ရီစီဂျိမ်းစ်ရဲ့ တံကောက်ကြော ဒဏ်ရာ က ဘယ်လောက်ထိကြာ နားရတော့မလဲ အဖြေ ထွက်လာ

ချယ်ဆီး အသင်းရဲ့ အားထားရတဲ့ အစွန်ခံစစ်သမားလေး ရီစီဂျိမ်းစ်ဟာ တံကောက်ကြော ဒဏ်ရာအတွက် ခွဲစိတ်ကုသဖို့ မလိုပေမဲ့ အသင်းရဲ့ ၂လတာ ပွဲစဉ်တွေကို လွဲချော်တော့မယ်လို့ သိရပါတယ်။

ညာနောက်ခံလူဟာ ဘရိုက်တန်ကို ၁ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ်မှာ တံကောက်ကြော စုတ်ပြဲ ဒဏ်ရာ ရရှိကာ ကွင်းထဲက ထွက်သွားခဲ့ရပါတယ်။

အင်္ဂလန်သားဟာ ကနဦး စစ်ဆေးမှုတွေအရ တံကောက်ကြော စုတ်ပြဲတယ်ဆိုတာ သိခဲ့ရပြီး မနေ့ညကတော့ ဒဏ်ရာ အတိမ်အနက်ကို သေချာအတည်ပြုနိုင်ခဲ့ပါတယ်။ ဂျိမ်းစ်ဟာ ၆ပတ်ကနေ ၈ပတ်ကြား နားရဖို့ မျှော်လင့်ထားပြီး ပွဲကြပ်ကာလ ရင်ဆိုင်နေရတဲ့ တူချယ်အတွက်တော့ ကြီးမားတဲ့ ဆုံးရှုံးမှု ဖြစ်စေခဲ့ပါတယ်။

ဒါပေမဲ့ ခွဲစိတ်ကုသမှု မလိုအပ်တာကြောင့် ဂျိမ်းစ်အတွက် လျင်လျင်မြန်မြန်ပဲ ပြန်ကောင်းလာနိုင်ပြီး ထို သတင်းက ချယ်ဆီးအတွက် သတင်းကောင်း ဖြစ်စေခဲ့ပါတယ်။

ပုံမှန် ပွဲထွက်ပါဝင်နေပြီး ဂိုးတွေ ဖန်တီးမှုတွေ တောက်လျောက် ပြုလုပ်နေတဲ့ အင်္ဂလန်သား မပါဝင်နိုင်တာကတော့ ချယ်ဆီးအတွက် အားလျော့မှုတော့ ဖြစ်စေခဲ့ပါတယ်။

ZG

ခ်ယ္ဆီး အသင္းရဲ႕ အားထားရတဲ့ အစြန္ခံစစ္သမားေလး ရီစီဂ်ိမ္းစ္ဟာ တံေကာက္ေၾကာ ဒဏ္ရာအတြက္ ခြဲစိတ္ကုသဖို႔ မလိုေပမဲ့ အသင္းရဲ႕ ၂လတာ ပြဲစဥ္ေတြကို လြဲေခ်ာ္ေတာ့မယ္လို႔ သိရပါတယ္။

ညာေနာက္ခံလူဟာ ဘ႐ိုက္တန္ကို ၁ဂိုးစီ သေရက်ခဲ့တဲ့ပြဲစဥ္မွာ တံေကာက္ေၾကာ စုတ္ၿပဲ ဒဏ္ရာ ရရွိကာ ကြင္းထဲက ထြက္သြားခဲ့ရပါတယ္။

အဂၤလန္သားဟာ ကနဦး စစ္ေဆးမႈေတြအရ တံေကာက္ေၾကာ စုတ္ၿပဲတယ္ဆိုတာ သိခဲ့ရၿပီး မေန႔ညကေတာ့ ဒဏ္ရာ အတိမ္အနက္ကို ေသခ်ာအတည္ျပဳႏိုင္ခဲ့ပါတယ္။ ဂ်ိမ္းစ္ဟာ ၆ပတ္ကေန ၈ပတ္ၾကား နားရဖို႔ ေမွ်ာ္လင့္ထားၿပီး ပြဲၾကပ္ကာလ ရင္ဆိုင္ေနရတဲ့ တူခ်ယ္အတြက္ေတာ့ ႀကီးမားတဲ့ ဆုံးရႈံးမႈ ျဖစ္ေစခဲ့ပါတယ္။

ဒါေပမဲ့ ခြဲစိတ္ကုသမႈ မလိုအပ္တာေၾကာင့္ ဂ်ိမ္းစ္အတြက္ လ်င္လ်င္ျမန္ျမန္ပဲ ျပန္ေကာင္းလာႏိုင္ၿပီး ထို သတင္းက ခ်ယ္ဆီးအတြက္ သတင္းေကာင္း ျဖစ္ေစခဲ့ပါတယ္။

ပုံမွန္ ပြဲထြက္ပါဝင္ေနၿပီး ဂိုးေတြ ဖန္တီးမႈေတြ ေတာက္ေလ်ာက္ ျပဳလုပ္ေနတဲ့ အဂၤလန္သား မပါဝင္ႏိုင္တာကေတာ့ ခ်ယ္ဆီးအတြက္ အားေလ်ာ့မႈေတာ့ ျဖစ္ေစခဲ့ပါတယ္။