မနက်ဖြန် ချယ်ဆီး – အဲဗာတန်ပွဲ အတွက် ဘီဘီစီမှ လော်ရိုးရဲ့ သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ်

ချယ်ဆီးအသင်းဟာ ဒီတပတ် ပရီးမီးယားလိဂ်မှာ အဲဗာတန်နဲ့ တွေ့ဆုံနေပြီး အိမ်ကွင်း စတန်းဖို့ဘရစ်ချ်မှာ ဧည့်ခံ ကစားရမှာပါ။ ဒီနှစ်သင်းဟာ ဒီဇင်ဘာ ၁၇ ရက်၊ သောကြာနေ့၊ နံနက် ၂း၁၅ နာရီမှာ ယှဉ်ပြိုင် ကြမှာ ဖြစ်ပါတယ်။

ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ်သူ လော်ရိုးက ချယ်ဆီးနဲ့ အဲဗာတန်တို့ ပွဲစဉ်အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

” ဘင်နီတက်ဇ် အတွက်တော့ နောက်ထပ် အသင်းဟောင်း တစ်သင်းဆီ ပြန်ရောက်သွားဦးမှာပါ။ ဒါပေမယ့် နွေးနွေးထွေးထွေး နဲ့ ကြိုဆိုပေးမယ် မထင်ပါဘူး။ ကျနော်ကတော့ အမှတ်လဲ ရအောင် ယူနိုင်မယ်လို့ မျှော်လင့် မထားဘူး။

သူတို့ အသင်းဆီက နောက်ဆုံး မျှော်လင့်လို့ရတဲ့ အချက်က ခံစစ်ကို ပိတ်ထားပြီး တန်ပြန် တိုက်စစ်ကို ပုံဖော်တဲ့ ပုံစံပါ။ ဒါပေမယ့် နောက်ပိုင်းမှာ ခံစစ် ကစားပုံကလဲ တော်တော် ညံ့လွန်းနေပါတယ်။

ချယ်ဆီး ကလဲ သူတို့ရဲ့ ပုံစံကောင်းတွေ ပြန်မရသေးပါဘူး။ ဒါပေမယ့် အဲဗာတန် ကိုတော့ ကောင်းကောင်း ဒုက္ခပေးနိုင်ပါသေးတယ်။” လို့ လော်ရိုးက ဆိုပါတယ်။

လော်ရိုး ခန့်မှန်းရလဒ်ကတော့ ချယ်ဆီး ၂-ဝ အဲဗာတန် ဖြစ်ပါတယ်။

ZG

ခ်ယ္ဆီးအသင္းဟာ ဒီတပတ္ ပရီးမီးယားလိဂ္မွာ အဲဗာတန္နဲ႕ ေတြ႔ဆံုေနျပီး အိမ္ကြင္း စတန္းဖို႔ဘရစ္ခ်္မွာ ဧည့္ခံ ကစားရမွာပါ။ ဒီနွစ္သင္းဟာ ဒီဇင္ဘာ ၁၇ ရက္၊ ေသာၾကာေန႔၊ နံနက္ ၂း၁၅ နာရီမွာ ယွဥ္ျပိဳင္ ၾကမွာ ျဖစ္ပါတယ္။

ဘီဘီစီ သတင္းဌာနမွ ပင္တိုင္ သံုးသပ္သူ ေလာ္ရိုးက ခ်ယ္ဆီးနဲ႕ အဲဗာတန္တို႔ ပြဲစဥ္အတြက္ အခုလို သံုးသပ္ ခန္႔မွန္းထားပါတယ္။

” ဘင္နီတက္ဇ္ အတြက္ေတာ့ ေနာက္ထပ္ အသင္းေဟာင္း တစ္သင္းဆီ ျပန္ေရာက္သြားဦးမွာပါ။ ဒါေပမယ့္ ေႏြးေႏြးေထြးေထြး နဲ႔ ႀကိဳဆိုေပးမယ္ မထင္ပါဘူး။ က်ေနာ္ကေတာ့ အမွတ္လဲ ရေအာင္ ယူႏိုင္မယ္လို႔ ေမွ်ာ္လင့္ မထားဘူး။

သူတို႔ အသင္းဆီက ေနာက္ဆုံး ေမွ်ာ္လင့္လို႔ရတဲ့ အခ်က္က ခံစစ္ကို ပိတ္ထားၿပီး တန္ျပန္ တိုက္စစ္ကို ပုံေဖာ္တဲ့ ပုံစံပါ။ ဒါေပမယ့္ ေနာက္ပိုင္းမွာ ခံစစ္ ကစားပုံကလဲ ေတာ္ေတာ္ ညံ့လြန္းေနပါတယ္။

ခ်ယ္ဆီး ကလဲ သူတို႔ရဲ႕ ပုံစံေကာင္းေတြ ျပန္မရေသးပါဘူး။ ဒါေပမယ့္ အဲဗာတန္ ကိုေတာ့ ေကာင္းေကာင္း ဒုကၡေပးႏိုင္ပါေသးတယ္။” လို႔ ေလာ္ရိုးက ဆိုပါတယ္။

ေလာ္ရိုး ခန္႔မွန္းရလဒ္ကေတာ့ ခ်ယ္ဆီး ၂-ဝ အဲဗာတန္ ျဖစ္ပါတယ္။