ပရီးမီးယားလိဂ် တစ်လတာ အကောင်းဆုံး သွင်းဂိုးဆု ရှင် ကိုဗာဆစ်ရဲ့ ဝမ်းမြောက်စကား

ပရီးမီးယားလိဂ်ရဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီလ အကောင်းဆုံး သွင်းဂိုးဆုအား ချယ်ဆီး ကွင်းလယ်လူ ကိုဗာဆစ်က ရရှိသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂ရက် လီဗာပူးနဲ့ ၂-၂ သရေကျတဲ့ပွဲမှာ ကိုဗာဆစ်ဟာ စည်းထိပ်ကနေ အမြောက်ဘော မြေမကျ လှလှပပ ကန်သွင်းယူခဲ့တာ ဖြစ်ပြီး အကောင်းဆုံးသွင်းဂိုးအဖြစ် သတ်မှတ်ခံခဲ့ရခြင်း ဖြစ်ပါတယ်။

ဒီ ဆုကို ရရှိမယ်လို့ မထင်မှတ်မိဘဲ ဆွတ်ခူးခဲ့တဲ့အပေါ် အံ့သြ ဝမ်းသာဖြစ်ခဲ့ရတယ်လို့ ဆု လက်ခံရင်း ကိုဗာဆစ်က မှတ်ချက်ပြုစကား ဆိုခဲ့ပါတယ်။

သွင်းဂိုးအပေါ်မှာ ကိုဗာဆစ်က – “ကျွန်တော်က လီဗာပူးရဲ့ တန်ပြန်တိုက်စစ်ကိုဘဲ ဟန့်တားဖို့ စဉ်းစားနေတာပါ။ ဆိုတော့ ဂိုးပေါက်ကိုဘဲ ကြိုးစားပြီ ကန်ထည့်လိုက်တယ်။ ဘောလုံးက လေထဲကနေ ပြန်ကျလာတဲ့အတွက် ကန်ရတာ အလွန်ခက်ပါတယ်။

ဒါပေမဲ့ ထိချက်ကောင်းခဲ့ပြီး ကံကောင်းတာက ဂိုးထဲ ဝင်သွားတယ်။ ကန်ရတာ ခက်ပါတယ်။ ကျွန်တော့်ရဲ့ အကောင်းဆုံး ဂိုးလည်း ဖြစ်ခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ လီဗာပူးနဲ့ကစားတဲ့ အရေးပါတဲ့ ပရီးမီးယားလိဂ်ပွဲ ဖြစ်နေလို့ပါ” ဟု ပြောကြားခဲ့ပါတယ်။

အဆိုပါဆုအား ပရိသတ်တွေက မဲပေးခဲ့တာ ဖြစ်ပြီး ဇန်ဝါရီလအတွင်း ထူးခြားစွာ အကောင်းဆုံး သွင်းဂိုး အများအပြား ရှိခဲ့ပါတယ်။

ဆန်ခါတင် ၇ဂိုးတွင် ဝုဗ်ကို ၃-၁ဂိုးဖြင့် ရှုံးတဲ့ပွဲမှာ သွင်းခဲ့တဲ့ ဝက်စ်ပရော့ရဲ့ ဂိုး၊ မန်စီးတီးနဲ့ ပွဲမှာ သွင်းယူတဲ့ ဆောက်သမ်တန် နောက်ခံလူ ပီတာဝေါ်ကာရဲ့ဂိုး၊ တော့တင်ဟမ်နဲ့ပွဲမှာ သွင်းယူတဲ့ ဇီယက်ချ်ရဲ့ သွင်းဂိုး၊ ဝက်ဖို့ဒ်နဲ့ပွဲမှာ သွင်းယူတဲ့ ဆားဂျန့်ရဲ့ ဂိုးတွေဟာလည်း တစ်လတာ အကောင်းဆုံး သွင်းဂိုးဆုနဲ့ ရထိုက်တဲ့ ဂိုးတွေ ဖြစ်ခဲ့ပါတယ်။

ZG

ပရီးမီးယားလိဂ္ရဲ႕ ျပီးခဲ့တဲ့ ဇန္နဝါရီလ အေကာင္းဆုံး သြင္းဂိုးဆုအား ခ်ယ္ဆီး ကြင္းလယ္လူ ကိုဗာဆစ္က ရရွိသြားခဲ့ပါတယ္။

ျပီးခဲ့တဲ့ ဇန္နဝါရီလ ၂ရက္ လီဗာပူးနဲ႔ ၂-၂ သေရက်တဲ့ပြဲမွာ ကိုဗာဆစ္ဟာ စည္းထိပ္ကေန အေျမာက္ေဘာ ေျမမက် လွလွပပ ကန္သြင္းယူခဲ့တာ ျဖစ္ၿပီး အေကာင္းဆုံးသြင္းဂိုးအျဖစ္ သတ္မွတ္ခံခဲ့ရျခင္း ျဖစ္ပါတယ္။

ဒီ ဆုကို ရရွိမယ္လို႔ မထင္မွတ္မိဘဲ ဆြတ္ခူးခဲ့တဲ့အေပၚ အံ့ၾသ ဝမ္းသာျဖစ္ခဲ့ရတယ္လို႔ ဆု လက္ခံရင္း ကိုဗာဆစ္က မွတ္ခ်က္ျပဳစကား ဆိုခဲ့ပါတယ္။

သြင္းဂိုးအေပၚမွာ ကိုဗာဆစ္က – “ကြၽန္ေတာ္က လီဗာပူးရဲ႕ တန္ျပန္တိုက္စစ္ကိုဘဲ ဟန႔္တားဖို႔ စဥ္းစားေနတာပါ။ ဆိုေတာ့ ဂိုးေပါက္ကိုဘဲ ႀကိဳးစားၿပီ ကန္ထည့္လိုက္တယ္။ ေဘာလုံးက ေလထဲကေန ျပန္က်လာတဲ့အတြက္ ကန္ရတာ အလြန္ခက္ပါတယ္။

ဒါေပမဲ့ ထိခ်က္ေကာင္းခဲ့ၿပီး ကံေကာင္းတာက ဂိုးထဲ ဝင္သြားတယ္။ ကန္ရတာ ခက္ပါတယ္။ ကြၽန္ေတာ့္ရဲ႕ အေကာင္းဆုံး ဂိုးလည္း ျဖစ္ခဲ့ပါတယ္။ ဘာလို႔လဲဆိုေတာ့ လီဗာပူးနဲ႔ကစားတဲ့ အေရးပါတဲ့ ပရီးမီးယားလိဂ္ပြဲ ျဖစ္ေနလို႔ပါ” ဟု ေျပာၾကားခဲ့ပါတယ္။

အဆိုပါဆုအား ပရိသတ္ေတြက မဲေပးခဲ့တာ ျဖစ္ၿပီး ဇန္ဝါရီလအတြင္း ထူးျခားစြာ အေကာင္းဆုံး သြင္းဂိုး အမ်ားအျပား ရွိခဲ့ပါတယ္။

ဆန္ခါတင္ ၇ဂိုးတြင္ ဝုဗ္ကို ၃-၁ဂိုးျဖင့္ ရႈံးတဲ့ပြဲမွာ သြင္းခဲ့တဲ့ ဝက္စ္ပေရာ့ရဲ႕ ဂိုး၊ မန္စီးတီးနဲ႔ ပြဲမွာ သြင္းယူတဲ့ ေဆာက္သမ္တန္ ေနာက္ခံလူ ပီတာေဝၚကာရဲ႕ဂိုး၊ ေတာ့တင္ဟမ္နဲ႔ပြဲမွာ သြင္းယူတဲ့ ဇီယက္ခ်္ရဲ႕ သြင္းဂိုး၊ ဝက္ဖို႔ဒ္နဲ႔ပြဲမွာ သြင္းယူတဲ့ ဆားဂ်န႔္ရဲ႕ ဂိုးေတြဟာလည္း တစ္လတာ အေကာင္းဆုံး သြင္းဂိုးဆုနဲ႔ ရထိုက္တဲ့ ဂိုးေတြ ျဖစ္ခဲ့ပါတယ္။