ချယ်ဆီး တိုက်စစ်မှူး တီမိုဗာနာ ကို ခေါ်ဖို့ မျက်စိကျနေတဲ့ ရီးရဲလ်နည်းပြသစ် အန်ဆယ်လော့တီ

ရီးရဲလ်မက်ဒရစ် နည်းပြသစ် ဖြစ်သွားတဲ့ ကာလို အန်ဆယ်လော့တီဟာ ဒီနွေ အပြောင်းအရွှေ့မှာ ချယ်ဆီး အသင်းမှ တိုက်စစ်မှူး တီမို ဗာနာကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ် လို့ သိရပါတယ်။

ရီးရဲလ်က တိုက်စစ်မှူး ဘန်ဇီမာ နေရာ ရေရှည် ဆက်ခံဖို့ အတွက် တိုက်စစ်မှူးသစ် ရှာဖွေမှုတွေ ဆက်လက် ပြုလုပ်နေတာဖြစ်ပြီး ဒီနွေမှာ တိုက်စစ်မှူးသစ် ခေါ်ယူဖို့ကို ပထမ ဦးစားပေးအဖြစ် သတ်မှတ်ထားတာဖြစ်ပါတယ်။

ဂျာမန်သတင်းတွေ ဖော်ပြချက်အရ အန်ဆယ်လော့တီဟာ ချယ်ဆီးအသင်းမှာ ပထမဆုံးရာသီကို ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရတဲ့ ဂျာမန်သား တိုက်စစ်မှူးကို ဒီနွေမှာ ဘာနေဗျူးထံ အရောက် ခေါ်ယူချင်နေတယ်လို့ သိရပါတယ်။

ချယ်ဆီး ဟာ ပြီးခဲ့တဲ့နွေရာသီတုန်းက တီမို ဗာနာကို လိုက်ပ်ဇစ် အသင်းထံကနေ ပေါင် ၄၇ သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး ဗာနာက လိုက်ပ်ဇစ်အသင်းအတွက် ကစားပေးခဲ့တဲ့ ၄ ရာသီအတွင်း ၁၅၉ ပွဲမှာ ၉၅ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့သူဖြစ်ပါတယ်။

ဒါပေမယ့် ပရီးမီးယားလိဂ်ကို စတင်ရောက်ရှိလာတဲ့အချိန်မှာ တီမို ဗာနာဟာ အထင်ကြီးဖွယ် ခြေစွမ်း တခါတလေလောက်သာ ပြသနိုင်သေးပြီး ခြေစွမ်းပိုင်းကို တည်ငြိမ်အောင် ထိန်းသိမ်းနိုင်ဖို့ ရုန်းကန်နေရဆဲ ဖြစ်ပါတယ်။

ဗာနာက ယခင် ချယ်ဆီးနည်းပြ လမ်းပတ် ရှိစဉ်က ပွဲထွက်မှာ နေရာပျောက်ခဲ့ပေမယ့် နည်းပြသစ် သောမတ်စ် တူချယ် လက်ထက်မှာတော့ ပုံမှန် ပွဲထွက်ခွင့် ပြန်လည်ရရှိခဲ့တာဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းနည်းပြ အန်ဆယ်လော့တီကတော့ တီမို ဗာနာရဲ့ အကောင်းဆုံးပုံစံကို ရရှိအောင် လုပ်ဆောင်နိုင် လိမ့်မယ်လို့ ယုံကြည်နေပြီး ဂျာမန်တိုက်စစ်မှူးကို ခေါ်ဖို့ ဒီနွေမှာ လှုပ်ရှားလာဖွယ် ရှိပါတယ်။

ပြီးခဲ့တဲ့ ရာသီမှာ တီမိုဗာနာက ချယ်ဆီးအသင်း အတွက် ပြိုင်ပွဲစုံ သွင်းဂိုး ၁၂ ဂိုး၊ ဂိုးဖန်တီးမှု ၁၅ ကြိမ် ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။

Zawgyi

ရီးရဲလ္မက္ဒရစ္ နည္းျပသစ္ ျဖစ္သြားတဲ့ ကာလို အန္ဆယ္ေလာ့တီဟာ ဒီေႏြ အေျပာင္းအေရႊ႕မွာ ခ်ယ္ဆီး အသင္းမွ တိုက္စစ္မႉး တီမို ဗာနာကို ေခၚယူဖို႔ စိတ္ဝင္စားေနတယ္ လို႔ သိရပါတယ္။

ရီးရဲလ္က တိုက္စစ္မွဴး ဘန္ဇီမာ ေနရာ ေရရွည္ ဆက္ခံဖို႔ အတြက္ တိုက္စစ္မွဴးသစ္ ရွာေဖြမႈေတြ ဆက္လက္ ျပဳလုပ္ေနတာျဖစ္ၿပီး ဒီေနြမွာ တိုက္စစ္မႉးသစ္ ေခၚယူဖို႔ကို ပထမ ဦးစားေပးအျဖစ္ သတ္မွတ္ထားတာျဖစ္ပါတယ္။

ဂ်ာမန္သတင္းေတြ ေဖာ္ျပခ်က္အရ အန္ဆယ္ေလာ့တီဟာ ခ်ယ္ဆီးအသင္းမွာ ပထမဆုံးရာသီကို ခက္ခက္ခဲခဲ ႐ုန္းကန္ခဲ့ရတဲ့ ဂ်ာမန္သား တိုက္စစ္မႉးကို ဒီေႏြမွာ ဘာေနဗ်ဴးထံ အေရာက္ ေခၚယူခ်င္ေနတယ္လို႔ သိရပါတယ္။

ခ်ယ္ဆီး ဟာ ၿပီးခဲ့တဲ့ေႏြရာသီတုန္းက တီမို ဗာနာကို လိုက္ပ္ဇစ္ အသင္းထံကေန ေပါင္ ၄၇ သန္းနဲ႔ ေခၚယူခဲ့တာျဖစ္ၿပီး ဗာနာက လိုက္ပ္ဇစ္အသင္းအတြက္ ကစားေပးခဲ့တဲ့ ၄ ရာသီအတြင္း ၁၅၉ ပြဲမွာ ၉၅ ဂိုးအထိ သြင္းယူေပးႏိုင္ခဲ့သူျဖစ္ပါတယ္။

ဒါေပမယ့္ ပရီးမီးယားလိဂ္ကို စတင္ေရာက္ရွိလာတဲ့အခ်ိန္မွာ တီမို ဗာနာဟာ အထင္ႀကီးဖြယ္ ေျခစြမ္း တခါတေလေလာက္သာ ျပသႏိုင္ေသးျပီး ေျခစြမ္းပိုင္းကို တည္ၿငိမ္ေအာင္ ထိန္းသိမ္းႏိုင္ဖို႔ ႐ုန္းကန္ေနရဆဲ ျဖစ္ပါတယ္။

ဗာနာက ယခင္ ခ်ယ္ဆီးနည္းျပ လမ္းပတ္ ရွိစဥ္က ပြဲထြက္မွာ ေနရာေပ်ာက္ခဲ့ေပမယ့္ နည္းျပသစ္ ေသာမတ္စ္ တူခ်ယ္ လက္ထက္မွာေတာ့ ပုံမွန္ ပြဲထြက္ခြင့္ ျပန္လည္ရရွိခဲ့တာျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္အသင္းနည္းျပ အန္ဆယ္ေလာ့တီကေတာ့ တီမို ဗာနာရဲ႕ အေကာင္းဆုံးပုံစံကို ရရွိေအာင္ လုပ္ေဆာင္ႏိုင္ လိမ့္မယ္လို႔ ယုံၾကည္ေနၿပီး ဂ်ာမန္တိုက္စစ္မႉးကို ေခၚဖို႔ ဒီေႏြမွာ လႈပ္ရွားလာဖြယ္ ရွိပါတယ္။

ျပီးခဲ့တဲ့ ရာသီမွာ တီမိုဗာနာက ခ်ယ္ဆီးအသင္း အတြက္ ၿပိဳင္ပြဲစုံ သြင္းဂိုး ၁၂ ဂိုး၊ ဂိုးဖန္တီးမႈ ၁၅ ႀကိမ္ ျပဳလုပ္ေပးႏိုင္ခဲ့ပါတယ္။