ချယ်ဆီးက ဖလား ၄ လုံး လမ်းကြောင်း ပေါ်မှာ ရှိနေသေးတယ်လို့ ဆိုလိုက်တဲ့ ဇီယက်ချ်

ညက ခရစ္စတယ်ပဲလေ့စ်ကို ၁-၀ နဲ့ နိုင်ခဲ့ အပြီးမှာတော့ ချယ်ဆီးအသင်းရဲ့ အနိုင်ဂိုးရှင် ဇီယက်ကတော့ ပွဲအပြီးမှာ အနိုင်ဂိုးအတွက် ဝမ်းမြောက်ကြောင်း ဆိုခဲ့သလို ချယ်ဆီးက ဖလား ၄ လုံး ရယူနိုင်တဲ့ လမ်းကြောင်းမှာ ရှိသေးတယ် လို့ ဆိုခဲ့ပါတယ်။

” ပွဲက ခက်ခဲတဲ့ ပွဲတစ်ပွဲပါ။ ဂိုး အခွင့်အရေးက တကယ်ကို နည်းနည်းပဲ ရခဲ့တယ်။ ဒါပေမယ့် အကောင်းဆုံး ဖြစ်သွားတာ ကတော့ နောက်ဆုံး မိနစ်မှာ အနိုင်ဂိုး သွင်းလိုက်ရတာပဲ။

ကစားသမားတွေ အတွက်က အသစ်အဆန်း တစ်ခုခု ဆိုရင် ချက်ချင်း အသားကျဖို့ ခက်ခဲတတ်ပါတယ်။ ဒါပေမယ့် ကစားသမားတွေ အနေနဲ့ ပရော်ဖက်ရှင်နယ် ပီပီ ကိုယ် လုပ်နိုင်သမျှ အကုန် လုပ်ရမှာပါပဲ။ အဆုံးမှာတော့ ရလဒ်တွေက စကားပြောတာလေ။

ခက်ခဲမှုတွေက ရှိတယ်။ ဒါပေမယ့် ဒါကြောင့်ပဲ ကျနော်တို့ ဘောလုံး ကစားတယ်၊ ဆုဖလားတွေ ရယူချင်ကြတယ်။ ဒီရာသီမှာ ကျနေ်ာတို့ ဆုဖလား ၂ လုံး ယူပြီးပြီ၊ နောက်ထပ် ယူနိုင်စရာ ၄ လုံး ကျန်ပါသေးတယ်။ ” လို ဇီယက်ချ်က ပွဲအပြီး ဘီဘီစီနဲ့ အင်တာဗျူး မှာ ပြောဆိုခဲ့ပါတယ်။

ချယ်ဆီးဟာ ချန်ပီယံလိဂ်နဲ့ အက်ဖ်အေဖလား ပြိုင်ပွဲတွေမှာ ရှိနေသေးသလို ကာရာဘောင်းဖလားမှာလည်း ဗိုလ်လုပွဲ ရောက်နေပြီ ဖြစ်ပြီး ဒီလကုန် သီတင်းပတ်မှာ လီဗာပူးနဲ့ ဖလားလုရမှာ ဖြစ်ပါတယ်။