ချယ်ဆီးမှာ အပယ်ခံ ဖြစ်ခဲ့ပေမယ့် ရိုးမားမှာ ဟီးရိုး ဖြစ်ပြီး ဂိုးသွင်းကောင်းနေတဲ့ အေဘရာဟမ်

တိုက်စစ်မှူး တန်မီ အေဘရာဟမ် ကတော့ ချယ်ဆီးမှာ ချောင်ထိုးခံရပြီး အပယ်ခံ ဖြစ်ခဲ့ပေမယ့် ဒီရာသီမှာ ရိုးမားအတွက် ကယ်တင်ရှင် ဟီးရိုးလို ဖြစ်နေပြီး တိုရီနိုနဲ့ပွဲမှာလည်း တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူ ပေးခဲ့ပါတယ်။

အသက် ၂၄ နှစ် အရွယ် အင်္ဂလန် လက်ရွေးစင်အေဘရာဟမ် ဟာဒီရာသီမှာ ရိုးမားအတွက်ပြိုင်ပွဲစုံ ၈ ဂိုး သွင်းယူပြီး သူ့ရဲ့ စွမ်းဆောင်ရည်ကို ပြသနေခဲ့တာပါ။

အေဘရာဟမ် ဟာ ပွဲချိန် ၃၂ မိနစ်မှာ ကစားဖော်ဖြစ်တဲ့ ခီတာယန်ရဲ့ဘောလုံးပေးပို့ ဖန်တီပေးနိုင်မှုကို သေသပ်စွာနဲ့ ထိန်းသိမ်းပြီးဂိုးသွင်းယူခဲ့တာပါ။

ဒီနိုင်ပွဲကြောင့် မော်ရင်ဟိုရဲ့ ရိုးမားအသင်းဟာလည်း စီးရီးအေအမှတ်ပေးဇယားမှာအဆင့် ၅ ရေရာမှာရှိစေခဲ့ပါတယ်။ အေဘရာဟမ်ဟာပြီးခဲ့တဲ့ ကြာသပတေးနေ့တုန်းက ယူရိုပါကွန်ဖရန့်လိဂ်မှာ ဇော်ယာကို အနိုင်ရခဲ့ရာမှာလည်း နောက်ပြန် ကန်ချက် အပါအဝင် ၂ ဂိုး သွင်းယူထားခဲ့ပါသေးတယ်။

ချယ်ဆီးအသင်းရဲ့ အကယ်ဒီမီကနေ ထွက်ပေါ်လာသူဖြစ်ပေမယ့် အေဘရာဟမ်ဟာ ဘရစ္စတိုး၊ ဆွမ်ဆီးနဲ့ ဗီလာ အသင်းတို့မှာ အငှားသွားကစား ခဲ့ရသေးပြီး ချယ်ဆီးမှာ အဆင်မပြေတော့တဲ့အဆုံး ၂၀၂၁ နွေရာသီက ရိုးမား အသင်းထံ ပေါင် ၃၄ သန်းနဲ့ပြောင်းရွှေ့သွားပါတယ်။

ချယ်ဆီး ကလည်း အေဘရာဟမ်နဲ့ မဖြစ်လို့လမ်ခွဲခဲ့ရပေမယ့် ကစားသမားရဲ့အစွမ်းအစကိုသိထားတဲ့ အတွက် အချိန်တန်လို့ သူတို့ ပြန်ဝယ်ချင်ရင် သတ်မှတ်တန်ကြေး တစ်ခုနဲ့ ရောင်းရမယ်ဆိုတဲ့ အချက်ကို စာချုပ်ထဲမှာ ထည့်သွင်းခဲ့ပါတယ်။

ဒီတန်ကြေးကတော့ပေါင် ၆၈ သန်း ဖြစ်ပြီး ခေတ်ကာလပေါက်ဈေးနဲ့ဆို အတော်ကလေးကိုတန်တဲ့ ပမာဏ ဖြစ်လာမယ် လို့ ပြောရမှာပါ။ ဒါပေမယ့်လည်း အေဘရာဟမ်က ရိုးမားမှာ အဆင်ပြေ ပျော်ရွှင်နေပြီး ကိုယ့်အိမ်လို ဖြစ်နေပြီလို့ ပြောဆိုထားပြီ ဖြစ်ပါတယ်။

Zawgyi

တိုက္စစ္မႉး တန္မီ ေအဘရာဟမ္ ကေတာ့ ခ်ယ္ဆီးမွာ ေခ်ာင္ထိုးခံရျပီး အပယ္ခံ ျဖစ္ခဲ့ေပမယ့္ ဒီရာသီမွာ ႐ိုးမားအတြက္ ကယ္တင္ရွင္ ဟီးရိုးလို ျဖစ္ေနၿပီး တိုရီႏိုနဲ႔ပြဲမွာလည္း တစ္လုံးတည္းေသာ အႏိုင္ဂိုးကို သြင္းယူ ေပးခဲ့ပါတယ္။

အသက္ ၂၄ ႏွစ္ အရြယ္ အဂၤလန္ လက္ေ႐ြးစင္ေအဘရာဟမ္ ဟာဒီရာသီမွာ ႐ိုးမားအတြက္ၿပိဳင္ပြဲစုံ ၈ ဂိုး သြင္းယူၿပီး သူ႔ရဲ႕ စြမ္းေဆာင္ရည္ကို ျပသေနခဲ့တာပါ။

ေအဘရာဟမ္ ဟာ ပြဲခ်ိန္ ၃၂ မိနစ္မွာ ကစားေဖာ္ျဖစ္တဲ့ ခီတာယန္ရဲ႕ေဘာလုံးေပးပို႔ ဖန္တီေပးႏိုင္မႈကို ေသသပ္စြာနဲ႔ ထိန္းသိမ္းၿပီးဂိုးသြင္းယူခဲ့တာပါ။

ဒီႏိုင္ပြဲေၾကာင့္ ေမာ္ရင္ဟိုရဲ႕ ႐ိုးမားအသင္းဟာလည္း စီးရီးေအအမွတ္ေပးဇယားမွာအဆင့္ ၅ ေရရာမွာရွိေစခဲ့ပါတယ္။ ေအဘရာဟမ္ဟာၿပီးခဲ့တဲ့ ၾကာသပေတးေန႔တုန္းက ယူ႐ိုပါကြန္ဖရန႔္လိဂ္မွာ ေဇာ္ယာကို အႏိုင္ရခဲ့ရာမွာလည္း ေနာက္ျပန္ ကန္ခ်က္ အပါအဝင္ ၂ ဂိုး သြင္းယူထားခဲ့ပါေသးတယ္။

ခ်ယ္ဆီးအသင္းရဲ႕ အကယ္ဒီမီကေန ထြက္ေပၚလာသူျဖစ္ေပမယ့္ ေအဘရာဟမ္ဟာ ဘရစၥတိုး၊ ဆြမ္ဆီးနဲ႔ ဗီလာ အသင္းတို႔မွာ အငွားသြားကစား ခဲ့ရေသးျပီး ခ်ယ္ဆီးမွာ အဆင္မေျပေတာ့တဲ့အဆုံး ၂၀၂၁ ေႏြရာသီက ႐ိုးမား အသင္းထံ ေပါင္ ၃၄ သန္းနဲ႔ေျပာင္းေ႐ႊ႕သြားပါတယ္။

ခ်ယ္ဆီး ကလည္း ေအဘရာဟမ္နဲ႔ မျဖစ္လို႔လမ္ခြဲခဲ့ရေပမယ့္ ကစားသမားရဲ႕အစြမ္းအစကိုသိထားတဲ့ အတြက္ အခ်ိန္တန္လို႔ သူတို႔ ျပန္ဝယ္ခ်င္ရင္ သတ္မွတ္တန္ေၾကး တစ္ခုနဲ႔ ေရာင္းရမယ္ဆိုတဲ့ အခ်က္ကို စာခ်ဳပ္ထဲမွာ ထည့္သြင္းခဲ့ပါတယ္။

ဒီတန္ေၾကးကေတာ့ေပါင္ ၆၈ သန္း ျဖစ္ၿပီး ေခတ္ကာလေပါက္ေဈးနဲ႔ဆို အေတာ္ကေလးကိုတန္တဲ့ ပမာဏ ျဖစ္လာမယ္ လို႔ ေျပာရမွာပါ။ ဒါေပမယ့္လည္း ေအဘရာဟမ္က ရိုးမားမွာ အဆင္ေျပ ေပ်ာ္ရႊင္ေနျပီး ကိုယ့္အိမ္လို ျဖစ္ေနျပီလို႔ ေျပာဆိုထားျပီ ျဖစ္ပါတယ္။