ကလပ်ကမ္ဘာ့ဖလား ယူဖို့ ခြေတစ်လှမ်းတိုးသွားတဲ့ ချယ်ဆီး (သို့) အယ်လ်ဟီလယ် ဝ-၁ ချယ်ဆီး

ချယ်ဆီး အသင်းဟာ မနေ့ညက ကလပ်ကမ္ဘာ့ဖလား အကြိုဗိုလ်လုပွဲအဖြစ် အယ်လ်ဟီလယ် အသင်းနဲ့ ကစားခဲ့ရာ တဂိုး-ဂိုးမရှိနဲ့ အနိုင်ရပြီး ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့ပြီဖြစ်ပါတယ်။ ချယ်ဆီးအတွက် တလုံးတည်းသော ဂိုးကို တိုက်စစ်မှုး လူကာကူ က သွင်းယူခဲ့တာပါ။

လူကာကူ အတွက်တော့ ဒီရာသီ ချယ်လ်ဆီး အတွက် သွင်းယူခဲ့တဲ့ (၉)ဂိုးမြောက်ဂိုးလည်းဖြစ်ခဲ့ပါတယ်။ ဘယ်လ်ဂျီယံ ကစားသမား ဟာ (၆)ပွဲဆက် ဂိုးပေါက်ပျောက်ဆုံးနေတာကိုလည်း အဆုံးသတ်နိုင်ခဲ့တာဖြစ်ပါတယ်။

လူကာကူ ဟာ ဒီပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် ဂိုးသွင်းခွင့်ရနိုင်မယ့် အခွင့်အရေး အများအပြားကို လွဲချော်ခဲ့တာပါ။ ဒီပွဲမှာ အယ်လ်ဟီလယ် အသင်းဘက်က မာရီဂါနဲ့ အစ်ဟာလို တို့ကလည်း ဂိုးသွင်းနိုင်ဖို့ ခြိမ်းခြောက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဒါပေမယ့် ချယ်ဆီးဂိုးသမား ကီပါ လက်စွမ်းပြ ကာကွယ်နိုင်ခဲ့တာကြောင့် ချယ်ဆီး အသင်းဟာ ကလပ်ကမ္ဘာ့ဖလား ဗိုလ်လုပွဲကို ဒုတိယအကြိမ်မြောက် အဖြစ် တက်နိုင်ခဲ့တာဖြစ်ပါတယ်။

ချယ်ဆီး အသင်းဟာ အသင်းပိုင်ရှင် အေဘရာမိုဗစ်ခ်ျ လက်ထက်မှာ ချန်ပီယံလိဂ် အပါအဝင် ဆုဖလား အများအပြား ရယူထားနိုင်ခဲ့ပေမယ့် ကလပ်ကမ္ဘာ့ဖလား တော့ ရယူထားနိုင်ခြင်း မရှိသေးပါဘူး။ အဲ့ဒါကြောင့် ဒီတကြိမ်မှာတော့ အရယူနိုင်ဖို့ ပစ်မှတ်ထားနေတာဖြစ်ပါတယ်။

ချယ်ဆီး အသင်းဟာ ဗိုလ်လုပွဲအဖြစ် ပယ်လ်မီးရတ်စ် အသင်းနဲ့ ယှဉ်ပြိုင်ရမှာလည်းဖြစ်ပါတယ်။ အသင်းနည်းပြ တူချယ်လ် ဟာ ကိုဗစ်ကူးစက်ခံနေရတဲ့ အတွက် ဒီပွဲကိုလည်း မကြီးကြပ်နိုင်ခဲ့သလို ဗိုလ်လုပွဲကိုလည်း ကြီးကြပ်နိုင်ဖို့ မသေချာသေးဘူးလို့ သိရပါတယ်။

ZG

ခ်ယ္ဆီး အသင္းဟာ မေန႔ညက ကလပ္ကမာၻ႔ဖလား အႀကိဳဗိုလ္လုပြဲအျဖစ္ အယ္လ္ဟီလယ္ အသင္းနဲ႔ ကစားခဲ့ရာ တဂိုး-ဂိုးမရွိနဲ႔ အႏိုင္ရၿပီး ဗိုလ္လုပြဲသို႔ တက္ေရာက္ခဲ့ၿပီျဖစ္ပါတယ္။ ခ်ယ္ဆီးအတြက္ တလုံးတည္းေသာ ဂိုးကို တိုက္စစ္မႈး လူကာကူ က သြင္းယူခဲ့တာပါ။

လူကာကူ အတြက္ေတာ့ ဒီရာသီ ခ်ယ္လ္ဆီး အတြက္ သြင္းယူခဲ့တဲ့ (၉)ဂိုးေျမာက္ဂိုးလည္းျဖစ္ခဲ့ပါတယ္။ ဘယ္လ္ဂ်ီယံ ကစားသမား ဟာ (၆)ပြဲဆက္ ဂိုးေပါက္ေပ်ာက္ဆုံးေနတာကိုလည္း အဆုံးသတ္ႏိုင္ခဲ့တာျဖစ္ပါတယ္။

လူကာကူ ဟာ ဒီပြဲမွာ ဂိုးသြင္းယူႏိုင္ခဲ့ေပမယ့္ ဂိုးသြင္းခြင့္ရႏိုင္မယ့္ အခြင့္အေရး အမ်ားအျပားကို လြဲေခ်ာ္ခဲ့တာပါ။ ဒီပြဲမွာ အယ္လ္ဟီလယ္ အသင္းဘက္က မာရီဂါနဲ႔ အစ္ဟာလို တို႔ကလည္း ဂိုးသြင္းႏိုင္ဖို႔ ၿခိမ္းေျခာက္မႈေတြ ျပဳလုပ္ခဲ့ပါတယ္။

ဒါေပမယ့္ ခ်ယ္ဆီးဂိုးသမား ကီပါ လက္စြမ္းျပ ကာကြယ္ႏိုင္ခဲ့တာေၾကာင့္ ခ်ယ္ဆီး အသင္းဟာ ကလပ္ကမာၻ႔ဖလား ဗိုလ္လုပြဲကို ဒုတိယအႀကိမ္ေျမာက္ အျဖစ္ တက္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ခ်ယ္ဆီး အသင္းဟာ အသင္းပိုင္ရွင္ ေအဘရာမိုဗစ္ခ္် လက္ထက္မွာ ခ်န္ပီယံလိဂ္ အပါအဝင္ ဆုဖလား အမ်ားအျပား ရယူထားႏိုင္ခဲ့ေပမယ့္ ကလပ္ကမာၻ႔ဖလား ေတာ့ ရယူထားႏိုင္ျခင္း မရွိေသးပါဘူး။ အဲ့ဒါေၾကာင့္ ဒီတႀကိမ္မွာေတာ့ အရယူႏိုင္ဖို႔ ပစ္မွတ္ထားေနတာျဖစ္ပါတယ္။

ခ်ယ္ဆီး အသင္းဟာ ဗိုလ္လုပြဲအျဖစ္ ပယ္လ္မီးရတ္စ္ အသင္းနဲ႔ ယွဥ္ၿပိဳင္ရမွာလည္းျဖစ္ပါတယ္။ အသင္းနည္းျပ တူခ်ယ္လ္ ဟာ ကိုဗစ္ကူးစက္ခံေနရတဲ့ အတြက္ ဒီပြဲကိုလည္း မႀကီးၾကပ္ႏိုင္ခဲ့သလို ဗိုလ္လုပြဲကိုလည္း ႀကီးၾကပ္ႏိုင္ဖို႔ မေသခ်ာေသးဘူးလို႔ သိရပါတယ္။