ဆီဗီလာရဲ့ ပြင်သစ်သား ခံစစ်မှူး ခွန်ဒယ်ကို ပြောင်းလဲ ပစ်မှတ်ထားလာတဲ့ ချယ်ဆီး

ချယ်ဆီးအသင်းဟာ ဒီနွေမှာ ခံစစ် အားဖြည့်ဖို့အတွက် ဘိုင်ယန်မြူးနစ်အသင်းမှ ဆူလေကို ခေါ်ယူဖို့ ပစ်မှတ်ထား ခဲ့ပေမယ့်လည်း ကစားသမားက ဘိုင်ယန်နဲ့စာချုပ်သက်တမ်းတိုးဖွယ် ရှိလာတာကြောင့် ပစ်မှတ် ပြောင်းလဲလာခဲ့ပါတယ်။ ချယ်ဆီး က ဆီဗီလာအသင်းရဲ့ ပြင်သစ်နောက်ခံကစားသမား ဂျူးစ် ခွန်ဒယ်ကိုပဲ ပြောင်းလဲစိတ်ဝင်စားလာခဲ့တယ်လို့ သိရပါတယ်။

အသက်(၂၂)နှစ် အရွယ်ရှိ ပြင်သစ်လက်ရွေးစင် နောက်ခံကစားသမား ခွန်ဒယ်ဟာ ဆီဗီလာအသင်းရဲ့ ကြယ်ပွင့်ကစားသမားတစ်ယောက်ဖြစ်ပြီး သူရဲ့အကောင်းဆုံး ခံစစ်စွမ်းဆောင်ရည်တွေကြောင့် ရီးရဲလ်မက်ဒရစ် မန်ချက်စတာယူနိုက်တက် ဂျုဗင်တပ်စ်တို့လို ထိပ်တန်းအသင်းတွေရဲ့ စိတ်ဝင်စားမှုကို ရရှိထားပါတယ်။

ဥရောပချန်ပီလိဂ်ပြိုင်ပွဲရဲ့ ချန်ပီယံအသင်း ချယ်လ်ဆီးဟာ လာမယ့်ဘောလုံးရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံ အတွက်ပါ ပစ်မှတ်ထား ပြင်ဆင်လျက်ရှိနေပြီး ခံစစ်ပိုင်းအတွက်ကိုလည်း ဗဟိုခံစစ်မှူးတစ်ယောက်နဲ့ ညာနောက်ခံ ကစားသမား တစ်ယောက်စီ အလိုရှိနေပါတယ်။

ဒါကြောင့် ဆီဗီလာနာက်ခံကစားသမား ခွန်ဒယ်ကို ပစ်မှတ်ထားနေရတာဖြစ်သလို ရီးရဲလ်မက်ဒရစ်ကနေ ထွက်ခွာဖွယ်ရှိနေတဲ့ ပြင်သစ်နောက်ခံလူ ရာဖယ်ဗာရန်းကိုပါ ယူနိုက်တက်အသင်းနဲ့အပြိုင် စိတ်ဝင်စားနေပါတယ်။

ဆီဗီလာအသင်းကတော့ သူတို့ရဲ့ကြယ်ပွင့်ကစားသမား ခွန်ဒယ်ကို အသင်းကနေ အလွယ်တကူ မထွက်ခွာသွားစေချင်ပဲ သူရဲ့လက်ရှိတန်ကြေး ယူရိုသန်း(၆၀)ထက် ပိုမိုမြင့်မားတဲ့ ကမ်းလှမ်းမှုမျိုးနဲ့ ကမ်းလှမ်းလာမှသာ လက်ခံဖွယ် ရှိနေပါတယ်။

Zawgyi

ခ်ယ္ဆီးအသင္းဟာ ဒီေႏြမွာ ခံစစ္ အားျဖည့္ဖို႔အတြက္ ဘိုင္ယန္ျမဴးနစ္အသင္းမွ ဆူေလကို ေခၚယူဖို႔ ပစ္မွတ္ထား ခဲ့ေပမယ့္လည္း ကစားသမားက ဘိုင္ယန္နဲ႕စာခ်ဳပ္သက္တမ္းတိုးဖြယ္ ရွိလာတာေၾကာင့္ ပစ္မွတ္ ေျပာင္းလဲလာခဲ့ပါတယ္။ ခ်ယ္ဆီး က ဆီဗီလာအသင္းရဲ႕ ျပင္သစ္ေနာက္ခံကစားသမား ဂ်ဴးစ္ ခြန္ဒယ္ကိုပဲ ေျပာင္းလဲစိတ္ဝင္စားလာခဲ့တယ္လို႔ သိရပါတယ္။

အသက္(၂၂)ႏွစ္ အ႐ြယ္ရွိ ျပင္သစ္လက္ေ႐ြးစင္ ေနာက္ခံကစားသမား ခြန္ဒယ္ဟာ ဆီဗီလာအသင္းရဲ႕ ၾကယ္ပြင့္ ကစားသမားတစ္ေယာက္ျဖစ္ၿပီး သူရဲ႕အေကာင္းဆုံး ခံစစ္စြမ္းေဆာင္ရည္ေတြေၾကာင့္ ရီးရဲလ္မက္ဒရစ္ မန္ခ်က္စတာယူႏိုက္တက္ ဂ်ဳဗင္တပ္စ္တို႔လို ထိပ္တန္းအသင္းေတြရဲ႕ စိတ္ဝင္စားမႈကို ရရွိထားပါတယ္။

ဥေရာပခ်န္ပီလိဂ္ၿပိဳင္ပြဲရဲ႕ ခ်န္ပီယံအသင္း ခ်ယ္လ္ဆီးဟာ လာမယ့္ေဘာလုံးရာသီမွာ ပရီးမီးယားလိဂ္ ခ်န္ပီယံ အတြက္ပါ ပစ္မွတ္္ထား ျပင္ဆင္လ်က္ရွိေနၿပီး ခံစစ္ပိုင္းအတြက္ကိုလည္း ဗဟိုခံစစ္မႉးတစ္ေယာက္နဲ႔ ညာေနာက္ခံ ကစားသမား တစ္ေယာက္စီ အလိုရွိေနပါတယ္။

ဒါေၾကာင့္ ဆီဗီလာနာက္ခံကစားသမား ခြန္ဒယ္ကို ပစ္မွတ္ထားေနရတာျဖစ္သလို ရီးရဲလ္မက္ဒရစ္ကေန ထြက္ခြာဖြယ္ရွိေနတဲ့ ျပင္သစ္ေနာက္ခံလူ ရာဖယ္ဗာရန္းကိုပါ ယူႏိုက္တက္အသင္းနဲ႔အၿပိဳင္ စိတ္ဝင္စားေနပါတယ္။

ဆီဗီလာအသင္းကေတာ့ သူတို႔ရဲ႕ၾကယ္ပြင့္ကစားသမား ခြန္ဒယ္ကို အသင္းကေန အလြယ္တကူ မထြက္ခြာသြားေစခ်င္ပဲ သူရဲ႕လက္ရွိတန္ေၾကး ယူ႐ိုသန္း(၆၀)ထက္ ပိုမိုျမင့္မားတဲ့ ကမ္းလွမ္းမႈမ်ိဳးနဲ႔ ကမ္းလွမ္းလာမွသာ လက္ခံဖြယ္ ရွိေနပါတယ္။