ဟာလန်း ကို ခေါ်ဖို့ ဒေါ့မွန် မငြင်းနိုင်လောက်အောင် ငွေပုံပေးတော့မယ့် ချယ်ဆီးအသင်း

ချယ်ဆီးအသင်းဟာ ဂျာမန် ဘွန်ဒက်လီဂါကလပ် ဒေါ့မွန်အသင်းရဲ့ နော်ဝေ လူငယ် တိုက်စစ်မှူး ဟာလန်းကို ပြောင်းရွှေ့ကြေး ပေါင် ၁၅၀ သန်းနဲ့ ကမ်းလှမ်းဖို့ စီစဉ်နေကြောင်း အင်္ဂလန်သတင်းတွေက ဖော်ပြသွားပါတယ်။

ချန်ပီယံလိဂ် ချန်ပီယံ ချယ်ဆီးအသင်းဟာ ယခုနှစ် နွေဈေးကွက် အပြောင်းအရွှေ့မှာ အသင်းရဲ့ တိုက်စစ်ပိုင်းကို အဓိက အင်အားဖြည့်တင်းဖို့ စီစဉ်ထားတဲ့ အသင်း ဖြစ်ပြီး လတ်တလောမှာတော့ ဒေါ့မွန်အသင်းရဲ့ လူငယ် တိုက်စစ်မှူး ဟာလန်းနဲ့ စပါးအသင်းကနေ ထွက်ခွာဖို့ ကြိုးစားနေတဲ့ အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူး ဟယ်ရီကိန်းတို့ဟာ သူတို့အသင်းရဲ့ အဓိက ပစ်မှတ်တွေပဲ ဖြစ်ပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ 90Minရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးအသင်းဟာ လာမယ့် ရက်ပိုင်း အတွင်းမှာပဲ ဟာလန်းအတွက် တရားဝင် ကမ်းလှမ်းမှု တခုကို ပြုလုပ်ဖို့ စီစဉ်နေကာ ဟာလန်းအတွက် ဒေါ့မွန်အသင်းက မငြင်းဆန်နိုင်တဲ့ ပြောင်းရွှေ့ကြေး ပေါင် ၁၅၀သန်းနဲ့ စတင် ကမ်းလှမ်းမယ်လို့ သိရပါတယ်။

ဒေါ့မွန်အသင်းဟာ ယခုနှစ် နွေဈေးကွက် အတွင်းမှာ အသင်းရဲ့ အင်္ဂလန် လူငယ် တောင်ပံ ကစားသမား ဂျေဒန် ဆန်ချိုကို မန်ချက်စတာ ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့ကြေး ပေါင် ၇၃သန်းနဲ့ ရောင်းချဖို့ သဘောတူညီမှု ရယူထားတာကြောင့် ဟာလန်းကို အသင်းမှာ ဆက်လက် ထိန်းသိမ်းဖို့ ဆန္ဒရှိနေပေမယ့် အကယ်၍ ချယ်ဆီးအသင်းကသာ ပြောင်းရွှေ့ကြေး ပေါင် ၁၅၀သန်း အထိ ပေးမယ်လို့ ကမ်းလှမ်းလာပါက ဟာလန်းကို ရောင်းချဖွယ် ရှိနေပါတယ်။

ZG – ခ်ယ္ဆီးအသင္းဟာ ဂ်ာမန္ ဘြန္ဒက္လီဂါကလပ္ ေဒါ့မြန္အသင္းရဲ႕ ေနာ္ေဝ လူငယ္ တိုက္စစ္မႉး ဟာလန္းကို ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၁၅၀ သန္းနဲ႔ ကမ္းလွမ္းဖို႔ စီစဥ္ေနေၾကာင္း အဂၤလန္သတင္းေတြက ေဖာ္ျပသြားပါတယ္။

ခ်န္ပီယံလိဂ္ ခ်န္ပီယံ ခ်ယ္ဆီးအသင္းဟာ ယခုႏွစ္ ေႏြေဈးကြက္ အေျပာင္းအေ႐ႊ႕မွာ အသင္းရဲ႕ တိုက္စစ္ပိုင္းကို အဓိက အင္အားျဖည့္တင္းဖို႔ စီစဥ္ထားတဲ့ အသင္း ျဖစ္ၿပီး လတ္တေလာမွာေတာ့ ေဒါ့မြန္အသင္းရဲ႕ လူငယ္ တိုက္စစ္မႉး ဟာလန္းနဲ႔ စပါးအသင္းကေန ထြက္ခြာဖို႔ ႀကိဳးစားေနတဲ့ အဂၤလန္ လက္ေ႐ြးစင္ တိုက္စစ္မႉး ဟယ္ရီကိန္းတို႔ဟာ သူတို႔အသင္းရဲ႕ အဓိက ပစ္မွတ္ေတြပဲ ျဖစ္ပါတယ္။

နာမည္ႀကီး သတင္းဌာန တခု ျဖစ္တဲ့ 90Minရဲ႕ ေဖာ္ျပခ်က္အရ ခ်ယ္လ္ဆီးအသင္းဟာ လာမယ့္ ရက္ပိုင္း အတြင္းမွာပဲ ဟာလန္းအတြက္ တရားဝင္ ကမ္းလွမ္းမႈ တခုကို ျပဳလုပ္ဖို႔ စီစဥ္ေနကာ ဟာလန္းအတြက္ ေဒါ့မြန္အသင္းက မျငင္းဆန္ႏိုင္တဲ့ ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၁၅၀သန္းနဲ႔ စတင္ ကမ္းလွမ္းမယ္လို႔ သိရပါတယ္။

ေဒါ့မြန္အသင္းဟာ ယခုႏွစ္ ေႏြေဈးကြက္ အတြင္းမွာ အသင္းရဲ႕ အဂၤလန္ လူငယ္ ေတာင္ပံ ကစားသမား ေဂ်ဒန္ ဆန္ခ်ိဳကို မန္ခ်က္စတာ ယူႏိုက္တက္အသင္းထံ ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၇၃သန္းနဲ႔ ေရာင္းခ်ဖို႔ သေဘာတူညီမႈ ရယူထားတာေၾကာင့္ ဟာလန္းကို အသင္းမွာ ဆက္လက္ ထိန္းသိမ္းဖို႔ ဆႏၵရွိေနေပမယ့္ အကယ္၍ ခ်ယ္လ္ဆီးအသင္းကသာ ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၁၅၀သန္း အထိ ေပးမယ္လို႔ ကမ္းလွမ္းလာပါက ဟာလန္းကို ေရာင္းခ်ဖြယ္ ရွိေနပါတယ္။