ချဲလ်ဆီး အမှားတွေ များနေပြီလို့ ဝက်စ်ဟမ်းနဲ့ ပွဲအပြီး ထုတ်ပြော သတိပေးလိုက်တဲ့ တူချယ်

ချဲလ်ဆီးအသင်း နည်းပြ တူချယ်က ဝက်စ်ဟမ်းကို ၃-၂ နဲ့ အရေးနိမ့်ခဲ့တာဟာ ကြီးမားတဲ့ အမှားတွေကြောင့်လို့ ထုတ်ဖော် ပြောကြားလိုက်ပါတယ်။ ချဲလ်ဆီးဟာ ဂိုးသမား မန်ဒီရဲ့အမှား ၂ ခုကနေ ပရီးမီးယားလိဂ်မှာ ဒုတိယမြောက် ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။

သီယာဂိုဆေးလ်ဗားက ဦးဆောင်ဂိုးရယူပေးခဲ့ပေမယ့် မန်ဒီရဲ့အမှားကနေ ပင်နယ်တီပေးလိုက်ရကာ လန်ဇီနီက ချေပဂိုး ပြန်လည်သွင်းယူပေးခဲ့ပါတယ်။ မေဆင်မောင့်ရဲ့ မြေမကျကန်ချက်နဲ့ ပြန်လာနိုင်ခဲ့ပေမယ့် ဘိုဝင်က ချေပဂိုး ပြန်လည် သွင်းယူပေးနိုင်ခဲ့ပြီး မာဆူယာခူက မန်ဒီရှေ့ထွက်နေတာကို အခွင့်ကောင်းယူကာ အဝေးကန်ချက်နဲ့ အဖိုးတန်အနိုင်ဂိုး သွင်းယူပေးခဲ့ပါတယ်။

“အသင်း စွမ်းဆောင်ရည် မကောင်းခဲ့ဘူးလို့ ကျွန်တော်မမြင်ပါဘူး။ အသင်းလိုက် စွမ်းဆောင်ရည်က အကောင်းဆုံး အနေအထားမှာ ရှိခဲ့ပါတယ်။ ယူနိုက်တက်နဲ့ ပွဲကလို တစ်ဦးချင်း အမှားတွေကနေ အခုလိုမျိုး အရေးနိမ့်စေခဲ့တာပါ။ မျှော်မှန်းခဲ့တဲ့ ရလဒ်တော့မဟုတ်ခဲ့ပါဘူး”

“အမှားတွေကိုတော့ သင်ခန်းစာယူဖို့ လိုပါတယ်။ ကျွန်တော်တို့ အသေးစိတ်ကအစ ဂရုစိုက်ဖို့လိုပါတယ်။ မန်ဒီကလည်း အကောင်းဆုံးစွမ်းဆောင်ပြခဲ့ပါတယ်။ ၂ ဂိုးစလုံးက သူ့အမှားလို့တော့ မပြောနိုင်ပါဘူး။ နောက်ဆုံးကန်ချက်ကိုတော့ မန်ဒီ ကာကွယ်နိုင်ခဲ့သင့်ပါတယ်။ ဒါပေမယ့် သူမလုပ်နိုင်ခဲ့ပါဘူး။ အမှားတွေ များခဲ့တာကို ပြန်လည်ပြင်ဆင်ရပါမယ်”လို့ တူချယ်က ပြောကြားခဲ့ပါတယ်။

မိုယက်ချ်ရဲ့ ဝက်စ်ဟမ်းဟာ ဒီရာသီမှာ ချဲလ်ဆီအပြင် လီဗာပူးကိုလည်း အနိုင်ရရှိအောင် စွမ်းဆောင်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

“ဒီနေ့ လီဗာပူးနဲ့ ပွဲတုန်းကထက် ကျွန်တော်တို့ပိုကောင်းခဲ့ပါတယ်။ ချဲလ်ဆီးကလည်း ကျွန်တော်တို့ကို ဒုက္ခ ပေးနိုင်ခဲ့သလို မာဆူယာခူရဲ့ ဂိုးကလည်း အဆင့်မြင့်လွန်းပါတယ်။ ဒါပေမယ့် အနည်းငယ် ကံကောင်းခဲ့တာလည်း ပါမှာပါ”လို့ မိုယက်ချ်က ပြောကြားခဲ့ပါတယ်။

ZG

ခ်ဲလ္ဆီးအသင္း နည္းျပ တူခ်ယ္က ဝက္စ္ဟမ္းကို ၃-၂ နဲ႔ အေရးနိမ့္ခဲ့တာဟာ ႀကီးမားတဲ့ အမွားေတြေၾကာင့္လို႔ ထုတ္ေဖာ္ ေျပာၾကားလိုက္ပါတယ္။ ခ်ဲလ္ဆီးဟာ ဂိုးသမား မန္ဒီရဲ႕အမွား ၂ ခုကေန ပရီးမီးယားလိဂ္မွာ ဒုတိယေျမာက္ ရႈံးပြဲနဲ႔ ရင္ဆိုင္ခဲ့ရတာျဖစ္ပါတယ္။

သီယာဂိုေဆးလ္ဗားက ဦးေဆာင္ဂိုးရယူေပးခဲ့ေပမယ့္ မန္ဒီရဲ႕အမွားကေန ပင္နယ္တီေပးလိုက္ရကာ လန္ဇီနီက ေခ်ပဂိုး ျပန္လည္သြင္းယူေပးခဲ့ပါတယ္။ ေမဆင္ေမာင့္ရဲ႕ ေျမမက်ကန္ခ်က္နဲ႔ ျပန္လာႏိုင္ခဲ့ေပမယ့္ ဘိုဝင္က ေခ်ပဂိုး ျပန္လည္ သြင္းယူေပးႏိုင္ခဲ့ၿပီး မာဆူယာခူက မန္ဒီေရွ႕ထြက္ေနတာကို အခြင့္ေကာင္းယူကာ အေဝးကန္ခ်က္နဲ႔ အဖိုးတန္အႏိုင္ဂိုး သြင္းယူေပးခဲ့ပါတယ္။

“အသင္း စြမ္းေဆာင္ရည္ မေကာင္းခဲ့ဘူးလို႔ ကြၽန္ေတာ္မျမင္ပါဘူး။ အသင္းလိုက္ စြမ္းေဆာင္ရည္က အေကာင္းဆုံး အေနအထားမွာ ရွိခဲ့ပါတယ္။ ယူႏိုက္တက္နဲ႔ ပြဲကလို တစ္ဦးခ်င္း အမွားေတြကေန အခုလိုမ်ိဳး အေရးနိမ့္ေစခဲ့တာပါ။ ေမွ်ာ္မွန္းခဲ့တဲ့ ရလဒ္ေတာ့မဟုတ္ခဲ့ပါဘူး”

“အမွားေတြကိုေတာ့ သင္ခန္းစာယူဖို႔ လိုပါတယ္။ ကြၽန္ေတာ္တို႔ အေသးစိတ္ကအစ ဂ႐ုစိုက္ဖို႔လိုပါတယ္။ မန္ဒီကလည္း အေကာင္းဆုံးစြမ္းေဆာင္ျပခဲ့ပါတယ္။ ၂ ဂိုးစလုံးက သူ႔အမွားလို႔ေတာ့ မေျပာႏိုင္ပါဘူး။ ေနာက္ဆုံးကန္ခ်က္ကိုေတာ့ မန္ဒီ ကာကြယ္ႏိုင္ခဲ့သင့္ပါတယ္။ ဒါေပမယ့္ သူမလုပ္ႏိုင္ခဲ့ပါဘူး။ အမွားေတြ မ်ားခဲ့တာကို ျပန္လည္ျပင္ဆင္ရပါမယ္”လို႔ တူခ်ယ္က ေျပာၾကားခဲ့ပါတယ္။

မိုယက္ခ်္ရဲ႕ ဝက္စ္ဟမ္းဟာ ဒီရာသီမွာ ခ်ဲလ္ဆီအျပင္ လီဗာပူးကိုလည္း အႏိုင္ရရွိေအာင္ စြမ္းေဆာင္ထားႏိုင္ခဲ့တာ ျဖစ္ပါတယ္။

“ဒီေန႔ လီဗာပူးနဲ႔ ပြဲတုန္းကထက္ ကြၽန္ေတာ္တို႔ပိုေကာင္းခဲ့ပါတယ္။ ခ်ဲလ္ဆီးကလည္း ကြၽန္ေတာ္တို႔ကို ဒုကၡ ေပးႏိုင္ခဲ့သလို မာဆူယာခူရဲ႕ ဂိုးကလည္း အဆင့္ျမင့္လြန္းပါတယ္။ ဒါေပမယ့္ အနည္းငယ္ ကံေကာင္းခဲ့တာလည္း ပါမွာပါ”လို႔ မိုယက္ခ်္က ေျပာၾကားခဲ့ပါတယ္။