ချယ်ဆီးမှာ ရှားရှားပါးပါး ပွဲထွက်ခွင့်ရလိုက် လူစားလဲခံရလိုက်ပဲ ဖြစ်နေတဲ့ ဆာအူးလ် နီဂွက်ဇ်

အက်သလက်တီကို ကွင်းလယ်လူ ဆာအူးလ် နီဂွက်ဇ် အတွက် ချယ်ဆီးမှာ အငှား လာကစားတာက အဆိုးဝါးဆုံးလို့ ဆိုနိုင်ပြီး အခုလည်း ဝက်ဖို့ဒ်နဲ့ပွဲမှာ ထပ်မံ လူစားလဲခံခဲ့ရပါတယ်။

စပိန်သားဟာ တီကိုအသင်းထံကနေ နွေရာသီတုန်းက ရောက်လာခဲ့တာဖြစ်ကာ စက်တင်ဘာလတုန်းက အက်စတွန်ဗီလာ အသင်းနဲ့ပွဲမှာ ပွဲဦးထွက်ပါဝင်ကစားခွင့်ရခဲ့ပေမယ့် ပထမပိုင်းအပြီးမှာ လူစားလဲခံခဲ့ရပါတယ်။

အဲ့နောက် နယူးကာဆယ်အသင်းနဲ့ပွဲမှာလည်း ၂ မိနစ်သာ ကစားခွင့်ရခဲ့ကာ ဝက်ဖို့ဒ်နဲ့ပွဲမှာလည်း ထပ်မံ လူစားလဲခံ ခဲ့ရပါတယ်။ ဂျော်ဂျင်ဟိုတစ်ယောက် ကြံ့ခိုင်မှုမပြည့်တာကြောင့် အသက် ၂၇ နှစ်သားက အခွင့်အရေးရခဲ့ပေမယ့် ဝက်ဖို့ဒ်နဲ့ပွဲမှာ ပထမပိုင်းပဲ ကစားခွင့်ရခဲ့တာဖြစ်ပါတယ်။

ဆာအူးလ်ဟာ ဒုတိယပိုင်းမှာ နောက်ခံလူ သီယာဂိုဆေးလ်ဗားနဲ့ လူစားလဲခဲ့တာဖြစ်ကာ ဇီယက်ချ်ရဲ့ ဒုတိယဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

ဆာအူးလ်ဟာ ချယ်နဲ့အတူ ပွဲထွက်ခွင့်ရခဲ့ပေမယ့် ရုန်းကန်နေရဆဲဖြစ်ကာ တူချယ်က ဆာအူးလ်ကို လူစားလဲ ခဲ့ရတာဟာ နည်းစနစ်ပိုင်းကြောင့်လို့ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် တူချယ်ဟာ ဆာအူးလ် အနာဂတ်နဲ့ ပတ်သက်ပြီး ပြောကြားဖို့တော့ ငြင်းဆန်ခဲ့ပါတယ်။

“လက်ရှိစွမ်းဆောင်ရည်က သူ့ရဲ့အကောင်းဆုံး စွမ်းဆောင်ရည်လားဆိုတာတော့ ကျွန်တော် မသိပါဘူး။ ဒါပေမယ့် သူ အဝါကတ်ထိခဲ့တာကြောင့် ရွေးချယ်စရာ ၂ ခုလုပ်ခဲ့ရပါတယ်။

အလွန်ဆိုကို ထုတ်ပြီး ဆာအူးလ်ကို တောင်ပံပို့မလား ဒါမှမဟုတ် အလွန်ဆို တစ်ခုခုဖြစ်ခဲ့ရင် မှန်ကန်တဲ့ လူစားလဲမှု မဖြစ်လာနိုင်ပါဘူး။ အဲ့တာကြောင့် ဆာအူးလ်ကို လူစားလဲလိုက်ရတာပါ။ နည်းစနစ်ပိုင်းအရ လူစားလဲခဲ့ရတာပါ”လို့ တူချယ်က ပြောကြားခဲ့ပါတယ်။

ဆာအူးလ်ဟာ မယ်လ်မို နဲ့ ဂျူဗင်တပ်စ်တို့ကိုအနိုင်ရရှိခဲ့တဲ့ပွဲမှာ လူစားဝင်ကစားခွင့်ရခဲ့ပြီး ဗီလာ နဲ့ ဆောက်သမ်တန် တို့ကို အနိုင်ရရှိခဲ့တဲ့ ကာရာဘောင်း ဖလားပွဲတွေမှာ ပွဲဦးထွက် ပါဝင်ကစားခွင့်ရခဲ့ပါတယ်။

ZG

အက္သလက္တီကို ကြင္းလယ္လူ ဆာအူးလ္ နီဂြက္ဇ္ အတြက္ ခ်ယ္ဆီးမွာ အငွား လာကစားတာက အဆိုးဝါးဆုံးလို႔ ဆိုႏိုင္ၿပီး အခုလည္း ဝက္ဖို႔ဒ္နဲ႔ပြဲမွာ ထပ္မံ လူစားလဲခံခဲ့ရပါတယ္။

စပိန္သားဟာ တီကိုအသင္းထံကေန ေႏြရာသီတုန္းက ေရာက္လာခဲ့တာျဖစ္ကာ စက္တင္ဘာလတုန္းက အက္စတြန္ဗီလာ အသင္းနဲ႔ပြဲမွာ ပြဲဦးထြက္ပါဝင္ကစားခြင့္ရခဲ့ေပမယ့္ ပထမပိုင္းအၿပီးမွာ လူစားလဲခံခဲ့ရပါတယ္။

အဲ့ေနာက္ နယူးကာဆယ္အသင္းနဲ႔ပြဲမွာလည္း ၂ မိနစ္သာ ကစားခြင့္ရခဲ့ကာ ဝက္ဖို႔ဒ္နဲ႔ပြဲမွာလည္း ထပ္မံ လူစားလဲခံ ခဲ့ရပါတယ္။ ေဂ်ာ္ဂ်င္ဟိုတစ္ေယာက္ ႀကံ့ခိုင္မႈမျပည့္တာေၾကာင့္ အသက္ ၂၇ ႏွစ္သားက အခြင့္အေရးရခဲ့ေပမယ့္ ဝက္ဖို႔ဒ္နဲ႔ပြဲမွာ ပထမပိုင္းပဲ ကစားခြင့္ရခဲ့တာျဖစ္ပါတယ္။

ဆာအူးလ္ဟာ ဒုတိယပိုင္းမွာ ေနာက္ခံလူ သီယာဂိုေဆးလ္ဗားနဲ႔ လူစားလဲခဲ့တာျဖစ္ကာ ဇီယက္ခ်္ရဲ႕ ဒုတိယဂိုးနဲ႔ အႏိုင္ရရွိခဲ့ပါတယ္။

ဆာအူးလ္ဟာ ခ်ယ္နဲ႔အတူ ပြဲထြက္ခြင့္ရခဲ့ေပမယ့္ ႐ုန္းကန္ေနရဆဲျဖစ္ကာ တူခ်ယ္က ဆာအူးလ္ကို လူစားလဲ ခဲ့ရတာဟာ နည္းစနစ္ပိုင္းေၾကာင့္လို႔ ေျပာၾကားခဲ့ပါတယ္။ ဒါေပမယ့္ တူခ်ယ္ဟာ ဆာအူးလ္ အနာဂတ္နဲ႔ ပတ္သက္ၿပီး ေျပာၾကားဖို႔ေတာ့ ျငင္းဆန္ခဲ့ပါတယ္။

“လက္ရွိစြမ္းေဆာင္ရည္က သူ႔ရဲ႕အေကာင္းဆုံး စြမ္းေဆာင္ရည္လားဆိုတာေတာ့ ကြၽန္ေတာ္ မသိပါဘူး။ ဒါေပမယ့္ သူ အဝါကတ္ထိခဲ့တာေၾကာင့္ ေ႐ြးခ်ယ္စရာ ၂ ခုလုပ္ခဲ့ရပါတယ္။

အလြန္ဆိုကို ထုတ္ၿပီး ဆာအူးလ္ကို ေတာင္ပံပို႔မလား ဒါမွမဟုတ္ အလြန္ဆို တစ္ခုခုျဖစ္ခဲ့ရင္ မွန္ကန္တဲ့ လူစားလဲမႈ မျဖစ္လာႏိုင္ပါဘူး။ အဲ့တာေၾကာင့္ ဆာအူးလ္ကို လူစားလဲလိုက္ရတာပါ။ နည္းစနစ္ပိုင္းအရ လူစားလဲခဲ့ရတာပါ”လို႔ တူခ်ယ္က ေျပာၾကားခဲ့ပါတယ္။

ဆာအူးလ္ဟာ မယ္လ္မို နဲ႔ ဂ်ဴဗင္တပ္စ္တို႔ကိုအႏိုင္ရရွိခဲ့တဲ့ပြဲမွာ လူစားဝင္ကစားခြင့္ရခဲ့ၿပီး ဗီလာ နဲ႔ ေဆာက္သမ္တန္ တို႔ကို အႏိုင္ရရွိခဲ့တဲ့ ကာရာေဘာင္း ဖလားပြဲေတြမွာ ပြဲဦးထြက္ ပါဝင္ကစားခြင့္ရခဲ့ပါတယ္။