အန်ဂိုလို ကန်တီနဲ့ တစ်သင်းတည်း တွဲ ကစားရတာ ဂုဏ်ယူတယ် ဆိုတဲ့ ပေါ့ဘာ

ကွင်းလယ်မှာ ပြင်သစ် လက်ရွေးစင်အသင်း အတွက် အန်ဂိုလို ကန်တီနဲ့အတူ တွဲဖက်ကစားခွင့်ရတာ ဂုဏ်ယူစရာ တစ်ခု ဖြစ်တယ်လို့ ယူနိုက်တက် ကွင်းလယ် ပေါ့ဘာက ဂျာမနီနဲ့ ပွဲကြိုမှာ ထုတ်ဖော်ပြောကြားပါတယ်။

ပြင်သစ်အသင်းဟာ လာမယ့်အင်္ဂါတွင် ဂျာမနီ၊ စနေနေ့တွင် ဟန်ဂေရီ၊ နောက်တစ်ပတ် ဗုဒ္စဟူးတွင် ပေါ်တူဂီ အသင်းနှင့် ပွဲကြပ်တွေ ရင်ဆိုင်ရမှာ ဖြစ်ကာ မရဏ အုပ်စုလို့ခေါ်တဲ့ အုပ်စု F မှာ ကျရောက်နေပါတယ်။

မန်ချက်စတာယူနိုက်တက်ကြယ်ပွင့် ပေ့ါဘာက ၂၀၁၈ခုနှစ် ကမ္ဘာဖလားကို အတူရခဲ့တဲ့ ကန်တီနဲ့ကစားခွင့်ရတာ ဘယ်လောက်ထိ ကျေနပ်ရသလဲဆိုတဲ့ အကြောင်းနှင့် တိုက်စစ်မှူး ဘန်ဇီးမား ပြန်လည်ပါဝင်လာရာတွင် အသင်းအပေါ် အကျိုးသက်ရောက်နိုင်မှု အပေါ် ဆွေးနွေးပြောဆိုသွားခဲ့ပါတယ်။

“ဒီစွမ်းဆောင်ရည် ဆက်လက်တည်တံ့သွားပါစေလို့ကျွန်တော်မျှော်လင့်ပါတယ် ကန်တီနဲ့အတူ ကစားရတာ ဝမ်းသာမိပါတယ် သူလို ထိပ်တန်းကစားသမားမျိုးနဲ့ အတူ ကစားရတာမို့ ကျွန်တော့်အတွက်ကတော့ ဂုဏ်ယူစရာပါ။

ကာရမ် (ဘန်ဇီးမား) လို ကစားသမားကောင်း တစ်ယောက် ရောက်လာတဲ့အတွက် အသင်းက ပိုပြီးတောင် တောင့်တင်းလာပါတယ် တစ်ဦးချင်းအရလည်း အသင်းအတွက် အားဖြစ်စေပါတယ်” လို့ ပေါ့ဘာက ဆိုခဲ့ပါတယ်။

နည်းပြ ဒက်ချမ့်ရဲ့ ပြင်သစ်အသင်းဟာ ပေါ့ဘာနှင့် ချဲလ်ဆီးကွင်းလယ်ခံစစ်သမား ကန်တီ တွဲဖက်ကစားတိုင်းမှာ တစ်ခါမှ ရှုံးနိမ့်ထားခြင်း မရှိဘဲ ယူရိုပြိုင်ပွဲမှာလည်း အဆိုပါကွင်းလယ်အတွဲဟာ ဆက်လက် ခြေစွမ်းပြသွားရန် ရှိနေပါတယ်။

Zawgyi

ကြင္းလယ္မွာ ျပင္သစ္ လက္ေ႐ြးစင္အသင္း အတြက္ အန္ဂိုလို ကန္တီနဲ႔အတူ တြဲဖက္ကစားခြင့္ရတာ ဂုဏ္ယူစရာ တစ္ခု ျဖစ္တယ္လို႔ ယူနုိက္တက္ ကြင္းလယ္ ေပါ့ဘာက ဂ်ာမနီနဲ႕ ပြဲၾကိဳမွာ ထုတ္ေဖာ္ေျပာၾကားပါတယ္။

ျပင္သစ္အသင္းဟာ လာမယ့္အဂၤါတြင္ ဂ်ာမနီ၊ စေနေန႔တြင္ ဟန္ေဂရီ၊ ေနာက္တစ္ပတ္ ဗုဒၥဟူးတြင္ ေပၚတူဂီ အသင္းႏွင့္ ပြဲၾကပ္ေတြ ရင္ဆိုင္ရမွာ ျဖစ္ကာ မရဏ အုပ္စုလို႔ေခၚတဲ့ အုပ္စု F မွာ က်ေရာက္ေနပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ၾကယ္ပြင့္ ေပ့ါဘာက ၂၀၁၈ခုႏွစ္ ကမာၻဖလားကို အတူရခဲ့တဲ့ ကန္တီနဲ႔ကစားခြင့္ရတာ ဘယ္ေလာက္ထိ ေက်နပ္ရသလဲဆိုတဲ့ အေၾကာင္းႏွင့္ တိုက္စစ္မႉး ဘန္ဇီးမား ျပန္လည္ပါဝင္လာရာတြင္ အသင္းအေပၚ အက်ိဳးသက္ေရာက္ႏိုင္မႈ အေပၚ ေဆြးေႏြးေျပာဆိုသြားခဲ့ပါတယ္။

“ဒီစြမ္းေဆာင္ရည္ ဆက္လက္တည္တံ့သြားပါေစလို႔ကြၽန္ေတာ္ေမွ်ာ္လင့္ပါတယ္ ကန္တီနဲ႔အတူ ကစားရတာ ဝမ္းသာမိပါတယ္ သူလို ထိပ္တန္းကစားသမားမ်ိဳးနဲ႔ အတူ ကစားရတာမို႔ ကြၽန္ေတာ့္အတြက္ကေတာ့ ဂုဏ္ယူစရာပါ။

ကာရမ္ (ဘန္ဇီးမား) လို ကစားသမားေကာင္း တစ္ေယာက္ ေရာက္လာတဲ့အတြက္ အသင္းက ပိုၿပီးေတာင္ ေတာင့္တင္းလာပါတယ္ တစ္ဦးခ်င္းအရလည္း အသင္းအတြက္ အားျဖစ္ေစပါတယ္” လို႔ ေပါ့ဘာက ဆိုခဲ့ပါတယ္။

နည္းျပ ဒက္ခ်မ့္ရဲ႕ ျပင္သစ္အသင္းဟာ ေပါ့ဘာႏွင့္ ခ်ဲလ္ဆီးကြင္းလယ္ခံစစ္သမား ကန္တီ တြဲဖက္ကစားတိုင္းမွာ တစ္ခါမွ ရႈံးနိမ့္ထားျခင္း မရွိဘဲ ယူ႐ိုၿပိဳင္ပြဲမွာလည္း အဆိုပါကြင္းလယ္အတြဲဟာ ဆက္လက္ ေျခစြမ္းျပသြားရန္ ရွိေနပါတယ္။