ချယ်ဆီးကို အနိုင်ကန်နိုင်မယ်လို့ ယုံကြည်ချက်ကောင်း ရှိနေတဲ့ လက်စတာ ခံစစ်မှုး ပါရဲရား

လက်စတာနဲ့ ချယ်ဆီး အသင်းတို့ ဟာ ဒီနေ့ စနေနေ့ည ကင်းပါဝါကွင်းမှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။ လက်စတာ အသင်းနောက်ခံလူ ရီကာဒို ပါရဲရားက သူတို့ အသင်းဟာ ချယ်ဆီး အသင်းရဲ့ ၈ပွဲဆက် ရှုံးပွဲမရှိသေးတာကို အဆုံးသတ်ပေးပြီး ဒီပွဲမှာ သူတို့ အနိုင်ယူဖို့ အခွင့်ကောင်း ရှိတယ် ယုံကြည်ထားပါတယ်။

ဒါပေမယ့် လက်စတာ အသင်းဟာ ဒီရာသီမှာ ရလဒ်တွေဆိုးရွားနေပြီး (၄)ပွဲ ရှုံးနိမ့်ထားပြီးလည်းဖြစ်ပါတယ်။ ရီကာဒို ပါရဲရား က ဒီပွဲဟာ ခက်ခဲမှာဖြစ်ပေမယ့် သူတို့ အကောင်းဆုံးလုပ်ဆောင်နိုင်မယ်ဆိုတာကို အပေါင်းလက္ခဏာ ဆောင် ရှုမြင်နေတာလည်းဖြစ်ပါတယ်။

“ ချယ်ဆီးနဲ့ ပွဲက အလွန်ခက်ခဲမယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။သူတို့ဟာ ဒီရာသီမှာ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ပြသထားပြီး ထိပ်ဆုံးနေရာမှာ ထိုက်တန်စွာ ရပ်တည်နေပါတယ်။ ချယ်ဆီး ဟာ အမြဲတမ်း ကစားရခက်ခဲတဲ့ အသင်းပါ။ သူတို့မှာ ကစားသမားကောင်းတွေရှိသလို ထိပ်တန်းနည်းပြလည်း ရှိပါတယ်။

ဒါပေမယ့် နိုင်ပွဲရဖို့ အတွက် ကျွန်တော်တို့ အစွမ်းကုန်ကြိုးစားရမှာပါ။ ကျွန်တော်တို့ဟာ ကိုယ့်ကိုကိုယ်ပဲ အာရုံစိုက်ရမှာပါ။ ကျွန်တော်တို့ အကောင်းဆုံး လုပ်နိုင်ရင် နိုင်ပွဲရဖို့ အခွင့်ရေးကောင်းရှိပါတယ်။ ကိုယ့်ကိုကိုယ် အာရုံစိုက်ဖို့ ကသာ အရေးကြီးပါတယ်။ အပြုသဘောဆောင်တဲ့ စိတ်ထားတွေနဲ့ ဒီပွဲကို ကစားသွားမှာပါ”လို့
ရီကာဒို ပါရဲရား က ပြောခဲ့တာဖြစ်ပါတယ်။

လက်စတာ အသင်းဟာ လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့်(၁၂)နေရာမှာ ရပ်တည်နေတာဖြစ်ပြီး ထိပ်ဆုံးနေရာက ချယ်ဆီး အသင်းနဲ့ (၁၁)မှတ် ကွာဟနေတာလည်းဖြစ်ပါတယ်။ လက်စတာ အသင်းဟာ ပြီးခဲ့တဲ့ (၂)ရာသီက အထင်ကြီးစရာ ကောင်းတဲ့ ခြေစွမ်းပြသခဲ့ပြီး အာဆင်နယ်၊ စပါးတို့ရဲ့အထက်မှာ ရပ်တည်နိုင်ခဲ့တာပါ။

ZG

လက္စတာနဲ႔ ခ်ယ္ဆီး အသင္းတို႔ ဟာ ဒီေန႔ စေနေန႔ည ကင္းပါဝါကြင္းမွာ ပရီးမီးယားလိဂ္ပြဲစဥ္အျဖစ္ ယွဥ္ၿပိဳင္ၾကမွာျဖစ္ပါတယ္။ လက္စတာ အသင္းေနာက္ခံလူ ရီကာဒို ပါရဲရားက သူတို႔ အသင္းဟာ ခ်ယ္ဆီး အသင္းရဲ႕ ၈ပြဲဆက္ ရႈံးပြဲမရွိေသးတာကို အဆုံးသတ္ေပးျပီး ဒီပြဲမွာ သူတို႔ အနုိင္ယူဖို႔ အခြင့္ေကာင္း ရွိတယ္ ယုံၾကည္ထားပါတယ္။

ဒါေပမယ့္ လက္စတာ အသင္းဟာ ဒီရာသီမွာ ရလဒ္ေတြဆိုး႐ြားေနၿပီး (၄)ပြဲ ရႈံးနိမ့္ထားၿပီးလည္းျဖစ္ပါတယ္။ ရီကာဒို ပါရဲရား က ဒီပြဲဟာ ခက္ခဲမွာျဖစ္ေပမယ့္ သူတို႔ အေကာင္းဆုံးလုပ္ေဆာင္ႏိုင္မယ္ဆိုတာကို အေပါင္းလကၡဏာ ေဆာင္ ရႈျမင္ေနတာလည္းျဖစ္ပါတယ္။

“ ခ်ယ္ဆီးနဲ႕ ပြဲက အလြန္ခက္ခဲမယ္ဆိုတာ ကြၽန္ေတာ္တို႔ သိပါတယ္။သူတို႔ဟာ ဒီရာသီမွာ ေကာင္းမြန္တဲ့ စြမ္းေဆာင္ရည္ေတြကို ျပသထားၿပီး ထိပ္ဆုံးေနရာမွာ ထိုက္တန္စြာ ရပ္တည္ေနပါတယ္။ ခ်ယ္ဆီး ဟာ အၿမဲတမ္း ကစားရခက္ခဲတဲ့ အသင္းပါ။ သူတို႔မွာ ကစားသမားေကာင္းေတြရွိသလို ထိပ္တန္းနည္းျပလည္း ရွိပါတယ္။

ဒါေပမယ့္ ႏိုင္ပြဲရဖို႔ အတြက္ ကြၽန္ေတာ္တို႔ အစြမ္းကုန္ႀကိဳးစားရမွာပါ။ ကၽြန္ေတာ္တို႔ဟာ ကိုယ့္ကိုကိုယ္ပဲ အာ႐ုံစိုက္ရမွာပါ။ ကြၽန္ေတာ္တို႔ အေကာင္းဆုံး လုပ္ႏိုင္ရင္ ႏိုင္ပြဲရဖို႔ အခြင့္ေရးေကာင္းရွိပါတယ္။ ကိုယ့္ကိုကိုယ္ အာ႐ုံစိုက္ဖို႔ ကသာ အေရးႀကီးပါတယ္။ အျပဳသေဘာေဆာင္တဲ့ စိတ္ထားေတြနဲ႔ ဒီပြဲကို ကစားသြားမွာပါ”လို႔
ရီကာဒို ပါရဲရား က ေျပာခဲ့တာျဖစ္ပါတယ္။

လက္စတာ အသင္းဟာ လက္ရွိ ပရီးမီးယားလိဂ္ အမွတ္ေပးဇယား အဆင့္(၁၂)ေနရာမွာ ရပ္တည္ေနတာျဖစ္ၿပီး ထိပ္ဆုံးေနရာက ခ်ယ္ဆီး အသင္းနဲ႔ (၁၁)မွတ္ ကြာဟေနတာလည္းျဖစ္ပါတယ္။ လက္စတာ အသင္းဟာ ၿပီးခဲ့တဲ့ (၂)ရာသီက အထင္ႀကီးစရာ ေကာင္းတဲ့ ေျခစြမ္းျပသခဲ့ၿပီး အာဆင္နယ္၊ စပါးတို႔ရဲ႕အထက္မွာ ရပ္တည္ႏိုင္ခဲ့တာပါ။