ချယ်ဆီးနဲ့ ယူနိုက်တက်တို့ အပြိုင် မျက်စိကျခြင်းခံလာရတဲ့ ဘိုင်ယန် တိုက်စစ်မှူး ကိုးမန်း

ပရီးမီးယားလိဂ်မှ ချယ်ဆီးနဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဘိုင်ယန်မြူးနစ် အသင်း တိုက်စစ်မှူး ကင်စလေ ကိုးမန်းကို စိတ်ဝင်စားနေတယ် လို့ နောက်ဆုံး သတင်းတွေမှာ ဖော်ပြလာပါတယ်။

အသက် ၂၄ နှစ်သားဟာ ဘိုင်ယန်အသင်းနဲ့အတူ ပြီးခဲ့တဲ့ရာသီတုန်းက ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တာဖြစ်ပြီး ပြိုင်ပွဲစုံ ၃၈ ပွဲမှာ ၇ ဂိုးသွင်း ၁၃ ဂိုး ဖန်တီးနိုင်ခဲ့ပါတယ်။

ကိုးမန်းနဲ့ ဘိုင်ယန်တို့ကြား စာချုပ်သက်တမ်းက ၂ နှစ် ကျန်ရှိနေပေမယ့် ကစားသမားက လစာအနေအထားကို သဘောမကျဖြစ်နေပါတယ်။ သတင်းတွေအရ ယူနိုက်တက်အသင်းဟာ ကိုးမန်းကို နွေရာသီမှာ ခေါ်ယူချင်နေသလို ချယ်ဆီးအသင်းလည်း စောင့်ကြည့်နေတယ် လို့ သိရပါတယ်။

ဘိုင်ယန်မြူးနစ် ဘက်ကတော့ ကိုးမန်းအတွက် ပြောင်းရွှေ့ကြေး ပေါင် ၈၆ သန်းလောက် အလိုရှိနေတာဖြစ်ပါတယ်။ ကိုးမန်းဟာ ဘိုင်ယန်အတွက် ပြိုင်ပွဲစုံ ၂၀၀ ပွဲမှာ ၄၁ ဂိုးသွင်း ၊ ၅၀ ဂိုး ဖန်တီးနိုင်ခဲ့ပါတယ်။

လောလောဆယ်တော့ ကင်စလေ ကိုးမန်းဟာ လက်ရှိမှာ ပြင်သစ် လက်ရွေးစင် အသင်းနဲ့ အတူ ယူရိုပြိုင်ပွဲအတွက် ပြင်ဆင်နေပါတယ်။

Zawgyi

ပရီးမီးယားလိဂ္မွ ခ်ယ္ဆီးနဲ႔ မန္ခ်က္စတာ ယူႏိုက္တက္အသင္းဟာ ဘိုင္ယန္ျမဴးနစ္ အသင္း တိုက္စစ္မႉး ကင္စေလ ကိုးမန္းကို စိတ္ဝင္စားေနတယ္ လို႔ ေနာက္ဆံုး သတင္းေတြမွာ ေဖာ္ျပလာပါတယ္။

အသက္ ၂၄ ႏွစ္သားဟာ ဘိုင္ယန္အသင္းနဲ႔အတူ ၿပီးခဲ့တဲ့ရာသီတုန္းက ေျခစြမ္းေကာင္းေတြ ျပသႏိုင္ခဲ့တာျဖစ္ၿပီး ၿပိဳင္ပြဲစုံ ၃၈ ပြဲမွာ ၇ ဂိုးသြင္း ၁၃ ဂိုး ဖန္တီးႏိုင္ခဲ့ပါတယ္။

ကိုးမန္းနဲ႔ ဘိုင္ယန္တို႔ၾကား စာခ်ဳပ္သက္တမ္းက ၂ ႏွစ္ က်န္ရွိေနေပမယ့္ ကစားသမားက လစာအေနအထားကို သေဘာမက်ျဖစ္ေနပါတယ္။ သတင္းေတြအရ ယူႏိုက္တက္အသင္းဟာ ကိုးမန္းကို ေႏြရာသီမွာ ေခၚယူခ်င္ေနသလို ခ်ယ္ဆီးအသင္းလည္း ေစာင့္ၾကည့္ေနတယ္ လို႔ သိရပါတယ္။

ဘိုင္ယန္ျမဴးနစ္ ဘက္ကေတာ့ ကိုးမန္းအတြက္ ေျပာင္းေရႊ႕ေၾကး ေပါင္ ၈၆ သန္းေလာက္ အလိုရွိေနတာျဖစ္ပါတယ္။ ကိုးမန္းဟာ ဘိုင္ယန္အတြက္ ၿပိဳင္ပြဲစုံ ၂၀၀ ပြဲမွာ ၄၁ ဂိုးသြင္း ၊ ၅၀ ဂိုး ဖန္တီးႏိုင္ခဲ့ပါတယ္။

ေလာေလာဆယ္ေတာ့ ကင္စေလ ကိုးမန္းဟာ လက္ရွိမွာ ျပင္သစ္ လက္ေရြးစင္ အသင္းနဲ႔ အတူ ယူ႐ိုၿပိဳင္ပြဲအတြက္ ျပင္ဆင္ေနပါတယ္။