စနေနေ့ ပဲလေ့စ်နဲ့ ချယ်ဆီးတို့ ပွဲစဉ် အတွက် ဘီဘီစီ လော်ရိုးရဲ့ သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ်

ချယ်ဆီးက ဒီတပတ်မှာ လန်ဒန်မြို့ခံ တစ်သင်းပဲ ဖြစ်တဲ့ ခရစ္စတယ်ပဲလေ့စ် နဲ့ တွေ့ဆုံနေပြီး အဝေးကွင်း သွားရောက် ရင်ဆိုင်ရမှာပါ။ ပွဲချိန်ကတော့ မနက်ဖြန် စနေနေ့ည ၉း၃၀ နာရီမှာ ဖြစ်ပါတယ်။

ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ်သူ ဖြစ်တဲ့ လော်ရိုးက ပဲလေ့စ်နဲ့ ချယ်ဆီးတို့ ပွဲစဉ် အတွက် အခုလို သုံးသပ် ခန့်မျန်းထားပါတယ်။

လော်ရိုး က – ” ရလဒ်ပိုင်းမှာတော့ ပဲလေစ့်ဟာ အဆိုးရွားဆုံး အခြေအနေကို ရောက်နေတာပါ။ ပြီးခဲ့တဲ့ လိဂ်ပွဲ ၅ ပွဲမှာ နိုင်ပွဲကို မရှိဘဲ ရမှတ် ၃ မှတ်ကိုပဲ ရယူထားနိုင်တယ်။ ဒါပေမယ့် သူတို့အသင်း ကစားနေတာက အရမ်း မဆိုးပါဘူး။ တန်းဆင်းဇုန် အန္တရာယ်လည်း မရှိပါဘူး။

ချယ်ဆီးက ဇန်နဝါရီလ ၂၂ ရက်နေ့ နောက်ပိုင်း ပရီးမီးယားလိဂ်ပွဲ ကစားထားရခြင်း မရှိပါဘူး။ ဒါပေမယ့်လို့ သူတို့က ကလပ် ကမ္ဘာဖလား အနိုင်ရပြီးတည်းက တစ်ပတ်လောက် နားရက် ရထားတာမို့ ဒီပွဲကို လန်းဆန်းစွာ ယှဉ်ပြိုင် သွားနိုင်ဖို့ အဆင်သင့်ဖြစ်နေမှာပါ။

ရာသီစတုန်းက အိမ်ကွင်းမှာ ချယ်ဆီးက ပဲလေစ့်ကို ၃-၀ ဖြင့် အနိုင်ရခဲ့တယ်။ ဒီတစ်ကြိမ်တော့ ပိုပြီး အကြိတ်အနယ် ရှိမယ်လို့ ထင်မိပေမယ့် ချယ်ဆီးကပဲ အနိုင်သုံးမှတ် ရယူသွားမှာပါ။” လို့ သုံးသပ်ထားပါတယ်။

လော်ရိုး ခန့်မှန်းရလဒ်ကတော့ ခရစ္စတယ်ပဲလေ့စ် ၁-၂ ချယ်ဆီး ဖြစ်ပါတယ်။

Zawgyi

ခ်ယ္ဆီးက ဒီတပတ္မွာ လန္ဒန္ျမိဳ႕ခံ တစ္သင္းပဲ ျဖစ္တဲ့ ခရစၥတယ္ပဲေလ့စ္ နဲ႕ ေတြ႔ဆံုေနျပီး အေဝးကြင္း သြားေရာက္ ရင္ဆုိင္ရမွာပါ။ ပြဲခ်ိန္ကေတာ့ မနက္ျဖန္ စေနေန႔ည ၉း၃၀ နာရီမွာ ျဖစ္ပါတယ္။

ဘီဘီစီ သတင္းဌာနမွ ပင္တိုင္ သံုးသပ္သူ ျဖစ္တဲ့ ေလာ္ရိုးက ပဲေလ့စ္နဲ႕ ခ်ယ္ဆီးတို႔ ပြဲစဥ္ အတြက္ အခုလို သံုးသပ္ ခန္႔မ်န္းထားပါတယ္။

ေလာ္ရိုး က – ” ရလဒ္ပိုင္းမွာေတာ့ ပဲေလစ့္ဟာ အဆိုး႐ြားဆုံး အေျခအေနကို ေရာက္ေနတာပါ။ ၿပီးခဲ့တဲ့ လိဂ္ပြဲ ၅ ပြဲမွာ ႏိုင္ပြဲကို မရွိဘဲ ရမွတ္ ၃ မွတ္ကိုပဲ ရယူထားႏိုင္တယ္။ ဒါေပမယ့္ သူတို႔အသင္း ကစားေနတာက အရမ္း မဆိုးပါဘူး။ တန္းဆင္းဇုန္ အႏၲရာယ္လည္း မရွိပါဘူး။

ခ်ယ္ဆီးက ဇန္နဝါရီလ ၂၂ ရက္ေန႔ ေနာက္ပိုင္း ပရီးမီးယားလိဂ္ပြဲ ကစားထားရျခင္း မရွိပါဘူး။ ဒါေပမယ့္လို႔ သူတို႔က ကလပ္ ကမာၻဖလား အႏိုင္ရၿပီးတည္းက တစ္ပတ္ေလာက္ နားရက္ ရထားတာမို႔ ဒီပြဲကို လန္းဆန္းစြာ ယွဥ္ၿပိဳင္ သြားႏိုင္ဖို႔ အဆင္သင့္ျဖစ္ေနမွာပါ။

ရာသီစတုန္းက အိမ္ကြင္းမွာ ခ်ယ္ဆီးက ပဲေလစ့္ကို ၃-၀ ျဖင့္ အႏိုင္ရခဲ့တယ္။ ဒီတစ္ႀကိမ္ေတာ့ ပိုၿပီး အၾကိတ္အနယ္ ရွိမယ္လို႔ ထင္မိေပမယ့္ ခ်ယ္ဆီးကပဲ အႏိုင္သုံးမွတ္ ရယူသြားမွာပါ။” လို႔ သံုးသပ္ထားပါတယ္။

ေလာ္ရိုး ခန္႔မွန္းရလဒ္ကေတာ့ ခရစၥတယ္ပဲေလ့စ္ ၁-၂ ခ်ယ္ဆီး ျဖစ္ပါတယ္။