ကိုယ့်နေရာ မဟုတ်တဲ့ ကွင်းလယ်မှာတောင် အစွမ်းပြသွားတဲ့ ရီစီ ဂျိမ်းစ် ဝိုင်းချီးကျူးခံနေရ

ဇင်းနစ်နဲ့ ပွဲမှာ ပုံမှန်နေရာမဟုတ်တဲ့ ကွင်းလယ်မှာ ကစားလာခဲ့တဲ့ ချယ်ဆီး နောက်ခံလူ ရီစီဂျိမ်းစ်အား ဖာဒီနန်နှင့် အိုဝင်ဟားဂရေ့ဗ်တို့က အသီးသီး ချီးကျူးခဲ့ကြပါတယ်။

ဗုဒ္စဟူးညက ချန်ပီယံလိဂ် အုပ်စု နောက်ဆုံးပွဲမှာ ချယ်ဆီး ရုရှားကလပ်နဲ့ ၃- ၃သရေကျခဲ့ပြီး ထိုပွဲမှာ တူချယ်က ကွင်းလယ်မှာ ကန်တေ၊ ကိုဗာဆစ်တို့ဒဏ်ရာရခဲ့တာကြောင့် နောက်ခံလူ ရီစီဂျိမ်းစ်ကို ကွင်းလယ် ပြောင်း ကစားစေခဲ့ပါတယ်။

နေရာပြောင်းကစားပေမယ့် ရီစီဂျိမ်းစ်ဟာ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပြီး ပွဲအပြီးမှာ ဝေဖန်သူတွေရဲ့ ချီးကျူးမှုတွေ ခံနေရတာပါ။ ဂျိမ်းစ်က သန်မာတဲ့ စွမ်းဆောင်ရည်တွေ ပြသနေဆဲ လို့ ဖာဒီနန်က ဆို ပါတယ်။

“သူက အရည်အသွေးပိုင်းမှာ အရမ်းကောင်းနေပါတယ်။ အ ကျွန်တော်တို့ ဒီနိုင်ငံ က ညာနောက်ခံလူတွေ အကြောင်းကို ပြောခဲ့ကြပါတယ်။ သူက ကွင်းလယ်မှာ ကစားခဲ့ပြီး အဲဒီနေရာမှာ အရင်ကပဲ ကစားခဲ့ဖူးသလို လုပ်ပြသွားတယ်။ ကွင်းထဲမှာ လွှမ်းမိုးခဲ့တယ် ပြိုင်ဘက်ကို ကျော်လွှားတယ် ပေးပို့မှုလုပ်တယ်။

သူက ချယ်ဆီး အသင်းမှာ အရေးပါတဲ့အစိတ်အပိုင်းအဖြစ် ပါဝင်နေပါတယ်။ အသင်း တစ်သင်း အနေနဲ့ ကွင်းလယ်မှာ စိန်ခေါ်မှုတွေကို အသာရပြီးရင် ပွဲများစွာ အနိုင်ရနိုင်ပါတယ်။ ချန်ပီယံလိဂ်လိုပွဲမျိုးကို သူကစားခဲ့ပြီး လူတွေကပြောကြမယ့် ခြေစွမ်းမျိုး ထုတ်ပြခဲ့ပါတယ်။

ဒီလိုမျိုးက ထိပ်တန်းကစားသမားတွေသာ လုပ်နိုင်ပြီး မတူညီတဲ့ နေရာတွေမှာ ကစားဖို့ဆိုတာ ဉာဏ်ရည်ကောင်း ရပါမယ်။ မတူညီတဲ့ နေရာတွေမှာ ရီစီဘောလုံးသယ်သွားပုံတွေ ကွင်းလယ်မှာ သူ ဘောလုံးလက်ခံရယူပုံတွေ ကြည့်ရတာ တကယ့်ကို သက်တောင်သက်သာ ပုံစံပါဘဲ”ဟု ဆိုသွားခဲ့ပါတယ်။

သုံးသပ်သူ အိုဝင်ဟားဂရေ့ဗ်ကလည်း ချဲလ်ဆီးကစားသမားဟောင်း အက်စီယန်နဲ့ရီစီဂျိမ်းစ်ကို ခိုင်းနှိုင်းသွားခဲ့ပါတယ်။

“သူ ကွင်းလယ်မှာ ကစားသွားတာ အက်စီယန်ကို သတိရစေပါတယ် ပါဝါအားကောင်းတယ်။ ကွင်းလယ်မှာ ကာဗာလုပ်နိုင်တယ် သူကိုယ်ပိုင် ကစားနိုင်တယ် တစ်ယောက်ချင်းမှာ အသာရတယ် သူက တကယ့်ကို ထူးချွန်တဲ့ ကစားသမားပါ” လို့ အိုဝင်ဟားဂရေ့ဗ်က ပြောခဲ့ပါတယ်။

ဘယ်နေရာမှာ အားနည်းချက် ရှိနိုင်သလဲဟု ဖာဒီနန်က မေးရာမှာ ဟားဂရေ့ဗ်က “မရှိပါဘူး သူ အားနည်းချက် တစ်ခုတောင် ရှိတယ်လို့မထင်ဘူး သူက အင်္ဂလန်မှာ တိုက်ပွဲဝင်မှုအရှိဆုံး ညာနောက်ခံသမားပါဘဲ ကွင်းလယ်မှာ လည်း မေးခွန်းထုတ်စရာမရှိ ကစားနိုင်ပါတယ်”ဟု ပြောကြားသွားခဲ့ပါတယ်။