မာရှယ်ကြောင့် အသင်းဖော်က ပွဲထွက်ခွင့် လွဲပြောင်းယူသွားနိုင်ကြောင်း ရိုင်ယန်ဂစ် သုံးသပ်

ယူႏုိက္တက္ ေတာင္ပံတိုက္စစ္သမားေဟာင္း ဂစ္က ကလပ္အသင္းတိုက္စစ္သမား မာရွယ္အား ၾကိဳးစားအားထုတ္မႈကို ပိုုုမိုစြမ္းေဆာင္ဖို႔ တိုက္တြန္းစကား ေျပာဆိုခဲ့ျပီး လႈပ္အားႏႈန္း နည္းမႈအေပၚ ေထာက္ျပမႈ လုပ္ခဲ့ပါတယ္။

မာရွယ္ဟာ ထူးခၽြန္တဲ့ တိုက္စစ္သမားျဖစ္ေပမယ့္ သူ႔ရဲ႕ ကြင္းအတြင္း လႈပ္အားနည္းပါးမႈအေပၚ ေဝဖန္မႈၾကီးေတြ ခံထားသူပါ။ ဒါဟာ ယူႏုိက္တက္ရဲ႕ ကစားဟန္အေပၚ သက္ေရာက္မႈရွိျပီး ဒီလိုပဲ ဆက္ကစားေနမယ္ဆိုရင္ ဂရင္းဝုဒ္ကို ပြဲထြက္ခြင့္ လႊဲေပးရလိမ့္မယ္လို႔ ဂစ္က ေထာက္ျပခဲ့တယ္။

ရိုင္ယန္ဂစ္က ေျပာရာမွာ ” မာရွုယ္က ထူးခၽြန္တဲ့ တိုက္စစ္သမားတစ္ဦး ျဖစ္ပါတယ္။ သူ႔ရဲ႕ လက္ရွိ ေျခစြမ္းက အရမ္း အဆိုးၾကီးလည္း မဟုတ္ပါဘူး။ ဒါေပမယ့္ ယူႏုိက္တက္ရဲ႕ အဓိက တိုက္စစ္သမားတစ္ဦးအေနနဲ႔ သူက လက္ရွိထက္ ေျခစြမး္ပိုေကာင္းသင့္ပါတယ္။ ေနာက္ျပီး သူ႔ရဲ႕ လႈပ္အားႏႈန္းက ျပႆနာ အနည္းငယ္ ရွိေနပါတယ္။

သူ႔အေနနဲ႔ ကလပ္အသင္းအတြက္ ပိုျပီး ၾကိဳးစားအားထုတ္မႈေတြကို လုပ္ေပးသင့္ပါတယ္။ အသင္း ေဘာလံုးဆံုးရံွဴးတဲ့ အေနအထားေတြမွာ သူ႔ရဲ႕ လႈပ္ရွားမႈေတြက အားရစရာ မေကာင္းပါဘူး။ တစ္ဘက္မွာ လူငယ္ကစားသမား ေမဆန္က ေျခစြမ္းေကာင္းေတြ ျပသေနတာျဖစ္လို႔ မာရွယ္ အေနနဲ႔ အခုထက္ပိုျပီး ၾကိဳးစားဖို႔လိုပါတယ္။ မဟုတ္ဘူးဆိုရင္ ဂရင္းဝုဒ္ဟာ သူ႔ရဲ႕ ပြဲထြက္ခြင့္ေနရာကို လြဲေျပာင္း ရယူသြားပါလိမ့္မယ္ ” လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

ဂရင္းဝုဒ္ဟာ ဒီရာသီ မန္ေနဂ်ာဆိုးရွားလက္ထက္ ေတာက္ပလာေနတဲ့ လူငယ္ကစားသမား တစ္ဦးျဖစ္ျပီး ျပိဳင္ပြဲစံုမွာ ၇ ဂိုးထိ သြင္းဂိုး ရယူထားႏုိင္သူပါ။ သူဟာ ကလပ္အသင္း ေနာက္ဆံုး ယွဥ္ျပိဳင္ထားတဲ့ အဲဗာတန္နဲ႔ အမွတ္ေပးပြဲမွာလည္း သြင္းဂိုး ရယူႏုိင္ခဲ့သူျဖစ္တယ္။

ရြန္းနီေနာက္ပိုင္း ကလပ္အသင္းရဲ႕ အေကာင္းဆံုး တုိက္စစ္သမားျဖစ္လာမယ့္သူလို နာမည္ရထားတဲ့ ဂရင္းဝုဒ္ဟာ ဗန္ပါစီနဲ႔ ကစားပံုတူညီသူအျဖစ္လည္း နာမည္ရထားသူျဖစ္ျပီး ကလပ္ရဲ႕ ၾကယ္ပြင့္ျဖစ္လာဖို႔ အမွတ္ေကာင္းရထားတာပဲ ျဖစ္ပါတယ္။

UNICODE

ယူနိုက်တက် တောင်ပံတိုက်စစ်သမားဟောင်း ဂစ်က ကလပ်အသင်းတိုက်စစ်သမား မာရှယ်အား ကြိုးစားအားထုတ်မှုကို ပိုမိုစွမ်းဆောင်ဖို့ တိုက်တွန်းစကား ပြောဆိုခဲ့ပြီး လှုပ်အားနှုန်း နည်းမှုအပေါ် ထောက်ပြမှု လုပ်ခဲ့ပါတယ်။

မာရှယ်ဟာ ထူးချွန်တဲ့ တိုက်စစ်သမားဖြစ်ပေမယ့် သူ့ရဲ့ ကွင်းအတွင်း လှုပ်အားနည်းပါးမှုအပေါ် ဝေဖန်မှုကြီးတွေ ခံထားသူပါ။ ဒါဟာ ယူနိုက်တက်ရဲ့ ကစားဟန်အပေါ် သက်ရောက်မှုရှိပြီး ဒီလိုပဲ ဆက်ကစားနေမယ်ဆိုရင် ဂရင်းဝုဒ်ကို ပွဲထွက်ခွင့် လွှဲပေးရလိမ့်မယ်လို့ ဂစ်က ထောက်ပြခဲ့တယ်။

ရိုင်ယန်ဂစ်က ပြောရာမှာ ” မာရှုယ်က ထူးချွန်တဲ့ တိုက်စစ်သမားတစ်ဦး ဖြစ်ပါတယ်။ သူ့ရဲ့ လက်ရှိ ခြေစွမ်းက အရမ်း အဆိုးကြီးလည်း မဟုတ်ပါဘူး။ ဒါပေမယ့် ယူနိုက်တက်ရဲ့ အဓိက တိုက်စစ်သမားတစ်ဦးအနေနဲ့ သူက လက်ရှိထက် ခြေစွမ်းပိုကောင်းသင့်ပါတယ်။ နောက်ပြီး သူ့ရဲ့ လှုပ်အားနှုန်းက ပြဿနာ အနည်းငယ် ရှိနေပါတယ်။

သူ့အနေနဲ့ ကလပ်အသင်းအတွက် ပိုပြီး ကြိုးစားအားထုတ်မှုတွေကို လုပ်ပေးသင့်ပါတယ်။ အသင်း ဘောလုံးဆုံးရံှူးတဲ့ အနေအထားတွေမှာ သူ့ရဲ့ လှုပ်ရှားမှုတွေက အားရစရာ မကောင်းပါဘူး။ တစ်ဘက်မှာ လူငယ်ကစားသမား မေဆန်က ခြေစွမ်းကောင်းတွေ ပြသနေတာဖြစ်လို့ မာရှယ် အနေနဲ့ အခုထက်ပိုပြီး ကြိုးစားဖို့လိုပါတယ်။ မဟုတ်ဘူးဆိုရင် ဂရင်းဝုဒ်ဟာ သူ့ရဲ့ ပွဲထွက်ခွင့်နေရာကို လွဲပြောင်း ရယူသွားပါလိမ့်မယ် ” လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

ဂရင်းဝုဒ်ဟာ ဒီရာသီ မန်နေဂျာဆိုးရှားလက်ထက် တောက်ပလာနေတဲ့ လူငယ်ကစားသမား တစ်ဦးဖြစ်ပြီး ပြိုင်ပွဲစုံမှာ ၇ ဂိုးထိ သွင်းဂိုး ရယူထားနိုင်သူပါ။ သူဟာ ကလပ်အသင်း နောက်ဆုံး ယှဉ်ပြိုင်ထားတဲ့ အဲဗာတန်နဲ့ အမှတ်ပေးပွဲမှာလည်း သွင်းဂိုး ရယူနိုင်ခဲ့သူဖြစ်တယ်။

ရွန်းနီနောက်ပိုင်း ကလပ်အသင်းရဲ့ အကောင်းဆုံး တိုက်စစ်သမားဖြစ်လာမယ့်သူလို နာမည်ရထားတဲ့ ဂရင်းဝုဒ်ဟာ ဗန်ပါစီနဲ့ ကစားပုံတူညီသူအဖြစ်လည်း နာမည်ရထားသူဖြစ်ပြီး ကလပ်ရဲ့ ကြယ်ပွင့်ဖြစ်လာဖို့ အမှတ်ကောင်းရထားတာပဲ ဖြစ်ပါတယ်။