ဒီည ပဲလေ့စ် – ချယ်ဆီး ပွဲစဉ် အတွက် မိုက်ကယ်အိုဝင်ရဲ့ သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ်
ချယ်ဆီးအသင်းဟာ ဒီနေ့ စနေနေ့ည ၉း၃၀ နာရီမှာ ပရီးမီးယားလိဂ် ပွဲ အဖြစ် ခရစ္စတယ်ပဲလေ့စ်နဲ့ ရင်ဆိုင် ကစားရမှာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် တိုက်စစ်မှုးဟောင်း မိုက်ကယ် အိုဝင်ကတော့ ဒီပွဲစဉ် အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။
အိုဝင် က – ” ပဲလေစ့် ကစားတာက ဆိုးရွားမနေပါဘူး။ ဒါပေမယ့်လို့ နှစ်ပွဲဆက်တော့ အရေးနိမ့်ထားပါတယ်။ သူတို့ ကံနည်းနည်းကောင်းဖို့ လိုနေပြီး အခွင့်အရေးတွေကို အရယူနိုင်ဖို့လည်း လိုပါတယ်။ သူတို့မှာ တိုက်စစ်ပိုင်း အရည်အချင်းတွေ ရှိတာကြောင့် ရလဒ်တွေ တက်လာမယ်လို့ ထင်ပါတယ်။
ကလပ် ကမ္ဘာ့ဖလား အနိုင်ရပြီးနောက် ချယ်ဆီးက နားရက် တစ်ပတ်အပြည့် ရထားပါတယ်။ သူတို့ ပုံစံကောင်းတွေနဲ့ ပြန်လာနိုင်မယ်လို့ ထင်ပါတယ်။ သူတို့က ကောင်းမွန်တဲ့ လအနည်းငယ်ကို ပိုင်ဆိုင်ထားတယ်။ ဆုဖလား အနည်းငယ် ဆက်ပြီး ကိုင်မြောက်ခွင့်ရရင်လည်း မအံ့သြပါဘူး။
ဒီတပတ် ပွဲက အပြန်အလှန် ကစားမှုတွေ ရှိမယ့် ပွဲ ဆိုပေမယ့် ပဲလေစ့်အတွက်တော့ ချယ်ဆီးက အရည်အချင်းတွေ အပြည့်နဲ့ တောင့်တင်း လွန်းပါတယ်။ ” လို့ သုံးသပ်ထားပါတယ်။
မိုက်ကယ်အိုဝင် ခန့်မှန်းရလဒ် ကတော့ ခရစ္စတယ် ပဲလေစ့် ၁-၂ ချယ်ဆီး ဖြစ်ပါတယ်။
ZG