ချယ်ဆီး တစ်ခါမှ မရဖူးသေးတဲ့ ဖလားကို ဒီနှစ် အရယူကြဖို့ တွန်းအားပေးလိုက်တဲ့ ကွီတာ

ချယ်ဆီး အသင်းခေါင်းဆောင် ကွီတာက လန်ဒန်ကလပ်ရဲ့ ဆုဖလား ဗီဒိုထဲမှာ မရှိဖူးသေးတဲ့ ဖလား တစ်လုံးကို ဒီနှစ် အရယူဖို့ စိတ်အားထက်သန်နေပါတယ်။ ချယ်ဆီး မရဖူးသေးတာကတော့ ဖီဖာ ကလပ်ကမ္ဘာ့ဖလား ပဲ ဖြစ်ပါတယ်။

ကွီတာဟာ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်၊ ဥရောပစူပါဖလား၊ အက်ဖ်အေဖလားနဲ့ လိဂ်ဖလား တို့ ဗိုလ်စွဲဖူးပေမယ့် ကလပ်ကမ္ဘာ့ဖလား ဆုတံဆိပ်ကိုပါ ထပ်မံပေါင်းထည့်နိုင်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။

၂၀၁၂ မှာ ချန်ပီယံလိဂ် ဗိုလ်စွဲခဲ့တဲ့ ချယ်ဆီးအသင်းဟာ ထိုနှစ်က ကလပ်ကမ္ဘာ့ဖလား ဖိုင်နယ်မှာ ကိုရင်သီယန်ကို ရှုံးနိမ့်ခဲ့ပြီး အသင်းသမိုင်းမှာ ကလပ်ကမ္ဘာဖလားက မပါဝင်နိုင်သေးဘဲ ရှိနေတာပါ။

“ လူတိုင်းက ကလပ်မှာ သူတို့ရဲ့ ကိုယ်ပိုင် သမိုင်းကို ဖန်တီးဖို့ ကြိုးစားကြတယ်လို့ ထင်ပါတယ်။ ဒီကလပ်ရဲ့ ဖလားပြတိုက်မှာ ဖလားအရေအတွက် တိုးအောင် ကူညီဖို့ ကြိုးစားခဲ့တဲ့ ကမ္ဘာ့အဆင့် ကစားသမားများစွာကို လွန်ခဲ့တဲ့ နှစ်များစွာအတွင်း ကျွန်တော်တို့ မြင်ခဲ့ရပါတယ်။

အခု ကျွန်တော်တို့ဟာ အသင်းမှာ ဘယ်သူမှ မရခဲ့ဖူးတဲ့ ဖလားတစ်လုံးကို အောင်မြင်ဖို့၊ သမိုင်းတစ်ခုကို ဖန်တီးဖို့ အခွင့်အရေး ရှိနေပါပြီ။ ကျွန်တော်တို့က ဒါကို လုပ်နိုင်တဲ့သူတွေဖြစ်ဖို့ မျှော်လင့်ပါတယ်။ ဒီပြိုင်ပွဲမှာ ပါဝင်ရဖို့က အရမ်းခက်တယ်။ ၁၀ နှစ်ကြာအပြီးမှာ ဒါက ဘယ်လောက် ခက်တယ်ဆိုတာ နားလည်လာမှာပါ။

ကျွန်တော်တို့ဟာ အဲ့ဒီ့တုန်းက ကိုရင်သီယန်နဲ့ ဖိုင်နယ်ကို ရှုံးနိမ့်ခဲ့တယ်။ ၂၀၁၂ မှာ ရှုံးနိမ့်တာက အရမ်းကို နာကျင်ရတယ်။ အဲ့ဒါက ကျွန်တော်တို့ မအောင်မြင်ခဲ့တဲ့ တစ်ခုတည်းသော ပြိုင်ပွဲပါ။

ကလပ်အတွက် ပထမဆုံး အကြိမ်အဖြစ် ဒီဖလား ရယူပေးဖို့က သိပ်ကြီးမားတဲ့ ကိစ္စပါ။ ဒီဖလားက အားလုံးအတွက်၊ ပရိသတ်တွေအတွက် ကြီးကျယ်တဲ့ အဓိပ္ပါယ်ရှိတယ်။

ကျွန်တော်တို့က ဥရောပကို ကိုယ်စားပြုနေတာပါ။ တခါတလေ နိုင်မယ်၊ တခါတလေ ရှုံးမယ်။ ဒါပေမယ့် ဒီလို ဖလားပြိုင်ပွဲတွေက နေ့တိုင်း ကစားရတဲ့ ပုံမှန်ဖလားပွဲမျိုးနဲ့ မတူဘူး။ ဒါက ဘယ်လောက် ခက်ခဲတယ်ဆိုတာ လူတိုင်းနားလည်ပါတယ်။ ကျွန်တော်တို့ အခွင့်အရေးကို လွဲချော်လို့ မရပါဘူး”လို့ ကွီတာက ဆိုခဲ့ပါတယ်။

ZG

ခ်ယ္ဆီး အသင္းေခါင္းေဆာင္ ကြီတာက လန္ဒန္ကလပ္ရဲ႕ ဆုဖလား ဗီဒိုထဲမွာ မရွိဖူးေသးတဲ့ ဖလား တစ္လံုးကို ဒီနွစ္ အရယူဖို႔ စိတ္အားထက္သန္ေနပါတယ္။ ခ်ယ္ဆီး မရဖူးေသးတာကေတာ့ ဖီဖာ ကလပ္ကမာၻ႔ဖလား ပဲ ျဖစ္ပါတယ္။

ကြီတာဟာ ပရီးမီးယားလိဂ္၊ ခ်န္ပီယံလိဂ္၊ ယူ႐ိုပါလိဂ္၊ ဥေရာပစူပါဖလား၊ အက္ဖ္ေအဖလားနဲ႔ လိဂ္ဖလား တို႔ ဗိုလ္စြဲဖူးေပမယ့္ ကလပ္ကမာၻ႔ဖလား ဆုတံဆိပ္ကိုပါ ထပ္မံေပါင္းထည့္ႏိုင္ဖို႔ ေမွ်ာ္လင့္ေနတာ ျဖစ္ပါတယ္။

၂၀၁၂ မွာ ခ်န္ပီယံလိဂ္ ဗိုလ္စြဲခဲ့တဲ့ ခ်ယ္ဆီးအသင္းဟာ ထိုနွစ္က ကလပ္ကမာၻ႔ဖလား ဖိုင္နယ္မွာ ကိုရင္သီယန္ကို ရႈံးနိမ့္ခဲ့ၿပီး အသင္းသမိုင္းမွာ ကလပ္ကမာၻဖလားက မပါဝင္နိုင္ေသးဘဲ ရွိေနတာပါ။

“ လူတိုင္းက ကလပ္မွာ သူတို႔ရဲ႕ ကိုယ္ပိုင္ သမိုင္းကို ဖန္တီးဖို႔ ႀကိဳးစားၾကတယ္လို႔ ထင္ပါတယ္။ ဒီကလပ္ရဲ႕ ဖလားျပတိုက္မွာ ဖလားအေရအတြက္ တိုးေအာင္ ကူညီဖို႔ ႀကိဳးစားခဲ့တဲ့ ကမာၻ႔အဆင့္ ကစားသမားမ်ားစြာကို လြန္ခဲ့တဲ့ ႏွစ္မ်ားစြာအတြင္း ကြၽန္ေတာ္တို႔ ျမင္ခဲ့ရပါတယ္။

အခု ကြၽန္ေတာ္တို႔ဟာ အသင္းမွာ ဘယ္သူမွ မရခဲ့ဖူးတဲ့ ဖလားတစ္လုံးကို ေအာင္ျမင္ဖို႔၊ သမိုင္းတစ္ခုကို ဖန္တီးဖို႔ အခြင့္အေရး ရွိေနပါၿပီ။ ကြၽန္ေတာ္တို႔က ဒါကို လုပ္ႏိုင္တဲ့သူေတြျဖစ္ဖို႔ ေမွ်ာ္လင့္ပါတယ္။ ဒီၿပိဳင္ပြဲမွာ ပါဝင္ရဖို႔က အရမ္းခက္တယ္။ ၁၀ ႏွစ္ၾကာအၿပီးမွာ ဒါက ဘယ္ေလာက္ ခက္တယ္ဆိုတာ နားလည္လာမွာပါ။

ကြၽန္ေတာ္တို႔ဟာ အဲ့ဒီ့တုန္းက ကိုရင္သီယန္နဲ႔ ဖိုင္နယ္ကို ရႈံးနိမ့္ခဲ့တယ္။ ၂၀၁၂ မွာ ရႈံးနိမ့္တာက အရမ္းကို နာက်င္ရတယ္။ အဲ့ဒါက ကြၽန္ေတာ္တို႔ မေအာင္ျမင္ခဲ့တဲ့ တစ္ခုတည္းေသာ ၿပိဳင္ပြဲပါ။

ကလပ္အတြက္ ပထမဆုံး အႀကိမ္အျဖစ္ ဒီဖလား ရယူေပးဖို႔က သိပ္ႀကီးမားတဲ့ ကိစၥပါ။ ဒီဖလားက အားလုံးအတြက္၊ ပရိသတ္ေတြအတြက္ ႀကီးက်ယ္တဲ့ အဓိပၸါယ္ရွိတယ္။

ကြၽန္ေတာ္တို႔က ဥေရာပကို ကိုယ္စားျပဳေနတာပါ။ တခါတေလ ႏိုင္မယ္၊ တခါတေလ ရႈံးမယ္။ ဒါေပမယ့္ ဒီလို ဖလားၿပိဳင္ပြဲေတြက ေန႔တိုင္း ကစားရတဲ့ ပုံမွန္ဖလားပြဲမ်ိဳးနဲ႔ မတူဘူး။ ဒါက ဘယ္ေလာက္ ခက္ခဲတယ္ဆိုတာ လူတိုင္းနားလည္ပါတယ္။ ကြၽန္ေတာ္တို႔ အခြင့္အေရးကို လြဲေခ်ာ္လို႔ မရပါဘူး”လို႔ ကြီတာက ဆိုခဲ့ပါတယ္။