လူတန်တောင်းနဲ့ ချယ်ဆီးတို့ FA ပွဲအတွက် ဘီဘီစီ လော်ရိုး သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ်

ဒီတပတ် ကြားရက်မှာတော့ အက်ဖ်အေဖလား ပွဲစဉ်တွေ ယှဉ်ပြိုင် ကစားဖို့ ရှိနေပြီး ချယ်ဆီးအသင်းဟာ ချန်ပီယံရှစ် ကလပ် လူတန်တောင်း အသင်းနဲ့ အဝေးကွင်း သွားရောက် ရင်ဆိုင်ရမှာပါ။ ဒီနှစ်သင်းဟာ မတ်လ ၃ရက်၊ ကြာသပတေးနေ့ နံနက် ၁း၄၅ နာရီမှာ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

လူတန်တောင်းနဲ့ ချယ်ဆီးတို့ ပွဲစဉ် အတွက် ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ်သူ လော်ရိုးက အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

” လူတန်ကတော့ ကောင်းမွန်တဲ့ ဖေဖော်ဝါရီလ ပိုင်ဆိုင်ထားခဲ့တာပါ။ ချန်ပီယံရှစ်မှာ ၆ ပွဲ ကစား ၅ ပွဲနိုင်ပြီး စနေနေ့က ဒါဘီကို အနိုင်ယူပြီးနောက် တန်းတက်ခြေစစ်ပွဲ တစ်နေရာ အတွက် ခြေလှမ်းတိုးလာနေပါတယ်။

လူတန်အသင်းရဲ့ လစာ အသုံးစရိတ်ကို ချန်ပီယံရှစ်က တခြားအသင်းတွေနဲ့ ယှဉ်ကြည့်မယ် ဆိုရင် မန်နေဂျာ ဖြစ်တဲ့ နေသန် ဂျုံးစ် တစ်ယောက် ဘယ်လောက် ကောင်းကောင်း လုပ်ပြထားလဲ ဆိုတာ သိနိုင်ပါတယ်။ ကျနောက်ကတော့ ကလပ်အသင်းတွေ အဲဒီလို လုပ်ပြနိုင်တာ သဘောကျတယ်။

ဒါပေမယ့် ဒီတပတ်ပွဲမှာ လူတန်တောင်းက ပြိုင်ဘက်ကို စိတ်ပျက်အောင် လုပ်ပြဖို့ တောင်းဆိုမယ် ဆိုရင် များရာ ကျပါလိမ့်မယ်။

ချယ်ဆီးက တနင်္ဂနွေနေ့ ကာရာဘောင်းဖလား ဖိုင်နယ် ပွဲမှာ လွယ်လွယ်ကူကူ နိုင်ခဲ့မှာလို့ ကျနော် ခံစားမိခဲ့တာ။ နည်းပြ တူချယ်ရဲ့ အသင်းကတော့ ဒီတပတ် လူတန်နဲ့ ပွဲမှာ ပွဲထွက် လူစာရင်း အပြောင်းအလဲတွေ အများကြီး လုပ်ရင်တောင် တော်တော် တောင့်တင်းနေဦးမှာပါ။

ချယ်ဆီးက ပြီးခဲ့တဲ့ရာသီမှာ လူတန်ကို စတုတ္ထအဆင့်မှာ ကျော်ဖြတ်ပြီး ဗိုလ်လုပွဲထိ တက်ခဲ့တာပါ။ ဒီတကြိမ်မှာတော့ ကွင်း မတူပေမယ့် ရလဒ်ကတော့ တူတူပဲ ထွက်လာမယ် လို့ ကျနော် ထင်ပါတယ်။ ” လို့ လော်ရိုးက သုံးသပ်ထားပါတယ်။

လော်ရိုး ခန့်မှန်းရလဒ်ကတော့ လူတန်တောင်း ၁-၂ ချယ်ဆီး ဖြစ်ပါတယ်။