ပြောင်းရွှေ့ကြေး အလွတ်နဲ့ ဂိုးသမားကို ပရီးမီးယားလိဂ်ပြိုင်ဘက်တွေကို ကျော်ပြီး ရဖို့နီးစပ်နေတဲ့ ချယ်ဆီး

ချယ်ဆီးအသင်းဟာ လောလောဆယ် အသင်းလက်မဲ့ ဖြစ်နေတဲ့ ဖူလ်ဟမ် ဂိုးသမားဟောင်း မားကပ်စ် ဘတ်တီနယ်လီကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ချယ်ဆီးနဲ့ အပြိုင် အာဆင်နယ်၊ အက်စတွန်ဗီလာ စတဲ့ ပရီးမီးယားလိဂ် ကလပ်တွေကပါ ၎င်းကို ခေါ်ယူလိုနေကြပါတယ်။

အသက်(၂၉)နှစ် ရှိပြီ ဖြစ်တဲ့ အင်္ဂလန်သား ဂိုးသမား ဘတ်တီနယ်လီဟာ ဖူလ်ဟမ်လူငယ်အသင်းကနေ ပေါ်ထွက်လာခဲ့သူဖြစ်ပြီး ၂၀၁ဝခုနှစ်ကနေ စတင်ကာ သူရဲ့စီနီယာကစားသမားဘဝကို စတင်ခဲ့သူဖြစ်ပါတယ်။

ဒါတ်ဖိုဒ့် အက်ကရင်တန်စတန်လေ စတဲ့ ကလပ်အသင်းငယ်လေးနဲ့ ချန်ပီယံရှစ်ကလပ် မစ်ဒယ်ဘရော့အသင်းတွေမှာ အငှားကစားသမားဘဝနဲ့ ကျင်လည်ခဲ့ဖူးတဲ့ ဂိုးသမားဘတ်တီနယ်လီဟာ ပြီးခဲ့တဲ့ ဇူလိုင်(၁)ရက်နေ့ကပဲ သူရဲ့ကလပ်အသင်း ဖူလ်ဟမ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားခဲ့တာဖြစ်လို့ ပြောင်းရွှေ့ကြေး အလွတ်နဲ့ ရနိုင်မယ့် ကစားသမားတစ်ယောက် ဖြစ်လို့နေရပါတယ်။

ဥရောပချန်ပီယံလိဂ် ချန်ပီယံ ချယ်လ်ဆီးအသင်းက လက်ရှိအသင်းမှာ ဂိုးသမား အက်ဒွပ် မန်ဒီနဲ့ ဂိုးသမား ကီပါအာရီဇီဘယ်လာဂါတို့သာ ရှိနေတဲ့အတွက် တတိယဦးစားပေး ဂိုးသမားတစ်ယောက်ကို လိုအပ်နေပါတယ်။

အာဆင်နယ်အသင်းကလည်း အသင်းရဲ့ အရန်ဂိုးသမား ရူနာဆန်ကို အသင်းကနေ ရောင်းချသွားဖွယ် ရှိနေသလို နံပါတ်တစ်ဂိုးသမား လေနိုကလည်း အနာဂတ် မရေမရာ ဖြစ်နေရတဲ့အတွက် ဘတ်တီနယ်လီကို ခေါ်ယူချင်နေတာဖြစ်ပါတယ်။

ဒါ့အပြင် တွမ်ဟီတန်ကို မန်ချက်စတာယူနိုက်တက်အသင်းဆီ လက်လွတ်ထားခဲ့ရတဲ့ အက်စတွန်ဗီလာအသင်းမှာလည်း ဖူလ်ဟမ်ဂိုးသမားဟောင်း ဘတ်တီနယ်လီကို အယ်မီမာတီနက်ဇ်ရဲ့ အရန်ဂိုးသမားအဖြစ် အလိုရှိလို့နေပါတယ်။

လက်ရှိအနေအထားတွေအရ အသင်းလက်မဲ့ ဖြစ်နေတဲ့ ဂိုးသမား ဘယ်တီနယ်လီက ချယ်ဆီးအသင်းကိုသာ ပြောင်းရွှေ့ကစားဖို့ အနီးစပ်ဆုံး အခြေအနေ ရှိနေတယ်လို့ သိရှိရပါတယ်။

Zawgyi

ခ်ယ္ဆီးအသင္းဟာ ေလာေလာဆယ္ အသင္းလက္မဲ့ ျဖစ္ေနတဲ့ ဖူလ္ဟမ္ ဂိုးသမားေဟာင္း မားကပ္စ္ ဘတ္တီနယ္လီကို ေခၚယူဖို႔ စိတ္၀င္စားေနျပီး ခ်ယ္ဆီးနဲ႕ အျပိဳင္ အာဆင္နယ္၊ အက္စတြန္ဗီလာ စတဲ့ ပရီးမီးယားလိဂ္ ကလပ္ေတြကပါ ၄င္းကို ေခၚယူလိုေနၾကပါတယ္။

အသက္(၂၉)ႏွစ္ ရွိျပီ ျဖစ္တဲ့ အဂၤလန္သား ဂိုးသမား ဘတ္တီနယ္လီဟာ ဖူလ္ဟမ္လူငယ္အသင္းကေန ေပၚထြက္လာခဲ့သူျဖစ္ၿပီး ၂၀၁ဝခုႏွစ္ကေန စတင္ကာ သူရဲ႕စီနီယာကစားသမားဘဝကို စတင္ခဲ့သူျဖစ္ပါတယ္။

ဒါတ္ဖိုဒ့္ အက္ကရင္တန္စတန္ေလ စတဲ့ ကလပ္အသင္းငယ္ေလးနဲ႔ ခ်န္ပီယံရွစ္ကလပ္ မစ္ဒယ္ဘေရာ့အသင္းေတြမွာ အငွားကစားသမားဘဝနဲ႔ က်င္လည္ခဲ့ဖူးတဲ့ ဂိုးသမားဘတ္တီနယ္လီဟာ ၿပီးခဲ့တဲ့ ဇူလိုင္(၁)ရက္ေန႔ကပဲ သူရဲ႕ကလပ္အသင္း ဖူလ္ဟမ္နဲ႔ စာခ်ဳပ္သက္တမ္း ကုန္ဆုံးသြားခဲ့တာျဖစ္လို႔ ေျပာင္းေရႊ႕ေၾကး အလြတ္နဲ႕ ရနုိင္မယ့္ ကစားသမားတစ္ေယာက္ ျဖစ္လို႔ေနရပါတယ္။

ဥေရာပခ်န္ပီယံလိဂ္ ခ်န္ပီယံ ခ်ယ္လ္ဆီးအသင္းက လက္ရွိအသင္းမွာ ဂိုးသမား အက္ဒြပ္ မန္ဒီနဲ႔ ဂိုးသမား ကီပါအာရီဇီဘယ္လာဂါတို႔သာ ရွိေနတဲ့အတြက္ တတိယဦးစားေပး ဂိုးသမားတစ္ေယာက္ကို လိုအပ္ေနပါတယ္။

အာဆင္နယ္အသင္းကလည္း အသင္းရဲ႕ အရန္ဂိုးသမား ႐ူနာဆန္ကို အသင္းကေန ေရာင္းခ်သြားဖြယ္ ရွိေနသလို နံပါတ္တစ္ဂိုးသမား ေလႏိုကလည္း အနာဂတ္ မေရမရာ ျဖစ္ေနရတဲ့အတြက္ ဘတ္တီနယ္လီကို ေခၚယူခ်င္ေနတာျဖစ္ပါတယ္။

ဒါ့အျပင္ တြမ္ဟီတန္ကို မန္ခ်က္စတာယူႏိုက္တက္အသင္းဆီ လက္လြတ္ထားခဲ့ရတဲ့ အက္စတြန္ဗီလာအသင္းမွာလည္း ဖူလ္ဟမ္ဂိုးသမားေဟာင္း ဘတ္တီနယ္လီကို အယ္မီမာတီနက္ဇ္ရဲ႕ အရန္ဂိုးသမားအျဖစ္ အလိုရွိလို႔ေနပါတယ္။

လက္ရွိအေနအထားေတြအရ အသင္းလက္မဲ့ ျဖစ္ေနတဲ့ ဂိုးသမား ဘယ္တီနယ္လီက ခ်ယ္ဆီးအသင္းကိုသာ ေျပာင္းေ႐ႊ႕ကစားဖို႔ အနီးစပ္ဆုံး အေျခအေန ရွိေနတယ္လို႔ သိရွိရပါတယ္။