အက်သလက်တီကို ကွင်းလယ် ဆော နီဂွက်ဇ် ကို ခေါ်ဖို့ စောင့်ကြည့်နေတဲ့ ချယ်ဆီး

စပိန်က လာတဲ့သတင်းတွေအရ ချယ်ဆီး အသင်းဟာ အက်သလက်တီကို မက်ဒရစ် ကွင်းလယ်လူ ဆော နီဂွက်ဇ်ကို ခေါ်ယူဖို့ စိတ်ဝင်စားလာတယ်လို့ ဖော်ပြနေကြပါတယ်။

ချယ်ဆီးနည်းပြ တူချယ်ဟာ လမ်းပတ်နေရာကို အစားဝင်လာပြီးနောက် အသင်းကို ချန်ပီယံလိဂ်ဖလား ရယူပေးနိုင်ခဲ့သလို ပရီးမီးယားလိဂ်မှာလည်း အဆင့် ၄ နေရာဝင်အောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။ နောက်ရာသီမှာတော့ ပြည်တွင်းမှာပါ အောင်မြင်မှုတွေ ရယူဖို့ ပစ်မှတ်ထားနေတဲ့ တူချယ်က အသင်း လူအင်အားကို ဖြည့်တင်းဖို့ စီစဉ်နေတာဖြစ်ပါတယ်။

စပိန် အေအက်စ် သတင်းဌာန အဆိုအရတာ့ ချယ်ဆီး နဲ့ ပီအက်စ်ဂျီတို့ဟာ တီကို ကွင်းလယ် ဆော နီဂွက်ဇ်ကို အပြိုင် မျက်စိကျနေတယ်လို့ ဖော်ပြခဲ့ပါတယ်။

အသက် ၂၆ နှစ်သားဟာ ၂၀၂၀ -၂၁ ရာသီမှာ တီကိုအသင်းအတွက် ၃၃ ပွဲအထိ ပါဝင်ကစားပေးထားခဲ့ပါတယ်။ တီကိုအသင်းကတော့ သူတို့စတားကို အသင်းမှာ ဆက်ထိန်းချင်ပေမယ့် ကိုဗစ်အခြေအနေကြောင့် ရောင်းချရဖွယ်ရှိနေပါတယ်။

ဘယ်အသင်းကမှ တရားဝင် မကမ်းလှမ်းရသေးပေမယ့် လာမယ့်အပတ်တွေထဲမှာ ကမ်းလှမ်းလာမယ်လို့ တီကိုအသင်းက မျှော်လင့်နေပါတယ်။

ဘိုင်ယန် နဲ့ ယူနိုက်တက်အသင်းတို့ကလည်း ဆောကို စိတ်ဝင်စားနေပြီး လက်ရှိအချိန်မှာတော့ ကစားသမားက စပိန်အသင်းအတွက်ပဲ အာရုံ စိုက်နေတာဖြစ်ပါတယ်။

Zawgyi

စပိန္က လာတဲ့သတင္းေတြအရ ခ်ယ္ဆီး အသင္းဟာ အက္သလက္တီကို မက္ဒရစ္ ကြင္းလယ္လူ ေဆာ နီဂြက္ဇ္ကို ေခၚယူဖို႔ စိတ္ဝင္စားလာတယ္လို႔ ေဖာ္ျပေနၾကပါတယ္။

ခ်ယ္ဆီးနည္းျပ တူခ်ယ္ဟာ လမ္းပတ္ေနရာကို အစားဝင္လာၿပီးေနာက္ အသင္းကို ခ်န္ပီယံလိဂ္ဖလား ရယူေပးႏိုင္ခဲ့သလို ပရီးမီးယားလိဂ္မွာလည္း အဆင့္ ၄ ေနရာဝင္ေအာင္ လုပ္ေဆာင္ႏိုင္ခဲ့ပါတယ္။ ေနာက္ရာသီမွာေတာ့ ျပည္တြင္းမွာပါ ေအာင္ျမင္မႈေတြ ရယူဖို႔ ပစ္မွတ္ထားေနတဲ့ တူခ်ယ္က အသင္း လူအင္အားကို ျဖည့္တင္းဖို႔ စီစဥ္ေနတာျဖစ္ပါတယ္။

စပိန္ ေအအက္စ္ သတင္းဌာန အဆိုအရတာ့ ခ်ယ္ဆီး နဲ႔ ပီအက္စ္ဂ်ီတို႔ဟာ တီကို ကြင္းလယ္ ေဆာ နီဂြက္ဇ္ကို အျပိဳင္ မ်က္စိက်ေနတယ္လို႔ ေဖာ္ျပခဲ့ပါတယ္။

အသက္ ၂၆ ႏွစ္သားဟာ ၂၀၂၀ -၂၁ ရာသီမွာ တီကိုအသင္းအတြက္ ၃၃ ပြဲအထိ ပါဝင္ကစားေပးထားခဲ့ပါတယ္။ တီကိုအသင္းကေတာ့ သူတို႔စတားကို အသင္းမွာ ဆက္ထိန္းခ်င္ေပမယ့္ ကိုဗစ္အေျခအေနေၾကာင့္ ေရာင္းခ်ရဖြယ္ရွိေနပါတယ္။

ဘယ္အသင္းကမွ တရားဝင္ မကမ္းလွမ္းရေသးေပမယ့္ လာမယ့္အပတ္ေတြထဲမွာ ကမ္းလွမ္းလာမယ္လို႔ တီကိုအသင္းက ေမွ်ာ္လင့္ေနပါတယ္။

ဘိုင္ယန္ နဲ႔ ယူႏိုက္တက္အသင္းတို႔ကလည္း ေဆာကို စိတ္ဝင္စားေနၿပီး လက္ရွိအခ်ိန္မွာေတာ့ ကစားသမားက စပိန္အသင္းအတြက္ပဲ အာ႐ုံ စိုက္ေနတာျဖစ္ပါတယ္။