ရူဒီဂါ အသင်းပြောင်းမယ်ဆို လက်ရှိ ချယ်ဆီးထက် သာတာ တစ်သင်းပဲ ရှိတယ် ဆိုတဲ့ ဖာဒီနန်

ချယ်ဆီးနဲ့ ရာသီကုန်မှာ စာချုပ်သက်တမ်းကုန်တော့မယ့် ဗဟိုနောက်ခံလူ ရူဒီဂါရဲ့ အနာဂတ်ကတော့ မရေမရာ ဖြစ်နေတာပါ။ မန်ယူ ကစားသမားဟောင်း ရီယိုဖာဒီနန်ကတော့ ရူဒီဂါ အသင်းပြောင်းမယ်ဆို လက်ရှိ ချယ်ဆီးထက် သာတာ တစ်သင်းပဲ ရှိတယ် လို့ ထောက်ပြပြီး လန်ဒန်ကလပ်မှာ ဆက်နေဖို့ တိုက်တွန်းခဲ့ပါတယ်။

ဒီရာသီ နည်းပြ တူချယ်လက်အောက် သူ့ရဲ့ ခြေစွမ်းတိုးတက်မှုအရ ထိပ်တန်းကလပ်များစွာဟာ ဇန်နဝါရီမှာ သူ့ရဲ့ အပြောင်းအရွှေ့အတွက် ဆွေးနွေးမှုတွေ လုပ်ဖို့ ရှိနေပါတယ်။ အဲ့ဒီ့ထဲမှာ ရီးရဲလ်မက်ဒရစ်လဲ ပါဝင်နေတာကြောင့် ချယ်ဆီးအတွက် ရူဒီဂါကို ဆက်ထိန်းထားဖို့အရေး ဖိအားတွေ ခံနေရတာပါ။

ရီးရဲလ်မက်ဒရစ်ဟာ လာလီဂါမှာ အရှိန်ကောင်းကောင်း ရနေတာကြောင့် ရူဒီဂါအတွက် ပြောင်းရွှေ့ဖို့ ဖြစ်နိုင်ခြေရှိတဲ့ နေရာ တစ်ခုဖြစ်ပြီး ဘိုင်ယန်၊ ပီအက်စ်ဂျီတို့ကလဲ စိတ်ဝင်စားနေတာကြောင့် တူချယ်နဲ့ ချယ်ဆီးဟာ ဖိအားတွေ ရှိနေတာပါ။

“တူချယ်က အသင်းကို ရောက်လာပြီးတော့ ကစားသမားအားလုံးရဲ့ ကံကြမ္မာတွေကို ပြောင်းလဲပေးခဲ့တယ်။ သူတို့က ချက်ချင်း ချန်ပီယံလိဂ်ဖလား အောင်မြင်ခဲ့ပြီး ရှိန်လောက်စရာ ဖြစ်နေပါတယ်။ ကစားသမားတစ်ယောက်အနေနဲ့ ဒီလို အနေအထားကောင်းကို စွန့်ခွာပြီး စွန့်စားမလို့လား။ အခုချိန်မှာ ချယ်ဆီးနဲ့ ယှဉ်နိုင်တဲ့ အသင်းဆိုလို့ ဘိုင်ယန်မြူးနစ်ပဲ ရှိပါတယ်”လို့ ဖာဒီနန်က ပြောပြခဲ့တာ ဖြစ်ပါတယ်။

ရူဒီဂါဟာ ဇန်နဝါရီ ၁ ရက်နေ့ကနေစပြီး ပြည်ပကလပ်တွေနဲ့ အကြိုစာချုပ် သဘောတူညီမှုအတွက် ဆွေးနွေးနိုင်တော့မှာ ဖြစ်ပါတယ်။ ချယ်ဆီးဟာ ၎င်းကို စာချုပ်သစ် ကမ်းလှမ်းမယ်ဆိုရင် ရူဒီဂါက တစ်ပတ်လုပ်ခ ပေါင် ၂သိန်း၃သောင်း ကနေ ၂သိန်း၉သောင်းကြား အလိုရှိနေတာဖြစ်ပြီး ကလပ်ရဲ့ လုပ်ခအမြင့်ဆုံး ကစားသမားတွေထဲကမှာ ရပ်တည်နိုင် စေမှာ ဖြစ်ပါတယ်။

ZG

ခ်ယ္ဆီးနဲ႔ ရာသီကုန္မွာ စာခ်ဳပ္သက္တမ္းကုန္ေတာ့မယ့္ ဗဟိုေနာက္ခံလူ ႐ူဒီဂါရဲ႕ အနာဂတ္ကေတာ့ မေရမရာ ျဖစ္ေနတာပါ။ မန္ယူ ကစားသမားေဟာင္း ရီယိုဖာဒီနန္ကေတာ့ ရူဒီဂါ အသင္းေျပာင္းမယ္ဆို လက္ရွိ ခ်ယ္ဆီးထက္ သာတာ တစ္သင္းပဲ ရွိတယ္ လို႔ ေထာက္ျပျပီး လန္ဒန္ကလပ္မွာ ဆက္ေနဖို႔ တိုက္တြန္းခဲ့ပါတယ္။

ဒီရာသီ နည္းျပ တူခ်ယ္လက္ေအာက္ သူ႔ရဲ႕ ေျခစြမ္းတိုးတက္မႈအရ ထိပ္တန္းကလပ္မ်ားစြာဟာ ဇန္နဝါရီမွာ သူ႔ရဲ႕ အေျပာင္းအေ႐ႊ႕အတြက္ ေဆြးေႏြးမႈေတြ လုပ္ဖို႔ ရွိေနပါတယ္။ အဲ့ဒီ့ထဲမွာ ရီးရဲလ္မက္ဒရစ္လဲ ပါဝင္ေနတာေၾကာင့္ ခ်ယ္ဆီးအတြက္ ႐ူဒီဂါကို ဆက္ထိန္းထားဖို႔အေရး ဖိအားေတြ ခံေနရတာပါ။

ရီးရဲလ္မက္ဒရစ္ဟာ လာလီဂါမွာ အရွိန္ေကာင္းေကာင္း ရေနတာေၾကာင့္ ႐ူဒီဂါအတြက္ ေျပာင္းေ႐ႊ႕ဖို႔ ျဖစ္ႏိုင္ေျခရွိတဲ့ ေနရာ တစ္ခုျဖစ္ၿပီး ဘိုင္ယန္၊ ပီအက္စ္ဂ်ီတို႔ကလဲ စိတ္ဝင္စားေနတာေၾကာင့္ တူခ်ယ္နဲ႔ ခ်ယ္ဆီးဟာ ဖိအားေတြ ရွိေနတာပါ။

“တူခ်ယ္က အသင္းကို ေရာက္လာၿပီးေတာ့ ကစားသမားအားလုံးရဲ႕ ကံၾကမၼာေတြကို ေျပာင္းလဲေပးခဲ့တယ္။ သူတို႔က ခ်က္ခ်င္း ခ်န္ပီယံလိဂ္ဖလား ေအာင္ျမင္ခဲ့ၿပီး ရွိန္ေလာက္စရာ ျဖစ္ေနပါတယ္။ ကစားသမားတစ္ေယာက္အေနနဲ႔ ဒီလို အေနအထားေကာင္းကို စြန႔္ခြာၿပီး စြန႔္စားမလို႔လား။ အခုခ်ိန္မွာ ခ်ယ္ဆီးနဲ႔ ယွဥ္ႏိုင္တဲ့ အသင္းဆိုလို႔ ဘိုင္ယန္ျမဴးနစ္ပဲ ရွိပါတယ္”လို႔ ဖာဒီနန္က ေျပာျပခဲ့တာ ျဖစ္ပါတယ္။

႐ူဒီဂါဟာ ဇန္နဝါရီ ၁ ရက္ေန႔ကေနစၿပီး ျပည္ပကလပ္ေတြနဲ႔ အႀကိဳစာခ်ဳပ္ သေဘာတူညီမႈအတြက္ ေဆြးေႏြးႏိုင္ေတာ့မွာ ျဖစ္ပါတယ္။ ခ်ယ္ဆီးဟာ ၎ကို စာခ်ဳပ္သစ္ ကမ္းလွမ္းမယ္ဆိုရင္ ႐ူဒီဂါက တစ္ပတ္လုပ္ခ ေပါင္ ၂သိန္း၃ေသာင္း ကေန ၂သိန္း၉ေသာင္းၾကား အလိုရွိေနတာျဖစ္ၿပီး ကလပ္ရဲ႕ လုပ္ခအျမင့္ဆုံး ကစားသမားေတြထဲကမွာ ရပ္တည္ႏိုင္ ေစမွာ ျဖစ္ပါတယ္။