ချယ်ဆီး တိုက်စစ်မှူး တီမိုဗာနာ ကို ခေါ်ယူဖို့ စိတ်ဝင်စားလာတဲ့ ဘိုင်ယန်မြူးနစ်

မနှစ်က နွေကမှ ရက်ဘူးလိုက်ပ်ဇစ်အသင်းကနေ ချယ်ဆီးအသင်းဆီကို ရောက်ရှိလာခဲ့တဲ့ ဂျာမန် တိုက်စစ်ကစားသမား တီမိုဗာနာ ကို ဘွန်ဒစ်လီဂါ ထိပ်တန်းအသင်းကြီး ဘိုင်ယန်မြူးနစ်အသင်းကနေ ခေါ်ယူသွားဖို့ စိတ်ဝင်စားလာခဲ့တယ်လို့ သတင်း ထွက်ပေါ်လာခဲ့ပါတယ်။

ဗာနာ က သူရဲ့ ချယ်ဆီးကစားသမား ပထမရာသီမှာ ပရိသတ်တွေ မျှော်လင့်ထားသလောက် မစွမ်းဆောင်နိုင်ခဲ့တာကြောင့် အသင်းကနေပါ ပြန်လည် ရောင်းထုတ်ဖို့ နွေအစောပိုင်း ကာလတုန်းကလည်း သတင်းထွက်ခဲ့ပါတယ်။

ဂျာမန်လက်ရွေးစင် တိုက်စစ်ကစားသမား ဗာနာဟာ ပြီးခဲ့တဲ့ နွေဈေးကွက်ကမှ လိုက်က်ဇစ်ကနေ ချယ်ဆီးအသင်းဆီကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပေမယ့် တစ်ရာသီအတွင်းမှာ အသင်းအတွက် ပြိုင်ပွဲစုံ (၁၂)ဂိုးသာ သွင်းယူနိုင်ခဲ့သလို ပရီးမီးယားလိဂ်ပြိုင်ပွဲမှာလည်း (၆)ဂိုးပဲ သွင်းယူနိုင်ခဲ့ရပါတယ်။

ဒါကြောင့် ချယ်ဆီးအသင်းဘက်ကနေ နွေဈေးကွက်အတွင်း တိုက်စစ်မှူးတစ်ဦး အရခေါ်ယူသွားဖို့ လှုပ်ရှားနေသလို ဗာနာနဲ့လည်း လမ်းခွဲဖို့ကို အသင်းတာဝန်ရှိသူတွေကနေ စဉ်းစားလာခဲ့တာ ဖြစ်ပါတယ်။

ဒီလို အခြေအနေမှာ ဗာနာကို ခေါ်ဖို့ဘိုင်ယန်မြူးနစ်အသင်းကနေ စိတ်ဝင်စားလာခဲ့ပြီး အသင်းမှာ ဆက်လက်ရှိနေဖို့ မသေချာတဲ့ ပိုလန်သား တိုက်စစ်ကစားသမား ရောဘတ် လီဝန်ဒေါစကီးရဲ့နေရာအတွက် အစားထိုးသွားချင်နေတာ ဖြစ်ပါတယ်။

လီဝန်ဒေါစကီး ကို ချယ်ဆီးကလည်း ဒေါ့မွန်မှ ဟာလန်းကို မရရင် ခေါ်ဖို့ စိတ်ဝင်စားဟန် ပြသထားပါတယ်။

Zawgyi

မနွစ္က ေႏြကမွ ရက္ဘူးလိုက္ပ္ဇစ္အသင္းကေန ခ်ယ္ဆီးအသင္းဆီကို ေရာက္ရွိလာခဲ့တဲ့ ဂ်ာမန္ တိုက္စစ္ကစားသမား တီမိုဗာနာ ကို ဘြန္ဒစ္လီဂါ ထိပ္တန္းအသင္းႀကီး ဘိုင္ယန္ျမဴးနစ္အသင္းကေန ေခၚယူသြားဖို႔ စိတ္ဝင္စားလာခဲ့တယ္လို႔ သတင္း ထြက္ေပၚလာခဲ့ပါတယ္။

ဗာနာ က သူရဲ႕ ခ်ယ္ဆီးကစားသမား ပထမရာသီမွာ ပရိသတ္ေတြ ေမွ်ာ္လင့္ထားသေလာက္ မစြမ္းေဆာင္ႏိုင္ခဲ့တာေၾကာင့္ အသင္းကေနပါ ျပန္လည္ ေရာင္းထုတ္ဖို႔ ေႏြအေစာပိုင္း ကာလတုန္းကလည္း သတင္းထြက္ခဲ့ပါတယ္။

ဂ်ာမန္လက္ေ႐ြးစင္ တိုက္စစ္ကစားသမား ဗာနာဟာ ၿပီးခဲ့တဲ့ ေႏြေစ်းကြက္ကမွ လိုက္က္ဇစ္ကေန ခ်ယ္ဆီးအသင္းဆီကို ေျပာင္းေ႐ႊ႕လာခဲ့တာျဖစ္ေပမယ့္ တစ္ရာသီအတြင္းမွာ အသင္းအတြက္ ၿပိဳင္ပြဲစုံ (၁၂)ဂိုးသာ သြင္းယူႏိုင္ခဲ့သလို ပရီးမီးယားလိဂ္ၿပိဳင္ပြဲမွာလည္း (၆)ဂိုးပဲ သြင္းယူႏိုင္ခဲ့ရပါတယ္။

ဒါေၾကာင့္ ခ်ယ္ဆီးအသင္းဘက္ကေန ေႏြေစ်းကြက္အတြင္း တိုက္စစ္မႉးတစ္ဦး အရေခၚယူသြားဖို႔ လႈပ္ရွားေနသလို ဗာနာနဲ႔လည္း လမ္းခြဲဖို႔ကို အသင္းတာဝန္ရွိသူေတြကေန စဥ္းစားလာခဲ့တာ ျဖစ္ပါတယ္။

ဒီလို အေျခအေနမွာ ဗာနာကို ေခၚဖို႔ဘိုင္ယန္ျမဴးနစ္အသင္းကေန စိတ္ဝင္စားလာခဲ့ၿပီး အသင္းမွာ ဆက္လက္ရွိေနဖို႔ မေသခ်ာတဲ့ ပိုလန္သား တိုက္စစ္ကစားသမား ေရာဘတ္ လီဝန္ေဒါစကီးရဲ႕ေနရာအတြက္ အစားထိုးသြားခ်င္ေနတာ ျဖစ္ပါတယ္။ လီ၀န္ေဒါစကီး ကို ခ်ယ္ဆီးကလည္း ေဒါ့မြန္မွ ဟာလန္းကို မရရင္ ေခၚဖို႔ စိတ္၀င္စားဟန္ ျပသထားပါတယ္။