ဒီနေ့ည ခရစ္စတယ် ပဲလေ့စ်နဲ့ ချယ်ဆီးတို့ ပွဲစဉ်အတွက် ပေါမာဆန်ရဲ့ သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ်

ဒီတပတ် ပရီးမီးယားလိဂ်မှာ ချယ်ဆီးအသင်းဟာ လန်ဒန်မြို့ခံ ခရစ္စတယ်ပဲလေ့စ် နဲ့ တွေ့ဆုံနေပြီး အဝေးကွင်း သွားရောက် ရင်ဆိုင်ရမှာပါ။

နာမည်ကျော် သုံးသပ်သူ ဂန်းနားဟောင်းကြီး ပေါမာဆန်က ပဲလေ့စ်နဲ့ ချယ်ဆီးတို့ ပွဲစဉ် အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

” သိပ်ကိုကောင်းတဲ့ ပွဲတစ်ပွဲပါပဲ။ မိခင်ကလပ်ဖြစ်တဲ့ ချယ်ဆီးကို ရင်ဆိုင်ရာမှာ ကာလယ်ဂါ မပါဝင်နိုင်တာက ပဲလေစ့် အတွက် ကြီးမားတဲ့ နစ်နာမှုပါပဲ။ ကျနော် ပဲလေစ့်ကို အတော်လေး သဘောကျပါတယ်။ ဒီရာသီ ဗီအဲရာ လက်အောက်မှာ သူတို့အသင်းက အတော် ကောင်းကောင်း ကစားနေတာပါ။

ဒါပေမယ့် လို့ ချယ်ဆီးကတော့ သူတို့အတွက် နည်းနည်း များလွန်းနေပါတယ်။ ဒီတပတ်ပွဲက ဂိုးကွာခြားချက် ကြီးကြီးမားမား ထွက်ပေါ်လာမယ် လို့ မထင်မိပါဘူး။ ဒါပေမယ့် ဒီပွဲမှာ ချယ်ဆီးအသင်း အနိုင်ရမယ်လို့ ထင်ပါတယ်။

မောင့် ဒဏ်ရာ ရနေတာကလည်း တူချယ်အတွက် ကြီးမားတဲ့ နစ်နာမှုပါ။ ဒါပေမယ့်လို့ ဒီအခြေအနေမှာ ချယ်ဆီးရဲ့ တိုက်စစ်အတွက် ဇီယက်စ်၊ လူကာကူ၊ ဟာဗက် စ်တို့ကိုပဲ ရွေးချယ်မှာပါ။ ” လို့ ပေါမာဆန် က သုံးသပ် လိုက်ပါတယ်။

ပေါမာဆန် ခန့်မှန်းရလဒ် ကတော့ ခရစ္စတယ်ပဲလေစ့် ၁-၂ ချယ်ဆီး ဖြစ်ပါတယ်။ ပွဲချိန်ကတော့ ဒီနေ့ စနေနေ့ည ၉း၃၀ နာရီ ဖြစ်ပါတယ်။

ZG

ဒီတပတ္ ပရီးမီးယားလိဂ္မွာ ခ်ယ္ဆီးအသင္းဟာ လန္ဒန္ၿမိဳ႕ခံ ခရစၥတယ္ပဲေလ့စ္ နဲ႔ ေတြ႕ဆုံေနၿပီး အေဝးကြင္း သြားေရာက္ ရင္ဆိုင္ရမွာပါ။

နာမည္ေက်ာ္ သုံးသပ္သူ ဂန္းနားေဟာင္းႀကီး ေပါမာဆန္က ပဲေလ့စ္နဲ႔ ခ်ယ္ဆီးတို႔ ပြဲစဥ္ အတြက္ အခုလို သုံးသပ္ ခန႔္မွန္းထားပါတယ္။

” သိပ္ကိုေကာင္းတဲ့ ပြဲတစ္ပြဲပါပဲ။ မိခင္ကလပ္ျဖစ္တဲ့ ခ်ယ္ဆီးကို ရင္ဆိုင္ရာမွာ ကာလယ္ဂါ မပါဝင္ႏိုင္တာက ပဲေလစ့္ အတြက္ ႀကီးမားတဲ့ နစ္နာမႈပါပဲ။ က်ေနာ္ ပဲေလစ့္ကို အေတာ္ေလး သေဘာက်ပါတယ္။ ဒီရာသီ ဗီအဲရာ လက္ေအာက္မွာ သူတို႔အသင္းက အေတာ္ ေကာင္းေကာင္း ကစားေနတာပါ။

ဒါေပမယ့္ လို႔ ခ်ယ္ဆီးကေတာ့ သူတို႔အတြက္ နည္းနည္း မ်ားလြန္းေနပါတယ္။ ဒီတပတ္ပြဲက ဂိုးကြာျခားခ်က္ ႀကီးႀကီးမားမား ထြက္ေပၚလာမယ္ လို႔ မထင္မိပါဘူး။ ဒါေပမယ့္ ဒီပြဲမွာ ခ်ယ္ဆီးအသင္း အႏိုင္ရမယ္လို႔ ထင္ပါတယ္။

ေမာင့္ ဒဏ္ရာ ရေနတာကလည္း တူခ်ယ္အတြက္ ႀကီးမားတဲ့ နစ္နာမႈပါ။ ဒါေပမယ့္လို႔ ဒီအေျခအေနမွာ ခ်ယ္ဆီးရဲ႕ တိုက္စစ္အတြက္ ဇီယက္စ္၊ လူကာကူ၊ ဟာဗက္ စ္တို႔ကိုပဲ ေ႐ြးခ်ယ္မွာပါ။ ” လို႔ ေပါမာဆန္ က သုံးသပ္ လိုက္ပါတယ္။

ေပါမာဆန္ ခန႔္မွန္းရလဒ္ ကေတာ့ ခရစၥတယ္ပဲေလစ့္ ၁-၂ ခ်ယ္ဆီး ျဖစ္ပါတယ္။ ပြဲခ်ိန္ကေတာ့ ဒီေန႔ စေနေန႔ည ၉း၃၀ နာရီ ျဖစ္ပါတယ္။