ေမဆန္ေမာင့္ ဒီတေလာ ေျခစြမ္းျပဖို႔ ရုန္းကန္ေနေၾကာင္း ထုတ္ေျပာလိုက္တဲ့ ခ်ယ္ဆီးနည္းျပ တူခ်ယ္

ခ်ယ္ဆီးနည္းျပ တူခ်ယ္ကေတာ့ ေမဆင္ေမာင့္ဟာ ပုံစံေကာင္း ေပ်ာက္ေနတယ္လို႔ ဝန္ခံေျပာၾကားခဲ့ေပမယ့္ သူ႔ရဲ႕အရည္အခ်င္းကို သံသယ မရွိဘူးလို႔ ေျပာၾကားလိုက္ပါတယ္။

အဂၤလန္သား တိုက္စစ္သမားဟာ လမ္းပတ္ ရွိစဥ္တည္းက ေနရာ ေပးခံရျပီး နည္းျပ တူခ်ယ္ ေရာက္လာျပီးေနာက္မွာလည္း ဆက္လက္ ေျခစြမ္းျပခဲ့ကာ ၆ ဂိုးအထိ သြင္းယူထားႏိုင္ခဲ့ပါတယ္။

ခ်ယ္ဆီးဟာ ဒီရာသီမွာ တိုက္စစ္ပိုင္းအတြက္ ႐ုန္းကန္ေနရၿပီး လက္စတာနဲ႔ အက္ဖ္ေအဖလားဖိုင္နယ္ပြဲမွာလည္း အေရးနိမ့္ခဲ့တာျဖစ္ပါတယ္။ ေမာင့္ကေတာ့ ဝင္ဘာေလမွာ အခြင့္အေရးေကာင္း တစ္ႀကိမ္ရခဲ့ေပမယ့္ အသုံးမခ်ႏိုင္ခဲ့ပါဘူး။ နည္းျပ တူခ်ယ္ကေတာ့ ေမာင့္ဟာ ယခင္ကထက္ ေျခစြမ္းေကာင္း ေပ်ာက္ဆုံးေနတယ္ လို႔ ဝန္ခံခဲ့ပါတယ္။

“ ေမာင့္က ဒီေနာက္ပိုင္းမွာ ႐ုန္းကန္ေနရပါတယ္။ ဒါေပမယ့္ အေကာင္းဆုံး အေနအထား တစ္ခုမွာေတာ့ ရွိေနဆဲပါ။ အဓိက ကစားသမား လို႔ေတာင္ ဆိုႏိုင္ပါတယ္”လို႔ တူခ်ယ္က ေျပာၾကားခဲ့ပါတယ္။

ခ်ယ္ဆီးအသင္းဟာ ဒီ အဂၤါေန႔မွာ အက္ဖ္ေအဖလား ဗုိလ္လုပြဲမွာ ဆံုခဲ့တဲ့ လက္စတာအသင္းနဲ႔ ထပ္မံ ရင္ဆိုင္ရမွာျဖစ္ၿပီး ဒီပြဲကလည္း ပရီးမီးယားလိဂ္ အဆင့္ ၄ အတြင္း ဆက္ရွိေနဖို႔ အေရးပါတဲ့ ပြဲ ျဖစ္ပါတယ္။

Unicode

ချယ်ဆီးနည်းပြ တူချယ်ကတော့ မေဆင်မောင့်ဟာ ပုံစံကောင်း ပျောက်နေတယ်လို့ ဝန်ခံပြောကြားခဲ့ပေမယ့် သူ့ရဲ့အရည်အချင်းကို သံသယ မရှိဘူးလို့ ပြောကြားလိုက်ပါတယ်။

အင်္ဂလန်သား တိုက်စစ်သမားဟာ လမ်းပတ် ရှိစဉ်တည်းက နေရာ ပေးခံရပြီး နည်းပြ တူချယ် ရောက်လာပြီးနောက်မှာလည်း ဆက်လက် ခြေစွမ်းပြခဲ့ကာ ၆ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပါတယ်။

ချယ်ဆီးဟာ ဒီရာသီမှာ တိုက်စစ်ပိုင်းအတွက် ရုန်းကန်နေရပြီး လက်စတာနဲ့ အက်ဖ်အေဖလားဖိုင်နယ်ပွဲမှာလည်း အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။ မောင့်ကတော့ ဝင်ဘာလေမှာ အခွင့်အရေးကောင်း တစ်ကြိမ်ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့ပါဘူး။ နည်းပြ တူချယ်ကတော့ မောင့်ဟာ ယခင်ကထက် ခြေစွမ်းကောင်း ပျောက်ဆုံးနေတယ် လို့ ဝန်ခံခဲ့ပါတယ်။

“ မောင့်က ဒီနောက်ပိုင်းမှာ ရုန်းကန်နေရပါတယ်။ ဒါပေမယ့် အကောင်းဆုံး အနေအထား တစ်ခုမှာတော့ ရှိနေဆဲပါ။ အဓိက ကစားသမား လို့တောင် ဆိုနိုင်ပါတယ်”လို့ တူချယ်က ပြောကြားခဲ့ပါတယ်။

ချယ်ဆီးအသင်းဟာ ဒီ အင်္ဂါနေ့မှာ အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ ဆုံခဲ့တဲ့ လက်စတာအသင်းနဲ့ ထပ်မံ ရင်ဆိုင်ရမှာဖြစ်ပြီး ဒီပွဲကလည်း ပရီးမီးယားလိဂ် အဆင့် ၄ အတွင်း ဆက်ရှိနေဖို့ အရေးပါတဲ့ ပွဲ ဖြစ်ပါတယ်။