ဘလွန်းဒီအော ဆု ထက် အသင်းလိုက် ဆုဖလား ရဖို့ ပိုအာရုံစိုက်မယ် ဆိုတဲ့ ဂျော်ဂျင်ဟို

အီတလီနဲ့ ချယ်ဆီးကွင်းလယ်လူ ဂျော်ဂျင်ဟိုက ၎င်းကို အသင်းဖော် လိုရန်ဇို အင်ဆစ်ဂ်နီ မှ ဘော်လွန်းဒီအော်ဆု ဆန်ခါတင်စာရင်းမှာ ပါသင့်တယ်လို့ ပြောခဲ့ခြင်းအပေါ် တစ်ဦးချင်း ဆုတံဆိပ်တွေထက် အသင်းလိုက်ဆုကို အာရုံစိုက်ထားတယ်လို့ တုံ့ပြန်ပြောကြားခဲ့ပါတယ်။

ဂျော်ဂျင်ဟိုဟာ ယခုနှစ် ယူရိုပြိုင်ပွဲဝင် အီတလီအသင်းမှာ အထူးခြေစွမ်းပြနေပြီး ကွာတားဖိုင်နယ် တက်ရောက်နိုင်အောင် ကူညီပေးခဲ့သလို ချယ်ဆီးမှာလည်း ယမန်နှစ်ရာသီကုန် ခြေစွမ်းမှန်ရကာ ချန်ပီယံလိဂ်ဖလား ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ဂျော်ဂျင်ဟိုက “ကျွန်တော် အဲ့ဒီအကြောင်း မစဉ်းစားပါဘူး။ အားလုံးက အလုပ်ကြိုးစားလို့ ဖြစ်လာတဲ့ အရာတွေပါပဲ။ ကျွန်တော် ရည်မှန်းချက်က အသင်းနဲ့အတူ အသင်းဖော်တွေနဲ့ အောင်ပွဲခံနိုင်ဖို့ပါပဲ။ အဲ့ဒါက တစ်ဦးတည်း အောင်ပွဲခံတာထက် ပိုချစ်စရာကောင်းပါတယ်”လို့ ပြောခဲ့ပါတယ်။

ဂျော်ဂျင်ဟိုက အက်ဆစ်ဂ်နီ သူ့ကို ဘော်လွန်းဒီအော်ဆု ဆန်ခါတင်စာရင်းထဲ ပါသင့်တယ်လို့ ပြောအပြီး ခုလို တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။

အင်ဆစ်ဂ်နီက “ကျွန်တော်တို့ အရည်အချင်းရှိတဲ့ ကစားသမားတွေ ရှိပါတယ်။ ဂျော်ဂျင်ဟို အကြောင်း ခင်ဗျားတို့ ပြောတာ မှန်ပါတယ်။ သူ ချယ်ဆီးမှာ အကောင်းဆုံးနှစ်တွေ ပိုင်ဆိုင်ခဲ့ပြီး သူ့ကို အသင်းမှာ ရှိစေတာ ဂုဏ်ယူမိပါတယ်။ သူ အနည်းဆုံးတော့ ဘော်လွန်းဒီအော် ဆန်ခါတင်စာရင်းမှာ ပါသင့်တယ် ထင်ပါတယ်”လို့ ပြောခဲ့ပါတယ်။

Zawgyi

အီတလီနဲ႔ ခ်ယ္ဆီးကြင္းလယ္လူ ေဂ်ာ္ဂ်င္ဟိုက ၄င္းကို အသင္းေဖာ္ လိုရန္ဇို အင္ဆစ္ဂ္နီ မွ ေဘာ္လြန္းဒီေအာ္ဆု ဆန္ခါတင္စာရင္းမွာ ပါသင့္တယ္လို႔ ေျပာခဲ့ျခင္းအေပၚ တစ္ဦးခ်င္း ဆုတံဆိပ္ေတြထက္ အသင္းလိုက္ဆုကို အာ႐ုံစိုက္ထားတယ္လို႔ တုံ႔ျပန္ေျပာၾကားခဲ့ပါတယ္။

ေဂ်ာ္ဂ်င္ဟိုဟာ ယခုႏွစ္ ယူ႐ိုၿပိဳင္ပြဲဝင္ အီတလီအသင္းမွာ အထူးေျခစြမ္းျပေနၿပီး ကြာတားဖိုင္နယ္ တက္ေရာက္ႏိုင္ေအာင္ ကူညီေပးခဲ့သလို ခ်ယ္ဆီးမွာလည္း ယမန္ႏွစ္ရာသီကုန္ ေျခစြမ္းမွန္ရကာ ခ်န္ပီယံလိဂ္ဖလား ဆြတ္ခူးႏိုင္ခဲ့ပါတယ္။

ေဂ်ာ္ဂ်င္ဟိုက “ကြၽန္ေတာ္ အဲ့ဒီအေၾကာင္း မစဥ္းစားပါဘူး။ အားလုံးက အလုပ္ႀကိဳးစားလို႔ ျဖစ္လာတဲ့ အရာေတြပါပဲ။ ကြၽန္ေတာ္ ရည္မွန္းခ်က္က အသင္းနဲ႔အတူ အသင္းေဖာ္ေတြနဲ႔ ေအာင္ပြဲခံႏိုင္ဖို႔ပါပဲ။ အဲ့ဒါက တစ္ဦးတည္း ေအာင္ပြဲခံတာထက္ ပိုခ်စ္စရာေကာင္းပါတယ္”လို႔ ေျပာခဲ့ပါတယ္။

ေဂ်ာ္ဂ်င္ဟိုက အက္ဆစ္ဂ္နီ သူ႔ကို ေဘာ္လြန္းဒီေအာ္ဆု ဆန္ခါတင္စာရင္းထဲ ပါသင့္တယ္လို႔ ေျပာအၿပီး ခုလို တုံ႔ျပန္ခဲ့တာ ျဖစ္ပါတယ္။

အင္ဆစ္ဂ္နီက “ကြၽန္ေတာ္တို႔ အရည္အခ်င္းရွိတဲ့ ကစားသမားေတြ ရွိပါတယ္။ ေဂ်ာ္ဂ်င္ဟို အေၾကာင္း ခင္ဗ်ားတို႔ ေျပာတာ မွန္ပါတယ္။ သူ ခ်ယ္ဆီးမွာ အေကာင္းဆုံးႏွစ္ေတြ ပိုင္ဆိုင္ခဲ့ၿပီး သူ႔ကို အသင္းမွာ ရွိေစတာ ဂုဏ္ယူမိပါတယ္။ သူ အနည္းဆုံးေတာ့ ေဘာ္လြန္းဒီေအာ္ ဆန္ခါတင္စာရင္းမွာ ပါသင့္တယ္ ထင္ပါတယ္”လို႔ ေျပာခဲ့ပါတယ္။