ဂျိမ်းစ် အစွမ်းပြလို့ လူကာကူနဲ့ ဗာနာကိုတောင် ခံစစ် သွားကစားခိုင်းရမလိုပဲ လို့ တူချယ် အရွှန်းဖောက်

ချယ်ဆီး အသင်းမှာ တိုက်စစ်မှုးတွေ ဒဏ်ရာ ရနေပေမယ့် ဂိုးသွင်းနှုန်းကတော့ ကျမသွားဘဲ အဓိက တိုက်စစ် သမားတွေ မပါတဲ့ ၃ပွဲမှာ ၁၀ဂိုးကျော်အထိ သွင်းဂိုး ရရှိထားနိုင်ခဲ့ပါတယ်။ ညက ကစားခဲ့တဲ့ နယူးကာဆယ်နဲ့ ပွဲမှာလည်း ချယ်ဆီး အသင်းဟာ ၃ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပြီး နောက်ခံလူ ရီစီဂျိမ်းရဲ့ သွင်းဂိုးတွေကိုပါ တွေ့မြင်ခဲ့ရပါတယ်။

ရီစီဂျိမ်း ကို အသုံးတည့်စွာ ထည့်ကစားနိုင်တဲ့အပေါ် တူချယ်က ဝမ်းမြောက်နေပြီး ဒီအတိုင်းဆို တိုက်စစ်မှုးတွေကို ခံစစ် ဆင်း ကစားခိုင်းရမယ့် ပုံပဲလို့ တူချယ်က အရွှန်းဖောက်ကာ ပြောဆိုခဲ့ပါတယ်။

“ကျွန်တော်တို့ရခဲ့တဲ့ ပထမဂိုးမှာ ကာလန် ရဲ့ ဘယ်တောင်ပံတစ်လျှောက် ဆွဲပြေးပြီး ခုတ်တင်ပေးခဲ့တဲ့ လှုပ်ရှားမှု မကောင်းမွန်ခဲ့ရင် အဲဒီဂိုးရဖို့ မရှိပါဘူး။ ကာလန် အဲဒီလိုဆွဲပြေးနိုင်အောင် ဘင် ချီးဝဲလ် က နေရာယူ၊ လမ်းကြောင်းဖွင့် ပေးခဲ့ပါတယ်။

တောင်ပံတွေက ခုတ်တင်ပြီဆိုရင် အနီးတိုင်မှာ ကိုင် ဟာဗာ့ဇ် ရှိတယ်၊ အလယ်မှာ ရော့စ် ဘာကလေ စောင့်နေပြီး ရူဘင် လော့ဖ်တပ်စ် ချိခ် က အဝေးတိုင်ကနေ အသင့်စောင့်နေပါတယ်။

ဒ့ါကြောင့်ကျွန်တော့်အသင်းမှာ တိုက်စစ်မှူးတွေဟာ တခါတလေမှာ တခြားသူတွေအတွက် ဂိုးသွင်းခွင့်တွေ ဖန်တီးပေးဖို့၊ နေရာလွတ်တွေ ဖန်တီးပေးဖို့ စွန့်လွှတ်မှုတွေ လုပ်ရပါတယ်။ ဒ့ါကြောင့်သူတို့ကို (လူကာကူ နှင့် ဗာနာ) အစွန်ခံစစ် တောင် ဆင်း ကစားခိုင်းရင် ကောင်းမလားပေါ့ LOL ..။

ရီစီ ဂျိမ်းစ် ကို တိုက်စစ်မှူးနေရာမှာ ထားမယ်ဆိုလည်း ဂိုးသွင်းလေ့ကျင့်ခန်း အပိုဆောင်းထပ်ပြီး လေ့ကျင့်ပေးစရာ မလိုပါဘူး။ သူက ဂိုးပေါက်ကို အားပြင်းပြင်းနဲ့ မြင်းတစ်ကောင်လိုကို ကန်နေတာပဲ။”လို့ ပြောကြားခဲ့ပါတယ်။

ZG

ခ်ယ္ဆီး အသင္းမွာ တိုက္စစ္မႈးေတြ ဒဏ္ရာ ရေနေပမယ့္ ဂိုးသြင္းႏႈန္းကေတာ့ က်မသြားဘဲ အဓိက တိုက္စစ္ သမားေတြ မပါတဲ့ ၃ပြဲမွာ ၁၀ဂိုးေက်ာ္အထိ သြင္းဂိုး ရရွိထားႏိုင္ခဲ့ပါတယ္။ ညက ကစားခဲ့တဲ့ နယူးကာဆယ္နဲ႔ ပြဲမွာလည္း ခ်ယ္ဆီး အသင္းဟာ ၃ဂိုးျပတ္နဲ႔ အႏိုင္ရရွိခဲ့ၿပီး ေနာက္ခံလူ ရီစီဂ်ိမ္းရဲ႕ သြင္းဂိုးေတြကိုပါ ေတြ႕ျမင္ခဲ့ရပါတယ္။

ရီစီဂ်ိမ္း ကို အသံုးတည့္စြာ ထည့္ကစားနိုင္တဲ့အေပၚ တူခ်ယ္က ဝမ္းေျမာက္ေနျပီး ဒီအတိုင္းဆို တိုက္စစ္မႈးေတြကို ခံစစ္ ဆင္း ကစားခိုင္းရမယ့္ ပံုပဲလို႔ တူခ်ယ္က အရႊန္းေဖာက္ကာ ေျပာဆိုခဲ့ပါတယ္။

“ကြၽန္ေတာ္တို႔ရခဲ့တဲ့ ပထမဂိုးမွာ ကာလန္ ရဲ႕ ဘယ္ေတာင္ပံတစ္ေလွ်ာက္ ဆြဲေျပးၿပီး ခုတ္တင္ေပးခဲ့တဲ့ လႈပ္ရွားမႈ မေကာင္းမြန္ခဲ့ရင္ အဲဒီဂိုးရဖို႔ မရွိပါဘူး။ ကာလန္ အဲဒီလိုဆြဲေျပးႏိုင္ေအာင္ ဘင္ ခ်ီးဝဲလ္ က ေနရာယူ၊ လမ္းေၾကာင္းဖြင့္ ေပးခဲ့ပါတယ္။

ေတာင္ပံေတြက ခုတ္တင္ၿပီဆိုရင္ အနီးတိုင္မွာ ကိုင္ ဟာဗာ့ဇ္ ရွိတယ္၊ အလယ္မွာ ေရာ့စ္ ဘာကေလ ေစာင့္ေနၿပီး ႐ူဘင္ ေလာ့ဖ္တပ္စ္ ခ်ိခ္ က အေဝးတိုင္ကေန အသင့္ေစာင့္ေနပါတယ္။

ဒ့ါေၾကာင့္ကြၽန္ေတာ့္အသင္းမွာ တိုက္စစ္မႉးေတြဟာ တခါတေလမွာ တျခားသူေတြအတြက္ ဂိုးသြင္းခြင့္ေတြ ဖန္တီးေပးဖို႔၊ ေနရာလြတ္ေတြ ဖန္တီးေပးဖို႔ စြန႔္လႊတ္မႈေတြ လုပ္ရပါတယ္။ ဒ့ါေၾကာင့္သူတို႔ကို (လူကာကူ ႏွင့္ ဗာနာ) အစြန္ခံစစ္ ေတာင္ ဆင္း ကစားခိုင္းရင္ ေကာင္းမလားေပါ့ LOL ..။

ရီစီ ဂ်ိမ္းစ္ ကို တိုက္စစ္မႉးေနရာမွာ ထားမယ္ဆိုလည္း ဂိုးသြင္းေလ့က်င့္ခန္း အပိုေဆာင္းထပ္ၿပီး ေလ့က်င့္ေပးစရာ မလိုပါဘူး။ သူက ဂိုးေပါက္ကို အားျပင္းျပင္းနဲ႕ ျမင္းတစ္ေကာင္လိုကို ကန္ေနတာပဲ။”လို႔ ေျပာၾကားခဲ့ပါတယ္။