ယာယာတိုရေးနှင့် မက်ခီလီလီ တို့ ပေါင်းစပ်ထားတဲ့ အစွမ်းနဲ့ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်လို့ ကန်တီကို ရွန်းနီ ချီကျူး

ချယ်ဆီးအသင်းမှ ပြင်သစ်သား ကွင်းလယ်ကစားသမား ကန်တီဟာ ယာယာတိုရေးနှင့် မက်ခီလီလီတို့လို အရည်အသွေးမျိုး ရှိပြီး လက်ရှိ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်လူ တစ်ဦး ဖြစ်တယ်လို့ အင်္ဂလန်နှင့် မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးဟောင်း ဝိန်းရွန်နီက ထုတ်ဖော် ချီးကျူးခဲ့ပါတယ်။

” ပြင်သစ်အသင်းမှာ ကန်တီလို ထာဝရအကောင်းဆုံး ကစားသမားတစ်ဦးဖြစ်နိုင်တဲ့ ကစားသမားတစ်ဦး ပိုင်ဆိုင်ထားပါတယ်။ ချန်ပီယံလိဂ် ဖိုင်နယ်မှာဆိုရင် သူ ပြီးပြည့်စုံတဲ့ စွမ်းဆောင်ရည်ကို ပြသသွားခဲ့ပါတယ်။ သူ တဖက်အသင်းရဲ့ တိုက်စစ်ကို ဟန့်တားနိုင်တယ် နေရာ ကျဉ်းကျဉ်းထဲမှာတောင် ကစားနိုင်ပြီး တိုက်စစ် စတင်နိုင်တယ်။

ခင်ဗျားတို့ ယာယာတိုရေး ဘောလုံးကို သယ်ပြီး တိုက်စစ်ကို လိုက်ပါကစားတာကို မြင်ဖူးခဲ့မှာပါ သိပ်ကို ဟန့်တားရတာ ခက်ပါတယ်။ ကန်တီလည်း အဲဒီအတိုင်းပါပဲ။ သူက တစ်ဦးတည်းသာ ရှိနိုင်တဲ့ မက်ခီလီလီလို ခံစစ်ကိုလည်း ကာကွယ်ပေးနိုင်တဲ့ သူမျိုး ဖြစ်တယ်။

ဒီနေ့ ခေတ်မှာ တိုရေးနှင့် မက်ခီလီလီကို တစ်ယောက်တည်း ပေါင်းစပ်ထားတဲ့ ကစားသမားတစ်ဦး ရှိနေတာ မယုံကြည်နိုင်စရာပါပဲ။ ပြီးတော့ ကန်တီမှာ မမောမပန်း ကစားနိုင်တဲ့ အားအင်တစ်ခု ရှိပါတယ် ချယ်ဆီးမှာဆိုရင် တခြားကစားသမားတွေရဲ့ ခြေစွမ်းပေါ်လာအောင် သူရဲ့ အားအင်နဲ့ ကူညီပေးတာကို တွေ့ကြမှာပါ။

တိုက်စစ်ကို ကန်တီ လိုက်ပါကစားတဲ့အခါတိုင်း အသင်းဖော် ၂ယောက် ၃ယောက်ကလည်း လိုက်ပါလာတတ်တယ်။ သူ့ အသင်းဖော်တွေက သူတို့နေရာ လစ်လပ်သွားတာ မစိုးရိမ်ကြပါဘူး။

ဘာလို့လဲဆိုတော့ ဘောလုံးက တဖက်အသင်းကို ရောက်သွားပြီဆိုရင်တောင် ကန်တီက ကောင်တာတိုက်စစ်ကို ဖျက်ပြီး ဘောလုံး ပြန် လိုက်ဆယ်မယ်ဆိုတာ အသင်းဖော်တွေ ကောင်းကောင်းကြီး သိပါတယ်။ ကျွန်တော့် အတွက်တော့ ကန်တီက ကမ္ဘာ့အကောင်းဆုံးကွင်းလယ်လူ တစ်ဦးပါပဲ”ဟု ရွန်းနီက သုံးသပ် ချီးကျူး သွားခဲ့ပါတယ်။

Zawgyi

ခ်ယ္ဆီးအသင္းမွ ျပင္သစ္သား ကြင္းလယ္ကစားသမား ကန္တီဟာ ယာယာတိုေရးႏွင့္ မက္ခီလီလီတို႔လို အရည္အေသြးမ်ိဳး ရွိၿပီး လက္ရွိ ကမာၻ႔အေကာင္းဆုံး ကြင္းလယ္လူ တစ္ဦး ျဖစ္တယ္လို႔ အဂၤလန္ႏွင့္ မန္ခ်က္စတာယူႏိုက္တက္တိုက္စစ္မႉးေဟာင္း ဝိန္း႐ြန္နီက ထုတ္ေဖာ္ ခ်ီးက်ဴးခဲ့ပါတယ္။

” ျပင္သစ္အသင္းမွာ ကန္တီလို ထာဝရအေကာင္းဆုံး ကစားသမားတစ္ဦးျဖစ္ႏိုင္တဲ့ ကစားသမားတစ္ဦး ပိုင္ဆိုင္ထားပါတယ္။ ခ်န္ပီယံလိဂ္ ဖိုင္နယ္မွာဆိုရင္ သူ ၿပီးျပည့္စုံတဲ့ စြမ္းေဆာင္ရည္ကို ျပသသြားခဲ့ပါတယ္။ သူ တဖက္အသင္းရဲ႕ တိုက္စစ္ကို ဟန္႔တားႏိုင္တယ္ ေနရာ က်ဥ္းက်ဥ္းထဲမွာေတာင္ ကစားႏိုင္ၿပီး တိုက္စစ္ စတင္ႏိုင္တယ္။

ခင္ဗ်ားတို႔ ယာယာတိုေရး ေဘာလုံးကို သယ္ၿပီး တိုက္စစ္ကို လိုက္ပါကစားတာကို ျမင္ဖူးခဲ့မွာပါ သိပ္ကို ဟန္႔တားရတာ ခက္ပါတယ္။ ကန္တီလည္း အဲဒီအတိုင္းပါပဲ။ သူက တစ္ဦးတည္းသာ ရွိႏိုင္တဲ့ မက္ခီလီလီလို ခံစစ္ကိုလည္း ကာကြယ္ေပးႏိုင္တဲ့ သူမ်ိဳး ျဖစ္တယ္။

ဒီေန႔ ေခတ္မွာ တိုေရးႏွင့္ မက္ခီလီလီကို တစ္ေယာက္တည္း ေပါင္းစပ္ထားတဲ့ ကစားသမားတစ္ဦး ရွိေနတာ မယုံၾကည္ႏိုင္စရာပါပဲ။ ၿပီးေတာ့ ကန္တီမွာ မေမာမပန္း ကစားႏိုင္တဲ့ အားအင္တစ္ခု ရွိပါတယ္ ခ်ယ္ဆီးမွာဆိုရင္ တျခားကစားသမားေတြရဲ႕ ေျခစြမ္းေပၚလာေအာင္ သူရဲ႕ အားအင္နဲ႔ ကူညီေပးတာကို ေတြ႕ၾကမွာပါ။

တိုက္စစ္ကို ကန္တီ လိုက္ပါကစားတဲ့အခါတိုင္း အသင္းေဖာ္ ၂ေယာက္ ၃ေယာက္ကလည္း လိုက္ပါလာတတ္တယ္။ သူ႔ အသင္းေဖာ္ေတြက သူတို႔ေနရာ လစ္လပ္သြားတာ မစိုးရိမ္ၾကပါဘူး။

ဘာလို႔လဲဆိုေတာ့ ေဘာလုံးက တဖက္အသင္းကို ေရာက္သြားၿပီဆိုရင္ေတာင္ ကန္တီက ေကာင္တာတိုက္စစ္ကို ဖ်က္ၿပီး ေဘာလုံး ျပန္ လိုက္ဆယ္မယ္ဆိုတာ အသင္းေဖာ္ေတြ ေကာင္းေကာင္းႀကီး သိပါတယ္။ ကြၽန္ေတာ့္ အတြက္ေတာ့ ကန္တီက ကမာၻ႔အေကာင္းဆုံးကြင္းလယ္လူ တစ္ဦးပါပဲ”ဟု ႐ြန္းနီက သံုးသပ္ ခ်ီးက်ဴး သြားခဲ့ပါတယ္။