အင်တာ ပရိသတ်တွေကို တောင်းပန်ပြီး ခုမှ အီတလီပြန်ချင်တယ် လုပ်နေတဲ့ ချယ်ဆီး တိုက်စစ်မှုး လူကာကူ

လူကာကူဟာ ပြီးခဲ့တဲ့ နွေကမှ ကလပ် စံချိန်တင် ပြောင်းရွှေ့ကြေး ယူရိုသန်း ၁၀၀ နဲ့ အင်တာမီလန် အသင်းကနေ ချယ်ဆီး အသင်းထံ ပြန်လည် ပြောင်းရွှေ့လာခဲ့သူပါ။

ချယ်ဆီးမှာ ဦးစားပေး တိုက်စစ်မှုး ဖြစ်ပေမယ့် ရုန်းကန်ရမှုတွေ ရှိနေတဲ့ လူကာကူ က တယ်လီဂရပ်ဖ်နဲ့ လတ်တလော အင်တာဗျူးမှာ ချဲလ်ဆီး မှာ မပျေ်ာတဲ့အကြောင်းနဲ့ အင်တာကနေ ထွက်လာတာ နောင်တရမိကြောင်းတွေ ပြောဆို လာခဲ့ပါတယ်။

လူကာကူ က ” ပြီးခဲ့တဲ့ နွေရာသီတုန်းက ဖြစ်ပျက်ခဲ့တဲ့ အပြောင်းအရွှေ့ ဇာတ်လမ်း ဟာ တကယ်တမ်း အဲလို ဖြစ်လာဖို့ မသင့်ဘူးလို့ ကျွန်တော် ထင်ပါတယ်။ အင်တာကို စွန့်ခွာခဲ့တဲ့ ပုံစံ၊ အင်တာ ပရိသတ်တွေကို ချိတ်ဆက်ခဲ့တဲ့ ပုံစံ၊ ဒါတွေက ကျွန်တော့ကို အနည်းနဲ့ အများ စိတ်ကွက်စေခဲ့ပါတယ်။ ဘာလို့လဲ ဆိုတော့ ဒါဟာ မှန်ကန်တဲ့ အချိန် မဟုတ်ခဲ့လို့ပါ။

အခုမှ ဒီ ခံစားချက်တွေကို ပြန်မျှဝေပေးဖို့ အချိန်ကျလာတာပါ။ အင်တာ ဟာ ကျွန်တော့ရဲ့ နှလုံးသား တထောင့် တနေရာမှာ အမြဲ ရှိနေတဲ့ အကြောင်း ကျွန်တော် ပြောဖူးပါတယ်။ အင်တာကို ပြန်လာနိုင်မယ်လို့လည်း ကျွန်တော် မျှော်လင့်ပါတယ်။ အီတလီ ကို ကျွန်တော် တကယ် ချစ်ပါတယ်။

ကစားသမား ဘဝ မပြီးဆုံးခင်မှာ ကျွန်တော် အင်တာကို ပြန်လာဖို့ ရင်တွင်းထဲကနေ တကယ် လှိုက်လှိုက်လှဲလှဲ ဆန္ဒ ရှိတယ်။ ထိပ်တန်း ခြေစွမ်း အဆင့်မှာ ရှိနေတုန်း သူတို့နဲ့ အတူ ဆုဖလားတွေ အများကြီး ဆွတ်ခူးချင်ပါသေးတယ်။

အင်တာ ပရိသတ်တွေကို ကျွန်တော် တောင်းပန်လိုပါတယ်။ ကျွန်တော့ရဲ့ စကားလုံးတွေက ချိန်သားမကိုက်ခဲ့ဘူး ဆိုတာကိုပေါ့။ ခင်ဗျားတို့ရဲ့ အားပေးမှုက ကျွန်တော့ ရင်ထဲမှာ အမြဲ ရှိနေမှာပါ။ ” လို့ ပြောကြားခဲ့ပါတယ်။

လူကာကူ ဟာ ရာသီ အစပိုင်းတုန်းက ဂိုးတွေ တရစပ် မြူးခဲ့ပေမယ့် ဒဏ်ရာ မရခင် အနီးတဝိုက် ကာလမှာ ၇ပွဲဆက် ဂိုးပေါက် ပျောက်ခဲ့ပြီး ယုံကြည်မှု အချို့ လျော့ကျခဲ့ပါတယ်။ ဒဏ်ရာက ပြန်လာပြီး သိပ်မကြာခင်မှာပဲ ကံဆိုးစွာနဲ့ ၎င်းဟာ ကိုဗစ် ပေါ့စတစ် ဖြစ်ခဲ့သေးပါတယ်။

ZG

လူကာကူဟာ ၿပီးခဲ့တဲ့ ေႏြကမွ ကလပ္ စံခ်ိန္တင္ ေျပာင္းေ႐ႊ႕ေၾကး ယူ႐ိုသန္း ၁၀၀ နဲ႔ အင္တာမီလန္ အသင္းကေန ခ်ယ္ဆီး အသင္းထံ ျပန္လည္ ေျပာင္းေ႐ႊ႕လာခဲ့သူပါ။

ခ်ယ္ဆီးမွာ ဦးစားေပး တိုက္စစ္မႈး ျဖစ္ေပမယ့္ ႐ုန္းကန္ရမႈေတြ ရွိေနတဲ့ လူကာကူ က တယ္လီဂရပ္ဖ္နဲ႔ လတ္တေလာ အင္တာဗ်ဴးမွာ ခ်ဲလ္ဆီး မွာ မေပ်္ာတဲ့အေၾကာင္းနဲ႔ အင္တာကေန ထြက္လာတာ ေနာင္တရမိေၾကာင္းေတြ ေျပာဆို လာခဲ့ပါတယ္။

လူကာကူ က ” ၿပီးခဲ့တဲ့ ေႏြရာသီတုန္းက ျဖစ္ပ်က္ခဲ့တဲ့ အေျပာင္းအေ႐ႊ႕ ဇာတ္လမ္း ဟာ တကယ္တမ္း အဲလို ျဖစ္လာဖို႔ မသင့္ဘူးလို႔ ကြၽန္ေတာ္ ထင္ပါတယ္။ အင္တာကို စြန႔္ခြာခဲ့တဲ့ ပုံစံ၊ အင္တာ ပရိသတ္ေတြကို ခ်ိတ္ဆက္ခဲ့တဲ့ ပုံစံ၊ ဒါေတြက ကြၽန္ေတာ့ကို အနည္းနဲ႔ အမ်ား စိတ္ကြက္ေစခဲ့ပါတယ္။ ဘာလို႔လဲ ဆိုေတာ့ ဒါဟာ မွန္ကန္တဲ့ အခ်ိန္ မဟုတ္ခဲ့လို႔ပါ။

အခုမွ ဒီ ခံစားခ်က္ေတြကို ျပန္မွ်ေဝေပးဖို႔ အခ်ိန္က်လာတာပါ။ အင္တာ ဟာ ကြၽန္ေတာ့ရဲ႕ ႏွလုံးသား တေထာင့္ တေနရာမွာ အၿမဲ ရွိေနတဲ့ အေၾကာင္း ကြၽန္ေတာ္ ေျပာဖူးပါတယ္။ အင္တာကို ျပန္လာႏိုင္မယ္လို႔လည္း ကြၽန္ေတာ္ ေမွ်ာ္လင့္ပါတယ္။ အီတလီ ကို ကြၽန္ေတာ္ တကယ္ ခ်စ္ပါတယ္။

ကစားသမား ဘဝ မၿပီးဆုံးခင္မွာ ကြၽန္ေတာ္ အင္တာကို ျပန္လာဖို႔ ရင္တြင္းထဲကေန တကယ္ လႈိက္လႈိက္လွဲလွဲ ဆႏၵ ရွိတယ္။ ထိပ္တန္း ေျခစြမ္း အဆင့္မွာ ရွိေနတုန္း သူတို႔နဲ႔ အတူ ဆုဖလားေတြ အမ်ားႀကီး ဆြတ္ခူးခ်င္ပါေသးတယ္။

အင္တာ ပရိသတ္ေတြကို ကြၽန္ေတာ္ ေတာင္းပန္လိုပါတယ္။ ကြၽန္ေတာ့ရဲ႕ စကားလုံးေတြက ခ်ိန္သားမကိုက္ခဲ့ဘူး ဆိုတာကိုေပါ့။ ခင္ဗ်ားတို႔ရဲ႕ အားေပးမႈက ကြၽန္ေတာ့ ရင္ထဲမွာ အၿမဲ ရွိေနမွာပါ။ ” လို႔ ေျပာၾကားခဲ့ပါတယ္။

လူကာကူ ဟာ ရာသီ အစပိုင္းတုန္းက ဂိုးေတြ တရစပ္ ျမဴးခဲ့ေပမယ့္ ဒဏ္ရာ မရခင္ အနီးတဝိုက္ ကာလမွာ ၇ပြဲဆက္ ဂိုးေပါက္ ေပ်ာက္ခဲ့ၿပီး ယုံၾကည္မႈ အခ်ိဳ႕ ေလ်ာ့က်ခဲ့ပါတယ္။ ဒဏ္ရာက ျပန္လာၿပီး သိပ္မၾကာခင္မွာပဲ ကံဆိုးစြာနဲ႔ ၎ဟာ ကိုဗစ္ ေပါ့စတစ္ ျဖစ္ခဲ့ေသးပါတယ္။