ချယ်ဆီးမှာ ခြေစွမ်းကောင်းလာရင် မျက်စိကျနေကျ ရီးရဲလ်မက်ဒရစ်ရဲ့ နောက်ဆုံး ပစ်မှတ်သစ်

ရီးရဲလ်မက်ဒရစ်အသင်းဟာ ချယ်ဆီးမှာ ဒီရာသီ ခြေစွမ်းကောင်းတွေ ပြနေတဲ့ နောက်ခံလူ ရီစီဂျိမ်းစ်ကို စိတ်ဝင်စားလာပြီး ယူရို သန်း၆၀နဲ့ ကမ်းလှမ်းဖို့ အသင့်ဖြစ်နေကြောင်း သိရပါတယ်။ Fichajesရဲ့ အဆိုအရ ရီစီဂျိမ်းစ်ဟာ ရီးရဲလ်မက်ဒရစ်ရဲ့ အံ့အားသင့်ဖွယ် ပစ်မှတ်တစ်ခုအဖြစ် ပေါ်ထွက်လာခဲ့ကြောင်း ဆိုပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ချယ်ဆီး ကြယ်ပွင့်တွေကို သဘောကျလေ့ ရှိပြီး အီဒင် ဟာဇက်ကိုလည်း အရ ခေါ်ယူသွားခဲ့တာပါ။ လက်ရှိမှာလည်း ခြေစွမ်းပြနေတဲ့ ညာနောက်ခံလူကို ရီးရဲလ်မက်ဒရစ်က အဓိက ပစ်မှတ်အဖြစ် သတ်မှတ် လာခဲ့တာလည်း ဖြစ်ပါတယ်။

ရီးရဲလ်အနေနဲ့ အင်္ဂလန်သားအတွက် ယူရို သန်း ၆၀ထိ ပေးဖို့တောင် စီစဉ်ထားပေမဲ့ ချယ်ဆီး ကတော့ အင်္ဂလန်သား နောက်ခံလူ အတွက် ကမ်းလှမ်းလာသမျှကို ပယ်ချသွားဖို့ ရှိနေတယ်လို့ ဆိုပါတယ်။

ရီစီဂျိမ်းစ်တစ်ယောက် အသင်းကနေ ထွက်ခွာပြီး ရီးရဲလ်ကို ပြောင်းလာဖို့အတွက် ဥက္ကဌ ပီရက်ဇ်အနေနဲ့ ကစားသမားကို ဖြောင်းဖြသွားရဖို့လည်း ရှိနေပါတယ်။ ရီးရဲလ်ရဲ့ ဂျိမ်းစ်အပေါ် စိတ်ဝင်စားလာမှုက နည်းပြ အန်ဆယ်လော့တီ ကာဗာဂျယ် နေရာအတွက် ကစားသမား ရှာဖွေနေမှုနဲ့လည်း သက်ဆိုင်နေခဲ့ပါတယ်။

ဂျိမ်းစ်ဟာ နည်းပြ တူချယ်လက်ထက် တောက်လျောက် နေရာရနေပြီး ယမန်နှစ်ရာသီ ချန်ပီယံလိဂ်ဖလား ရအောင် ကူညီပေးခဲ့ပါတယ်။ ခံစစ်မှူး ၃ဦးနဲ့ ကစားကွက်မှာ ဂျိမ်းစ်တစ်ယောက် တိုက်စစ်မှာ ဂိုးတွေ တက်သွင်းနိုင်သလို ခံစစ်ကိုလည်း လစ်ဟင်းမှု မရှိအောင် ကစားနိုင်ခဲ့တာကြောင့် ဘက်စုံသုံး နောက်ခံလူကို ရီးရဲလ်တို့ စိတ်ဝင်စား လာခဲ့တာလို့ ဆိုပါတယ်။

ဒါပေမဲ့ လက်ရှိ ချယ်ဆီး မှာ ပုံမှန် ပွဲထွက်ခွင့်ရပြီး ပျော်ရွှင်နေတဲ့ နောက်ခံလူကို ခေါ်ယူနိုင်ရေးအတွက် ပီရက်ဇ်အနေနဲ့ အတော်လေး စည်းရုံးနိုင်ဖို့ လိုအပ်ကြောင်း သတင်းတွေက ဆိုပါတယ်။

Zawgyi

ရီးရဲလ္မက္ဒရစ္အသင္းဟာ ခ်ယ္ဆီးမွာ ဒီရာသီ ေျခစြမ္းေကာင္းေတြ ျပေနတဲ့ ေနာက္ခံလူ ရီစီဂ်ိမ္းစ္ကို စိတ္ဝင္စားလာၿပီး ယူ႐ို သန္း၆၀နဲ႔ ကမ္းလွမ္းဖို႔ အသင့္ျဖစ္ေနေၾကာင္း သိရပါတယ္။ Fichajesရဲ႕ အဆိုအရ ရီစီဂ်ိမ္းစ္ဟာ ရီးရဲလ္မက္ဒရစ္ရဲ႕ အံ့အားသင့္ဖြယ္ ပစ္မွတ္တစ္ခုအျဖစ္ ေပၚထြက္လာခဲ့ေၾကာင္း ဆိုပါတယ္။

ရီးရဲလ္မက္ဒရစ္ဟာ ခ်ယ္ဆီး ၾကယ္ပြင့္ေတြကို သေဘာက်ေလ့ ရွိျပီး အီဒင္ ဟာဇက္ကိုလည္း အရ ေခၚယူသြားခဲ့တာပါ။ လက္ရွိမွာလည္း ေျခစြမ္းျပေနတဲ့ ညာေနာက္ခံလူကို ရီးရဲလ္မက္ဒရစ္က အဓိက ပစ္မွတ္အျဖစ္ သတ္မွတ္ လာခဲ့တာလည္း ျဖစ္ပါတယ္။

ရီးရဲလ္အေနနဲ႔ အဂၤလန္သားအတြက္ ယူ႐ို သန္း ၆၀ထိ ေပးဖို႔ေတာင္ စီစဥ္ထားေပမဲ့ ခ်ယ္ဆီး ကေတာ့ အဂၤလန္သား ေနာက္ခံလူ အတြက္ ကမ္းလွမ္းလာသမွ်ကို ပယ္ခ်သြားဖို႔ ရွိေနတယ္လို႔ ဆိုပါတယ္။

ရီစီဂ်ိမ္းစ္တစ္ေယာက္ အသင္းကေန ထြက္ခြာၿပီး ရီးရဲလ္ကို ေျပာင္းလာဖို႔အတြက္ ဥကၠဌ ပီရက္ဇ္အေနနဲ႔ ကစားသမားကို ေျဖာင္းျဖသြားရဖို႔လည္း ရွိေနပါတယ္။ ရီးရဲလ္ရဲ႕ ဂ်ိမ္းစ္အေပၚ စိတ္ဝင္စားလာမႈက နည္းျပ အန္ဆယ္ေလာ့တီ ကာဗာဂ်ယ္ ေနရာအတြက္ ကစားသမား ရွာေဖြေနမႈနဲ႔လည္း သက္ဆိုင္ေနခဲ့ပါတယ္။

ဂ်ိမ္းစ္ဟာ နည္းျပ တူခ်ယ္လက္ထက္ ေတာက္ေလ်ာက္ ေနရာရေနၿပီး ယမန္ႏွစ္ရာသီ ခ်န္ပီယံလိဂ္ဖလား ရေအာင္ ကူညီေပးခဲ့ပါတယ္။ ခံစစ္မႉး ၃ဦးနဲ႔ ကစားကြက္မွာ ဂ်ိမ္းစ္တစ္ေယာက္ တိုက္စစ္မွာ ဂိုးေတြ တက္သြင္းႏိုင္သလို ခံစစ္ကိုလည္း လစ္ဟင္းမႈ မရွိေအာင္ ကစားႏိုင္ခဲ့တာေၾကာင့္ ဘက္စုံသုံး ေနာက္ခံလူကို ရီးရဲလ္တို႔ စိတ္ဝင္စား လာခဲ့တာလို႔ ဆိုပါတယ္။

ဒါေပမဲ့ လက္ရွိ ခ်ယ္ဆီး မွာ ပုံမွန္ ပြဲထြက္ခြင့္ရၿပီး ေပ်ာ္႐ႊင္ေနတဲ့ ေနာက္ခံလူကို ေခၚယူႏိုင္ေရးအတြက္ ပီရက္ဇ္အေနနဲ႔ အေတာ္ေလး စည္း႐ုံးႏိုင္ဖို႔ လိုအပ္ေၾကာင္း သတင္းေတြက ဆိုပါတယ္။