ဂရင်းဝုဒ်၊ မာတစ်၊ ပေါ့ဘာ၊ ရက်ဖို့ဒ်တို့နဲ့ ယူနိုက်တက် ညနေခင်းသတင်းများ

ယူနုိက္တက္ ကြင္းလယ္ကစားသမား ေပါ့ဘာဟာ အသင္းအတြက္ ျပန္ကစားနုိင္ေတာ့မယ္လုိ႔ ေမွ်ာ္လင့္ခဲ့ေသာ္လည္း ေနာက္ဆက္တြဲ ေျခက်င္း၀တ္ ဒဏ္ရာ ရွိလာျခင္း အျပင္ အဖ်ားပါ၀င္ေနျခင္းေၾကာင့္ ေနွာင့္ေနွးေနရေၾကာင္း နည္းျပ ဆိုးရွားက ထုတ္ေဖာ္ ေျပာၾကားခဲ့ပါတယ္။

ယူနိုက္တက္ တိုက္စစ္မွဴး ရက္ဖို႔ဒ္ဟာ အသင္း ဂႏၱ၀င္ၾကီးေတြ ျဖစ္တဲ့ ေဒးဗစ္ဘက္ခမ္း၊ ေပါ စခိုးလ္တို႕နဲ႕ အတူ တြဲ မကစားဖူး လိုက္ေသာ္ လည္း ၄င္းတို႔ကို အားက်ကာ ကစားသမား ဘ၀ တိုးတက္လာေစဖို႔ အေထာက္အကူ ျဖစ္ခဲ့ေၾကာင္း ဖြင့္ဟသြားခဲ့ပါတယ္။

စပါးအသင္းမွ ဘရာဇီးေတာင္ပံသမား လူးကပ္ေမာ္ရာက ၄င္းဟာ မန္ခ်က္စတာ ယူနိုက္တက္ အသင္းထံ ေရာက္ရွိဖို႔ အလြန္နီးစပ္ခဲ့ဖူးေၾကာင္း ဖြင့္ဟသြားပါတယ္။ လူးကပ္ေမာ္ရာက ၂၀၁၃ မွာ ဆာအဲလက္စ္ ဖာဂူဆန္နဲ႕ အေျပာင္းအေရႊ႕ ကိစၥမ်ား ေဆြးေႏြးခဲ့ေသးျပီး ယူနိုက္တက္သို႔ ေျပာင္းေရႊ႕လုနီးပါး ရွိခဲ့တာပါ။

အင္တာမီလန္အသင္း ကမ္းလွမ္းမႈ ျပဳလုပ္ရန္ ေနာက္ဆံုး ျပင္ဆင္လာတဲ့ ကစားသမားကေတာ့ ယူနိုက္တက္မွ မာတစ္ ျဖစ္တယ္လို႔ သိရပါတယ္။ အင္တာနည္းျပ ကြန္တီက ယူနိုက္တက္ ကြင္းလယ္ကစားသမားကို စီးရီးေအသို႔ အေရာက္ ေခၚယူလိုေနပါတယ္။

ကလပ္ဘရူေဂးနဲ႕ မဲခြဲရလဒ္ထြက္ေပၚျပီးေနာက္ ဆိုးရွားက မန္ခ်က္စတာယူနိုက္တက္ရဲ႕ ဒီရာသီ ဦးစားေပး ပစ္မွတ္ထဲမွာ ယူရိုပါလိဂ္ ဗိုလ္စြဲဖို႔ ပစ္မွတ္ထားေနပါတယ္။

ဂိုးေရွ႕မွာ အထင္ၾကီးေလာက္ဖြယ္ အစြမ္းျပေနတဲ့ ေမဆန္ဂရင္း၀ုဒ္ ကို ပြဲထြက္ လူစာရင္းက ခ်န္လွပ္ထားဖို႔ အလြန္ခက္ခဲေနျပီ ျဖစ္ေၾကာင္း ဆိုးရွားက ၀န္ခံ ေျပာဆိုခဲ့ပါတယ္။

Unicode – ယူနိုက်တက် ကွင်းလယ်ကစားသမား ပေါ့ဘာဟာ အသင်းအတွက် ပြန်ကစားနိုင်တော့မယ်လို့ မျှော်လင့်ခဲ့သော်လည်း နောက်ဆက်တွဲ ခြေကျင်းဝတ် ဒဏ်ရာ ရှိလာခြင်း အပြင် အဖျားပါဝင်နေခြင်းကြောင့် နှောင့်နှေးနေရကြောင်း နည်းပြ ဆိုးရှားက ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

ယူနိုက်တက် တိုက်စစ်မှူး ရက်ဖို့ဒ်ဟာ အသင်း ဂန္တဝင်ကြီးတွေ ဖြစ်တဲ့ ဒေးဗစ်ဘက်ခမ်း၊ ပေါ စခိုးလ်တို့နဲ့ အတူ တွဲ မကစားဖူး လိုက်သော် လည်း ၎င်းတို့ကို အားကျကာ ကစားသမား ဘ၀ တိုးတက်လာစေဖို့ အထောက်အကူ ဖြစ်ခဲ့ကြောင်း ဖွင့်ဟသွားခဲ့ပါတယ်။

စပါးအသင်းမှ ဘရာဇီးတောင်ပံသမား လူးကပ်မော်ရာက ၎င်းဟာ မန်ချက်စတာ ယူနိုက်တက် အသင်းထံ ရောက်ရှိဖို့ အလွန်နီးစပ်ခဲ့ဖူးကြောင်း ဖွင့်ဟသွားပါတယ်။ လူးကပ်မော်ရာက ၂၀၁၃ မှာ ဆာအဲလက်စ် ဖာဂူဆန်နဲ့ အပြောင်းအရွှေ့ ကိစ္စများ ဆွေးနွေးခဲ့သေးပြီး ယူနိုက်တက်သို့ ပြောင်းရွှေ့လုနီးပါး ရှိခဲ့တာပါ။

အင်တာမီလန်အသင်း ကမ်းလှမ်းမှု ပြုလုပ်ရန် နောက်ဆုံး ပြင်ဆင်လာတဲ့ ကစားသမားကတော့ ယူနိုက်တက်မှ မာတစ် ဖြစ်တယ်လို့ သိရပါတယ်။ အင်တာနည်းပြ ကွန်တီက ယူနိုက်တက် ကွင်းလယ်ကစားသမားကို စီးရီးအေသို့ အရောက် ခေါ်ယူလိုနေပါတယ်။

ကလပ်ဘရူဂေးနဲ့ မဲခွဲရလဒ်ထွက်ပေါ်ပြီးနောက် ဆိုးရှားက မန်ချက်စတာယူနိုက်တက်ရဲ့ ဒီရာသီ ဦးစားပေး ပစ်မှတ်ထဲမှာ ယူရိုပါလိဂ် ဗိုလ်စွဲဖို့ ပစ်မှတ်ထားနေပါတယ်။

ဂိုးရှေ့မှာ အထင်ကြီးလောက်ဖွယ် အစွမ်းပြနေတဲ့ မေဆန်ဂရင်းဝုဒ် ကို ပွဲထွက် လူစာရင်းက ချန်လှပ်ထားဖို့ အလွန်ခက်ခဲနေပြီ ဖြစ်ကြောင်း ဆိုးရှားက ဝန်ခံ ပြောဆိုခဲ့ပါတယ်။