ယူရိုပြိုင်ပွဲမှာ ခြေစွမ်းပြခဲ့ပြီးနောက် ချယ်ဆီးအသင်းရဲ့ တိုက်စစ်ပစ်မှတ်သစ် ဖြစ်လာတဲ့ ဘီရာဒီ

ချယ်ဆီး အသင်းဟာ တိုက်စစ်ပိုင်းအတွက် ဆက်ဆူအိုလို တိုက်စစ်မှူး ဘီရာဒီကို ခေါ်ယူဖို့ ပြင်ဆင်လာတယ်လို့ သိရပါတယ်။

အသက် ၂၆ နှစ်သားဟာ အခုနွေရာသီမှာ အီတလီအသင်းနဲ့ အတူ ယူရို ၂၀၂၀ မှာ ခြေစွမ်းပြနိုင်ခဲ့တာ ဖြစ်ပြီး အသင်းကြီးတွေရဲ့ သတိထားခြင်း ခံလာရပါတယ်။

တူချယ်ရဲ့ ချယ်ဆီးအသင်းဟာ ပြီးခဲ့တဲ့အပတ်တုန်းက ချီယေဆာကို ကမ်းလှမ်းခဲ့ပေမယ့် ငြင်းဆန်ခြင်းခံခဲ့ရပါတယ်။ အဆိုပါ အခြေအနေကြောင့် ဆက်ဆူအိုလိုတိုက်စစ်မှူး ဘီရာဒီဘက်ကို မြှားဦးပြန်လှည့်လာခဲ့တာဖြစ်ပါတယ်။

အခြားတစ်ဖက်မှာလည်း အေစီမီလန် ၊ လာဇီယို နဲ့ ဖီအိုရင်တီးနားတို့ကလည်း ဘီရာဒီကို စိတ်ဝင်စားနေတာပေမယ့် ကစားသမားကတော့ ပြည်ပကိုသာ ထွက်ကစားချင်နေပါတယ်။

အီတလီသား ဘီရာဒီဟာ ဆက်ဆူအိုလို အတွက် ပြီးခဲ့တဲ့ရာသီတုန်းက ၃၀ ပွဲမှာ ၁၇ ဂိုးသွင်း ၊ ၈ ဂိုး ဖန်တီးပေးနိုင်ခဲ့ပါတယ်။

ZG




