ပြောင်းရွှေ့ကြေး အသုံးစရိတ်အတွက် ရောင်းခံရဖွယ် ရှိနေတဲ့ ချယ်ဆီးအသင်းသား ၃ ဦး

ချယ်ဆီးအသင်းဟာ ဒီနွေမှာ ဟာလန်းကို ခေါ်ယူဖို့ အဓိက ပြင်ဆင်နေပြီး အသင်းပိုင်ရှင် အေဘရာမိုဗစ်ကတော့ ဟာလန်းရဲ့ မြင့်မားတဲ့ ပြောင်းရွှေ့ကြေး သုံးဖို့ ငွေကြေးတစ်ရပ် ရှာဖွေဖို့ ပြင်ဆင်နေပါတယ်။

နော်ဝေသားဟာ ချယ်ဆီး တိုက်စစ်အတွက် အသုံးဝင်မယ့်သူတစ်ဦးဖြစ်ပေမယ့် ပြောင်းရွှေ့ကြေးအတွက်တော့ ချယ်ဆီး အနေနဲ့ ခက်ခဲဖွယ်ရှိနေပါတယ်။

ဂျာမန်နာမည်ကြီးသတင်းဌာနတစ်ခုကတော့ ချယ်ဆီး အသင်းဟာ ဒေါ့မွန်စတားကို ခေါ်ယူဖို့ စီနီယာကစားသမား ၃ ဦး ထိကို ရောင်းချပြီး ငွေကြေးရှာဖွေမယ်လို့ ဖော်ပြခဲ့ပါတယ်။

အဆိုပါကစားသမား ၃ ဦးဟာ အေဘရာဟမ် ၊ အိုဒွိုင်းလ်နဲ့ ဇီယက်ချ်တို့ဖြစ်လောက်တယ်လို့ သတင်းတွေက ဆိုပါတယ်။

နည်းပြ တူချယ်ကတော့ တိုက်စစ်ပိုင်းအတွက် အားမရဖြစ်နေပြီး ဟာလန်းကို ထပ်မံ အားဖြည့်ချင်နေတာဖြစ်ပါတယ်။ ချယ်ဆီး ဟာ ပြီးခဲ့တဲ့ရာသီတုန်းက ချန်ပီယံလိဂ်ဖလား ရရှိထားခဲ့တာကြောင့် ပြန်လည် ကာကွယ်ဖို့လည်း ပြင်ဆင်နေပါတယ်။

ZG – ခ်ယ္ဆီးအသင္းဟာ ဒီေႏြမွာ ဟာလန္းကို ေခၚယူဖို႔ အဓိက ျပင္ဆင္ေနၿပီး အသင္းပိုင္ရွင္ ေအဘရာမိုဗစ္ကေတာ့ ဟာလန္းရဲ႕ ျမင့္မားတဲ့ ေျပာင္းေရႊ႕ေၾကး သံုးဖို႔ ေငြေၾကးတစ္ရပ္ ရွာေဖြဖို႔ ျပင္ဆင္ေနပါတယ္။

ေနာ္ေဝသားဟာ ခ်ယ္ဆီး တိုက္စစ္အတြက္ အသုံးဝင္မယ့္သူတစ္ဦးျဖစ္ေပမယ့္ ေျပာင္းေ႐ႊ႕ေၾကးအတြက္ေတာ့ ခ်ယ္ဆီး အေနနဲ႔ ခက္ခဲဖြယ္ရွိေနပါတယ္။

ဂ်ာမန္နာမည္ႀကီးသတင္းဌာနတစ္ခုကေတာ့ ခ်ယ္ဆီး အသင္းဟာ ေဒါ့မြန္စတားကို ေခၚယူဖို႔ စီနီယာကစားသမား ၃ ဦး ထိကို ေရာင္းခ်ၿပီး ေငြေၾကးရွာေဖြမယ္လို႔ ေဖာ္ျပခဲ့ပါတယ္။

အဆိုပါကစားသမား ၃ ဦးဟာ ေအဘရာဟမ္ ၊ အိုဒြိဳင္းလ္နဲ႔ ဇီယက္ခ်္တို႔ျဖစ္ေလာက္တယ္လို႔ သတင္းေတြက ဆိုပါတယ္။

နည္းျပ တူခ်ယ္ကေတာ့ တိုက္စစ္ပိုင္းအတြက္ အားမရျဖစ္ေနၿပီး ဟာလန္းကို ထပ္မံ အားျဖည့္ခ်င္ေနတာျဖစ္ပါတယ္။ ခ်ယ္ဆီး ဟာ ၿပီးခဲ့တဲ့ရာသီတုန္းက ခ်န္ပီယံလိဂ္ဖလား ရရွိထားခဲ့တာေၾကာင့္ ျပန္လည္ ကာကြယ္ဖို႔လည္း ျပင္ဆင္ေနပါတယ္။