်ပီယံဘွဲ့ကို ကာကွယ်ရမယ့် ချယ်ဆီးရဲ့ ပွဲပါ။ လိုင်လီက ပြီးခဲ့တဲ့ ရာသီ လီဂူးဝမ်း ဗိုလ်စွဲထားတဲ့ အသင်းပါ။ ဒါက အံ့ဖွယ် အောင်မြင်မှု တစ်ခု ဖြစ်ပြီး ဒီနှစ်မှာတော့ သူတို့ ရုန်းကန်နေ ရပါတယ်။ လိုင်လီက ပြည်တွင်းလိဂ် အမှတ်ပေးဇယား အဆင့် ၁၁ နေရာ ရောက်နေပါတယ်။

လိုင်လီအတွက် ဒီ ချန်ပီယံလိဂ် ပွဲက ခြေလှမ်းကြီး တစ်ရပ် လှမ်းရမှာပါ။ အုပ်စုနေ တက်လာအောင်တော့ သူတို့ ကောင်းကောင်း လုပ်ပြနိုင်ခဲ့တယ်။ ဒါပေမယ့် ဒီရာသီ သူတို့ ဒီအဆင့်ကနေ ထပ် မကျော်နိုင်တော့ဘူးလို့ ကျနော် ထင်တယ်။ ” လို့ သုံးသပ်ထားပါတယ်။

မိုက်ကယ်အိုဝင် ခန့်မှန်းရလဒ် ကတော့ ချယ်ဆီး ၂-၀ လိုင်လီ ဖြစ်ပါတယ်။

Zawgyi

ဒီတပတ် ချန်ပီယံလိဂ် ၁၆သင်း အဆင့် ပွဲစဉ်တွေ ယှဉ်ပြိုင် ကစားကြတော့မှာ ဖြစ်ရာ ချယ်ဆီးအသင်းက လိုင်လီနဲ့ တွေ့ဆုံနေပါတယ်။ ပွဲချိန်ကတော့ ဒီည/ မနက်ဖြန် ဗုဒ္ဓဟူးနေ့ နံနက် ၂း၃၀ နာရီ၊ ချယ်ဆီး အိမ်ကွင်း စတန်းဖို့ ဘရစ်ခ်ျမှာ ကစားကြမှာ ဖြစ်ပါတယ်။

ချယ်ဆီးနဲ့ လိုင်လီအသင်းတို့ ပွဲစဉ် အတွက် နာမည်ကျော် တိုက်စစ်မှုးဟောင်း မိုက်ကယ်အိုဝင်က အခုလို သုံးသပ် ခန့်မှန်း ထားပါတယ်။

အိုဝင်က ” ဒီတပတ် ပထမဆုံး ပွဲကတော့ လက်ရှိ ချန်ပီယံဘွဲ့ကို ကာကွယ်ရမယ့် ချယ်ဆီးရဲ့ ပွဲပါ။ လိုင်လီက ပြီးခဲ့တဲ့ ရာသီ လီဂူးဝမ်း ဗိုလ်စွဲထားတဲ့ အသင်းပါ။ ဒါက အံ့ဖွယ် အောင်မြင်မှု တစ်ခု ဖြစ်ပြီး ဒီနှစ်မှာတော့ သူတို့ ရုန်းကန်နေ ရပါတယ်။ လိုင်လီက ပြည်တွင်းလိဂ် အမှတ်ပေးဇယား အဆင့် ၁၁ နေရာ ရောက်နေပါတယ်။

လိုင်လီအတွက် ဒီ ချန်ပီယံလိဂ် ပွဲက ခြေလှမ်းကြီး တစ်ရပ် လှမ်းရမှာပါ။ အုပ်စုနေ တက်လာအောင်တော့ သူတို့ ကောင်းကောင်း လုပ်ပြနိုင်ခဲ့တယ်။ ဒါပေမယ့် ဒီရာသီ သူတို့ ဒီအဆင့်ကနေ ထပ် မကျော်နိုင်တော့ဘူး လို့ ကျနော် ထင်တယ်။ ” လို့ သုံးသပ်ထားပါတယ်။