မိုက်ကယ်အိုဝင်ရဲ့ ဒီည ချယ်ဆီး – ဘရိုက်တန်ပွဲစဉ် အတွက် သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ်

ချယ်ဆီး အသင်းဟာ ဒီတပတ် ပရီးမီးယားလိဂ်မှာတော့ ဘရိုက်တန် အသင်းနဲ့ တွေ့ဆုံနေပြီး အိမ်ကွင်း စတန်းဖို့ဘရစ်ချ်မှာ ဧည့်ခံ ကစားမှာပါ။ ပွဲချိန်ကတော့ ဒီဇင်ဘာ ၃ဝ ရက်၊ ကြာသပတေးနေ့၊ နံနက် ၂ နာရီမှာ ဖြစ်ပါတယ်။

နာမည်ကျော် တိုက်စစ်မှုးဟောင်း မိုက်ကယ်အိုဝင် က ချယ်ဆီး နဲ့ ဘရိုက်တန်တို့ ပွဲစဉ် အတွက် အခုလို သုံးသပ် ခန့်မှန်း ထားပါတယ်။

အိုဝင် က – ” လွယ်ကူတဲ့ ပွဲစဉ် မဟုတ်ခဲ့ပေမယ့် ဗီလာနဲ့ပွဲကို အနိုင်ရခဲ့ခြင်းဟာ ချယ်ဆီး အတွက် တကယ့်ကို အရေးပါတဲ့ နိုင်ပွဲပါပဲ။ လူကာကူဟာ နောက်ပိုင်းပွဲတွေမှာ အကောင်းဆုံး ပုံစံကို ပြသနိုင်ခြင်း မရှိခဲ့ပေမယ့်လည်း ဗီလာနဲ့ ပွဲမှာတော့ သူ့ရဲ့ ပုံစံကောင်းကို တွေ့ခဲ့ရပါတယ်။

သူဟာ တအားကို မြန်ဆန်၊ သန်မာလှပြီး သူ့ရဲ့ ရွေ့လျားမှုတွေဟာ ဗီလာခံစစ်ပိုင်းကို ပြသနာများစွာ ဖြစ်စေခဲ့ပါတယ်။ ချယ်ဆီးဟာ လူကာကူ ဒီလိုပုံစံကောင်း ရနေချိန်မှာ တကယ့်ကို ခြားနားတဲ့ အသင်း ဖြစ်သွားခဲ့ပါတယ်။

ဘရိုက်တန်ဟာ ခက်ခဲတဲ့ကာလကို ဖြတ်သန်းခဲ့ရပြီး ဘရန့်ဖို့ဒ်ကို အနိုင်ရခဲ့တဲ့ အတွက် ဂရေဟမ်ပေါ်တာ အနေနဲ့ စိတ်သက်သာရာ ရသွားမှာပါ။ ဘရိုက်တန်ဟာ ထိုပွဲမှာ အရည်အသွေးမြင့် ဂိုး ၂ ဂိုးကို သွင်းယူနိုင်ခဲ့တာ ဖြစ်ပြီး မူပေးဟာ အခုဆိုရင် ဒီရာသီ ၇ ဂိုး ရှိသွားပြီ ဖြစ်ပါတယ်။

သူဟာ လူတွေကြားမှာ ရေပန်းစားတဲ့ တိုက်စစ်မှုး မဟုတ်ပေမယ့် တကယ့်ကို အန္တရာယ် ပေးနိုင်တဲ့သူပါ။ ကျွန်တော် ကတော့ ချယ်ဆီးတို့ ဒီပွဲမှာ နိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။

ဘရိုက်တန်ဟာ စုစည်းမှု ကောင်းတာကြောင့် ပြတ်သားတဲ့နိုင်ပွဲ ဖြစ်လာမှာ မဟုတ်ပေမယ့် ချယ်ဆီးတို့ ၂ ဂိုးအသာနဲ့ နိုင်သွားမှာပါ။” လို့ သုံးသပ်ထားပါတယ်။

မိုက်ကယ်အိုဝင် ခန့်မှန်းရလဒ် ကတော့ ချယ်ဆီး ၂-ဝ ဘရိုက်တန် ဖြစ်ပါတယ်။

ZG

ခ်ယ္ဆီး အသင္းဟာ ဒီတပတ္ ပရီးမီးယားလိဂ္မွာေတာ့ ဘ႐ိုက္တန္ အသင္းနဲ႕ ေတြ႔ဆံုေနျပီး အိမ္ကြင္း စတန္းဖို႔ဘရစ္ခ်္မွာ ဧည့္ခံ ကစားမွာပါ။ ပြဲခ်ိန္ကေတာ့ ဒီဇင္ဘာ ၃ဝ ရက္၊ ၾကာသပေတးေန႔၊ နံနက္ ၂ နာရီမွာ ျဖစ္ပါတယ္။

နာမည္ေက်ာ္ တိုက္စစ္မႈးေဟာင္း မိုက္ကယ္အိုဝင္ က ခ်ယ္ဆီး နဲ႕ ဘ႐ိုက္တန္တို႔ ပြဲစဥ္ အတြက္ အခုလို သံုးသပ္ ခန္႔မွန္း ထားပါတယ္။

အိုဝင္ က – ” လြယ္ကူတဲ့ ပြဲစဥ္ မဟုတ္ခဲ့ေပမယ့္ ဗီလာနဲ႔ပြဲကို အႏိုင္ရခဲ့ျခင္းဟာ ခ်ယ္ဆီး အတြက္ တကယ့္ကို အေရးပါတဲ့ ႏိုင္ပြဲပါပဲ။ လူကာကူဟာ ေနာက္ပိုင္းပြဲေတြမွာ အေကာင္းဆုံး ပုံစံကို ျပသႏိုင္ျခင္း မရွိခဲ့ေပမယ့္လည္း ဗီလာနဲ႔ ပြဲမွာေတာ့ သူ႔ရဲ႕ ပုံစံေကာင္းကို ေတြ႕ခဲ့ရပါတယ္။

သူဟာ တအားကို ျမန္ဆန္၊ သန္မာလွၿပီး သူ႔ရဲ႕ ေ႐ြ႕လ်ားမႈေတြဟာ ဗီလာခံစစ္ပိုင္းကို ျပသနာမ်ားစြာ ျဖစ္ေစခဲ့ပါတယ္။ ခ်ယ္ဆီးဟာ လူကာကူ ဒီလိုပုံစံေကာင္း ရေနခ်ိန္မွာ တကယ့္ကို ျခားနားတဲ့ အသင္း ျဖစ္သြားခဲ့ပါတယ္။

ဘ႐ိုက္တန္ဟာ ခက္ခဲတဲ့ကာလကို ျဖတ္သန္းခဲ့ရၿပီး ဘရန႔္ဖို႔ဒ္ကို အႏိုင္ရခဲ့တဲ့ အတြက္ ဂေရဟမ္ေပၚတာ အေနနဲ႔ စိတ္သက္သာရာ ရသြားမွာပါ။ ဘ႐ိုက္တန္ဟာ ထိုပြဲမွာ အရည္အေသြးျမင့္ ဂိုး ၂ ဂိုးကို သြင္းယူႏိုင္ခဲ့တာ ျဖစ္ၿပီး မူေပးဟာ အခုဆိုရင္ ဒီရာသီ ၇ ဂိုး ရွိသြားၿပီ ျဖစ္ပါတယ္။

သူဟာ လူေတြၾကားမွာ ေရပန္းစားတဲ့ တိုက္စစ္မႈး မဟုတ္ေပမယ့္ တကယ့္ကို အႏၲရာယ္ ေပးႏိုင္တဲ့သူပါ။ ကြၽန္ေတာ္ ကေတာ့ ခ်ယ္ဆီးတို႔ ဒီပြဲမွာ ႏိုင္လိမ့္မယ္လို႔ ေမွ်ာ္လင့္ထားပါတယ္။

ဘ႐ိုက္တန္ဟာ စုစည္းမႈ ေကာင္းတာေၾကာင့္ ျပတ္သားတဲ့ႏိုင္ပြဲ ျဖစ္လာမွာ မဟုတ္ေပမယ့္ ခ်ယ္ဆီးတို႔ ၂ ဂိုးအသာနဲ႔ ႏိုင္သြားမွာပါ။” လို႔ သံုးသပ္ထားပါတယ္။

မိုက္ကယ္အိုဝင္ ခန္႔မွန္းရလဒ္ ကေတာ့ ခ်ယ္ဆီး ၂-ဝ ဘ႐ိုက္တန္ ျဖစ္ပါတယ္။