ကင်းပါဝါကွင်းမှာ သက်တောင့်သက်သာ ဂိုးပြတ် အနိုင်ယူပြသွားတဲ့ ချယ်ဆီး

ချယ်ဆီးအသင်းဟာ စနေည ပရီးမီးယားလိဂ်ပွဲမှာ လက်စတာကို အဝေးကွင်း ကင်းပါဝါမှာ သွားရောက် ရင်ဆိုင်ရတာ ဖြစ်ပေမယ့် သက်တောင့်သက်သာ ဂိုးပြတ် နိုင်ပွဲတစ်ပွဲ ဖြစ်ခဲ့ပါတယ်။ လက်စတာရဲ့ ခြေစွမ်းက ချယ်ဆီး ကို ဘယ်လိုမှ ယှဉ်နိုင်ခြင်း မရှိခဲ့ပါဘူး။

မန်ယူနည်းပြ ဖြစ်လာမယ် သတင်းတွေထွက်နေတဲ့ ဘရန်ဒန်ရော်ဂျာရဲ့ လက်စတာ အသင်းဟာ လိုအပ်ချက်တွေ တော်တော် များခဲ့ပြီး ချယ်ဆီး ကွင်းလယ်က ဂျော်ဂျင်ဟို၊ ကန်တေ၊ မေဆင်မောင့်တို့ရဲ့ကွင်းလယ် လုပ်အားနှုန်းကို မယှဉ်နိုင်ဘဲ သိသိသာသာ ကွာဟခဲ့ပါတယ်။

ပွဲကစားချိန် (၁၄) မိနစ်မှာပဲ ချယ်ဆီးတို့ အဖွင့်ဂိုးရခဲ့ပြီး ဘင်ချီဝဲလ်ရဲ့ ထောင့်ကန်ဘောက တစ်ဆင့် ရူဒီဂါက ခေါင်းတိုက် သွင်းယူခဲ့ပါတယ်။ ဒီဂိုးမှာ လက်စတာနောက်တန်းက လူကပ်ပုံတော်တော်လေး အားနည်းခဲ့တာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။

အဲဒီနောက် မိနစ် (၃၀) မပြည့်ခင်မှာတင် ချယ်ဆီးတို့ ဒုတိယဦးဆောင်ဂိုးရခဲ့ပြီး ကန်တေက ကွင်းလယ်ကနေ ဆွဲပြေးရင်း ဧရိယာထိပ်အရောက်မှာ ဘယ်ခြေနဲ့ ကန်သွင်းခဲ့တာပါ။ ဒုတိယပိုင်းမှာ လက်စတာက လွတ်ခ်မန်း၊ ဘားနက်စ်တို့ရဲ့နေရာမှာ အီဟီယန်နာချို၊ မက်ဒီဆင်တို့ကို ထည့်သွင်း ခဲ့ပေမယ့် သိပ်တော့ ထိရောက်မှုမရှိပါဘူး။

ချယ်ဆီး အတွက် တတိယဂိုးကို လူစားဝင် ကစားသမားနှစ်ယောက်ဖြစ်တဲ့ ဇီယက်ချ်၊ ပူလီဆစ်တို့ရဲ့အချိတ်အဆက်ကနေ ပူလီဆစ်က ဂိုးသမားနဲ့ အနီးကပ် အနေအထားမှာ ကန်သွင်းယူခဲ့တာပါ။ ဒီနိုင်ပွဲကြောင့် ချယ်ဆီးတို့ အမှတ်ပေးဇယား ထိပ်ဆုံးမှာ ဆက်လက် ရပ်တည်နိုင်ခဲ့သလို ပြိုင်ပွဲစုံရှုံးပွဲမရှိစံချိန်ကလည်း (၉) ပွဲ ဆက်တိုက် ရှိလာခဲ့ပြီဖြစ်ပါတယ်။

ချယ်ဆီးခံစစ်မှုး ရူဒီဂါဟာ လက်စတာဘက်ကို ၄ဂိုးအထိသွင်းထားပြီး အခြားအသင်းကို သွင်းတဲ့ဂိုးထက် ပိုများ နေပါတယ်။ လက်စတာကလည်း ဒီရာသီ ပရီးမီးယားလိဂ်မှာ တည်ကန်ဘောကနေ ပေးဂိုး အများဆုံး ပေးရတဲ့ အသင်းလည်း ဖြစ်လာပါတယ်။

Zawgyi

ခ်ယ္ဆီးအသင္းဟာ စေနည ပရီးမီးယားလိဂ္ပြဲမွာ လက္စတာကို အေဝးကြင္း ကင္းပါဝါမွာ သြားေရာက္ ရင္ဆိုင္ရတာ ျဖစ္ေပမယ့္ သက္ေတာင့္သက္သာ ဂိုးျပတ္ ႏိုင္ပြဲတစ္ပြဲ ျဖစ္ခဲ့ပါတယ္။ လက္စတာရဲ႕ ေျခစြမ္းက ခ်ယ္ဆီး ကို ဘယ္လိုမွ ယွဥ္နိုင္ျခင္း မရွိခဲ့ပါဘူး။

မန္ယူနည္းျပ ျဖစ္လာမယ္ သတင္းေတြထြက္ေနတဲ့ ဘရန္ဒန္ေရာ္ဂ်ာရဲ႕ လက္စတာ အသင္းဟာ လိုအပ္ခ်က္ေတြ ေတာ္ေတာ္ မ်ားခဲ့ျပီး ခ်ယ္ဆီး ကြင္းလယ္က ေဂ်ာ္ဂ်င္ဟို၊ ကန္ေတ၊ ေမဆင္ေမာင့္တို႔ရဲ႕ကြင္းလယ္ လုပ္အားႏႈန္းကို မယွဥ္ႏိုင္ဘဲ သိသိသာသာ ကြာဟခဲ့ပါတယ္။

ပြဲကစားခ်ိန္ (၁၄) မိနစ္မွာပဲ ခ်ယ္ဆီးတို႔ အဖြင့္ဂိုးရခဲ့ၿပီး ဘင္ခ်ီဝဲလ္ရဲ႕ ေထာင့္ကန္ေဘာက တစ္ဆင့္ ႐ူဒီဂါက ေခါင္းတိုက္ သြင္းယူခဲ့ပါတယ္။ ဒီဂိုးမွာ လက္စတာေနာက္တန္းက လူကပ္ပုံေတာ္ေတာ္ေလး အားနည္းခဲ့တာကိုလည္း ျမင္ေတြ႕ခဲ့ရပါတယ္။

အဲဒီေနာက္ မိနစ္ (၃၀) မျပည့္ခင္မွာတင္ ခ်ယ္ဆီးတို႔ ဒုတိယဦးေဆာင္ဂိုးရခဲ့ၿပီး ကန္ေတက ကြင္းလယ္ကေန ဆြဲေျပးရင္း ဧရိယာထိပ္အေရာက္မွာ ဘယ္ေျခနဲ႔ ကန္သြင္းခဲ့တာပါ။ ဒုတိယပိုင္းမွာ လက္စတာက လြတ္ခ္မန္း၊ ဘားနက္စ္တို႔ရဲ႕ေနရာမွာ အီဟီယန္နာခ်ိဳ၊ မက္ဒီဆင္တို႔ကို ထည့္သြင္း ခဲ့ေပမယ့္ သိပ္ေတာ့ ထိေရာက္မႈမရွိပါဘူး။

ခ်ယ္ဆီး အတြက္ တတိယဂိုးကို လူစားဝင္ ကစားသမားႏွစ္ေယာက္ျဖစ္တဲ့ ဇီယက္ခ်္၊ ပူလီဆစ္တို႔ရဲ႕အခ်ိတ္အဆက္ကေန ပူလီဆစ္က ဂိုးသမားနဲ႔ အနီးကပ္ အေနအထားမွာ ကန္သြင္းယူခဲ့တာပါ။ ဒီႏိုင္ပြဲေၾကာင့္ ခ်ယ္ဆီးတို႔ အမွတ္ေပးဇယား ထိပ္ဆုံးမွာ ဆက္လက္ ရပ္တည္ႏိုင္ခဲ့သလို ၿပိဳင္ပြဲစုံရႈံးပြဲမရွိစံခ်ိန္ကလည္း (၉) ပြဲ ဆက္တိုက္ ရွိလာခဲ့ၿပီျဖစ္ပါတယ္။

ခ်ယ္ဆီးခံစစ္မႈး ႐ူဒီဂါဟာ လက္စတာဘက္ကို ၄ဂိုးအထိသြင္းထားၿပီး အျခားအသင္းကို သြင္းတဲ့ဂိုးထက္ ပိုမ်ား ေနပါတယ္။ လက္စတာကလည္း ဒီရာသီ ပရီးမီးယားလိဂ္မွာ တည္ကန္ေဘာကေန ေပးဂိုး အမ်ားဆံုး ေပးရတဲ့ အသင္းလည္း ျဖစ္လာပါတယ္။