အာတီတာရဲ့ ဂယက်၊ တရုတ်ရဲ့ ဝမ်နင်နဲ့ အာဆင်နယ် ညနေခင်းသတင်းများ


အာတီတာကို နည်းပြ အဖြစ် အာဆင်နယ် ခန့်အပ်လိုခြင်းက ၄င်းဟာ အာဆင်ဝင်းဂါးရဲ့ ပုံစံခွက်ထဲမှာ ကစားနိုင်ခဲ့သူ ဖြစ်တာကြောင့် ဖြစ်တယ် လို့ ဂန်းနားဟောင်းကြီး မာတင်ကီယွန်က ထောက်ခံလိုက်ပါတယ်။

အာဆင်နယ် နည်းပြဟောင်း အူနိုင်း အမ်မရီက အဲဗာတန်အသင်းရဲ့ ချဉ်းကပ်လာမှုကို ငြင်းဆန်ခဲ့ပြီး ၄င်း အနေနဲ့ နောက်ထပ် ပရီးမီးယားလိဂ် ကလပ်အသင်း တစ်သင်းကို ထပ်မံကိုင်တွယ်ဖို့ သိပ် မြန်လွန်းနေတယ်လို့ ယူဆခဲ့ကြောင်း သိရပါတယ်။





အာဆင်နယ်အသင်းဟာ မန်စီးတီးလက်ထောက် နည်းပြ အာဆင်နယ် ကစားသမားဟောင်းကြီး အာတီတာကို နည်းပြ အဖြစ် လာမယ့် ၄၈ နာရီအတွင်း အတည်ပြု ကြေငြာသွားဖွယ် ရှိပါတယ်။

အာတီတာကို နည်းပြ အဖြစ် အာဆင်နယ် ခန့်အပ်လိုခြင်းက ၎င်းဟာ အာဆင်ဝင်းဂါးရဲ့ ပုံစံခွက်ထဲမှာ ကစားနိုင်ခဲ့သူ ဖြစ်တာကြောင့် ဖြစ်တယ် လို့ ဂန်းနားဟောင်းကြီး မာတင်ကီယွန်က ထောက်ခံလိုက်ပါတယ်။

အာဆင်နယ် နည်းပြဟောင်း အူနိုင်း အမ်မရီက အဲဗာတန်အသင်းရဲ့ ချဉ်းကပ်လာမှုကို ငြင်းဆန်ခဲ့ပြီး ၎င်း အနေနဲ့ နောက်ထပ် ပရီးမီးယားလိဂ် ကလပ်အသင်း တစ်သင်းကို ထပ်မံကိုင်တွယ်ဖို့ သိပ် မြန်လွန်းနေတယ်လို့ ယူဆခဲ့ကြောင်း သိရပါတယ်။

အာဆင်နယ်အသင်း တာဝန်ရှိ အမှုဆောင်တွေက အိုဇေးရဲ့ အပြုအမူအပေါ် တရားဝင်တောင်းပန်မှု မပြုလုပ်ပါက တရုတ်နိုင်ငံဟာ တနိုင်ငံလုံး အတိုင်းအတာနဲ့ အာဆင်နယ်အသင်းကို ပိတ်ပင်ဆန့်ကျင်သွားမှာ ဖြစ်ကြောင်း တရုတ်ဘက်က သတိပေးမှု ပြုလုပ်ထားပါတယ်။

အာတီတာက အာဆင်နယ်အသင်းကို နည်းပြဖို့ ရွေးချယ်မယ်ဆိုရင် မန်စီးတီးအသင်း အနေနဲ့ အာတီတာနဲ့ အာဆင်နယ်ကြား မပိတ်ဆို့ သင့်ဘဲ စပိန်သားကို ခွင့်ပြုသင့်ကြောင်း မန်စီးတီး ကွင်းလယ်ကစားသမား ဒီဘရိုင်းက တိုက်တွန်းပြောဆိုခဲ့ပါတယ်။

အာဆင်နယ်ခံစစ်မှူး တီယာနေးက ပခုံးဒဏ်ရာကို ခွဲစိတ်ကုသမှု ခံယူခဲ့ပြီ ဖြစ်ပြီး အောင်မြင်ခဲ့တယ်လို့ သိရပါတယ်။ တီယာနေးဟာ ဒီဇင်ဘာလ ၉ ရက်နေ့ ဝက်စ်ဟမ်းနဲ့ ပွဲမှာ ပခုံးအဆစ်လွဲ ထိခိုက်ခဲ့တာ ဖြစ်ပါတယ်။

ပက် ဂွာဒီယိုလာနဲ့ အတူ လက်တွဲလုပ်ဖူးပြီး ထောက်ခံချက် ရထားရုံနဲ့တင် အာဆင်နယ်အသင်း နည်းပြ အဖြစ်တာဝန်ယူဖို့က အာတီတာ အတွက် ဝန်ကြီးလွန်းကြောင်း ပေါမာဆန်က သတိပေးစကား ဆိုလိုက်ပါတယ်။