ချယ်ဆီးက ခံစစ်အသင်းကြီးပါလို့ ပိုချက် ဝေဖန်မှု အပေါ် အရေးစိုက်မနေတဲ့ တူချယ်

ချယ်ဆီးအသင်းဟာ ခံစစ် ပိတ် ကစားလွန်းတယ် ဆိုတဲ့ ပိုချက်တီနိုရဲ့ စွပ်စွဲ ဝေဖန်မှု အပေါ် ဘယ်လို သဘောရလဲလို့ မေးမြန်းခံခဲ့ရရာ ချယ်ဆီး နည်းပြ တူချယ်ကတော့ ဒါတွေကို အရေးမစိုက်ကြောင်း တုန့်ပြန်ပြောဆိုလာခဲ့ပါတယ်။

ဒီရာသီ လန်ဒန်ကလပ်ရဲ့ ခံစစ် စွမ်းရည်က အသိအမှတ်ပြုဖွယ် ထူးချွန်လွန်းတာကြောင့် ပေးဂိုးမရှိ လေးပွဲ ရထားပြီး တစ်ဂိုးသာ ပေးထားရပါတယ်။ ပရီးမီးယားလိဂ်မှာလည်း ချယ်ဆီး ပေးဂိုးက ၄ ဂိုးသာ ရှိထားတာပါ။

ပီအက်စ်ဂျီ အသင်း နည်းပြ ပိုချက်တီနိုက – ” ချယ်ဆီးက ခံစစ်ကစားတဲ့ အသင်းပါ။ သူတို့က ကစားကွက် အကူးအပြောင်း လုပ်ဖို့ စောင့်ပြီး ကောင်းတာ ကစားတာလေ။ ” လို့ ပြောဆိုထားခဲ့ပါတယ်။

ဒီလို မှတ်ချက် စကားသံတွေ အပေါ် ဘယ်လို သဘောရလဲလို့ တူချယ်က မေးမြန်းခံခဲ့ရရာ ချယ်ဆီးနည်းပြ ဝေဖန်မှုတွေကို အရေးမစိုက်ကြောင်း တုန့်ပြန်ခဲ့ပါတယ်။

” ကျနော်က လူတွေ ကျနော်တို့အကြောင်း ဘာပြောလဲ ဆိုတာ သိပ်ကြီး နားစွင့်လေ့ ရှိတာ မဟုတ်ဘူး။ ကိုယ့်အသင်း ကိုယ်ပဲ စိတ်နှစ်ထားတာ။ ကိုယ့်လူတွေနဲ့ ကိုယ် အဆင်ပြေနေရင် ပြီးတာပဲလေ။ ကျနော်တို့ ပထမ နေ့ရက်တည်းက ခံစစ်ပိုင်းကို ရဲရဲရင့်ရင့် သေချာ ချဉ်းကပ်ခဲ့တာပါ။

ဒါပေမယ့် လူတွေ ကျနော်တို့ အကြောင်း ဘာပြောမလဲ ဆိုတာ တွေးပူမနေပါဘူး။ ပွဲထဲမှာ အဘက်ဘက်က ကျနော်တို့ တောင့်တင်းနေချင်တယ်။ ပွဲတစ်ပွဲ ဆိုတာက ရှုပ်ထွေးပါတယ်။ ခံစစ် ကောင်းကောင်း ထားရတာ ရှိသလို တိုက်စစ်အတွက် နေရာလွတ်တွေလည်း ကြည့်ရတယ်လေ။

ဒီရှုပ်ထွေးတဲ့ ကိစ္စတွေကိုပဲ ကျနော်တို့ အတူ လုပ်ဆောင်နေရတာပါ။ အသင်းလိုက် အားထုတ်မှုကနေ ဒီအသင်း အရည်အသွေးတွေကို ထုတ်ဖော်ရတာပဲ ဖြစ်တယ်။ ဒီအခြေအနေထိ ရောက်လာတာအတွက် ကျနော့် အသင်းသားတွေ စွမ်းဆောင်မှု အပေါ် အသိအမှတ်ပြုရမှာပါ။” လို့ တူချယ်က ပြောဆိုခဲ့ပါတယ်။

ZG

ခ်ယ္ဆီးအသင္းဟာ ခံစစ္ ပိတ္ ကစားလြန္းတယ္ ဆိုတဲ့ ပိုခ်က္တီနိုရဲ႕ စြပ္စြဲ ေဝဖန္မႈ အေပၚ ဘယ္လို သေဘာရလဲလို႔ ေမးျမန္းခံခဲ့ရရာ ခ်ယ္ဆီး နည္းျပ တူခ်ယ္ကေတာ့ ဒါေတြကို အေရးမစိုက္ေၾကာင္း တုန္႔ျပန္ေျပာဆိုလာခဲ့ပါတယ္။

ဒီရာသီ လန္ဒန္ကလပ္ရဲ႕ ခံစစ္ စြမ္းရည္က အသိအမွတ္ျပဳဖြယ္ ထူးခၽြန္လြန္းတာေၾကာင့္ ေပးဂိုးမရွိ ေလးပြဲ ရထားျပီး တစ္ဂိုးသာ ေပးထားရပါတယ္။ ပရီးမီးယားလိဂ္မွာလည္း ခ်ယ္ဆီး ေပးဂိုးက ၄ ဂိုးသာ ရွိထားတာပါ။

ပီအက္စ္ဂ်ီ အသင္း နည္းျပ ပိုခ်က္တီနိုက – ” ခ်ယ္ဆီးက ခံစစ္ကစားတဲ့ အသင္းပါ။ သူတို႔က ကစားကြက္ အကူးအေျပာင္း လုပ္ဖို႔ ေစာင့္ျပီး ေကာင္းတာ ကစားတာေလ။ ” လို႔ ေျပာဆိုထားခဲ့ပါတယ္။

ဒီလို မွတ္ခ်က္ စကားသံေတြ အေပၚ ဘယ္လို သေဘာရလဲလို႔ တူခ်ယ္က ေမးျမန္းခံခဲ့ရရာ ခ်ယ္ဆီးနည္းျပ ေဝဖန္မႈေတြကို အေရးမစိုက္ေၾကာင္း တုန္႔ျပန္ခဲ့ပါတယ္။

” က်ေနာ္က လူေတြ က်ေနာ္တို႔အေၾကာင္း ဘာေျပာလဲ ဆိုတာ သိပ္ၾကီး နားစြင့္ေလ့ ရွိတာ မဟုတ္ဘူး။ ကိုယ့္အသင္း ကိုယ္ပဲ စိတ္နွစ္ထားတာ။ ကိုယ့္လူေတြနဲ႕ ကိုယ္ အဆင္ေျပေနရင္ ျပီးတာပဲေလ။ က်ေနာ္တို႔ ပထမ ေန႔ရက္တည္းက ခံစစ္ပိုင္းကို ရဲရဲရင့္ရင့္ ေသခ်ာ ခ်ဥ္းကပ္ခဲ့တာပါ။

ဒါေပမယ့္ လူေတြ က်ေနာ္တို႔ အေၾကာင္း ဘာေျပာမလဲ ဆိုတာ ေတြးပူမေနပါဘူး။ ပြဲထဲမွာ အဘက္ဘက္က က်ေနာ္တို႔ ေတာင့္တင္းေနခ်င္တယ္။ ပြဲတစ္ပြဲ ဆိုတာက ရႈပ္ေထြးပါတယ္။ ခံစစ္ ေကာင္းေကာင္း ထားရတာ ရွိသလို တိုက္စစ္အတြက္ ေနရာလြတ္ေတြလည္း ၾကည့္ရတယ္ေလ။

ဒီရႈပ္ေထြးတဲ့ ကိစၥေတြကိုပဲ က်ေနာ္တို႔ အတူ လုပ္ေဆာင္ေနရတာပါ။ အသင္းလိုက္ အားထုတ္မႈကေန ဒီအသင္း အရည္အေသြးေတြကို ထုတ္ေဖာ္ရတာပဲ ျဖစ္တယ္။ ဒီအေျခအေနထိ ေရာက္လာတာအတြက္ က်ေနာ့္ အသင္းသားေတြ စြမ္းေဆာင္မႈ အေပၚ အသိအမွတ္ျပဳရမွာပါ။” လို႔ တူခ်ယ္က ေျပာဆိုခဲ့ပါတယ္။