ခ်ယ္ဆီးအသင္း ခ်န္ပီယံလိဂ္ ၀င္ခြင့္ မရမွာကို စိတ္ပူမေနေၾကာင္း နည္းျပ တူခ်ယ္ ေျပာဆို

ခ်ယ္ဆီး အသင္း နည္းျပ ေသာမတ္စ္တူခ်ယ္က တကယ္လို႔ မိမိတို႔အသင္း ခ်န္ပီယံလိဂ္ ဝင္ခြင့္ ဆုံးရႈံးခဲ့ရရင္ ျဖစ္ေပၚလာႏိုင္မယ့္ ဂယက္႐ိုက္မႈ အေပၚ ေၾကာက္လန္႔ေနမွာ မဟုတ္ဘူးလို႔ အခိုင္အမာေျပာပါတယ္။

ခ်ယ္ဆီး ဟာ ဗီလာကို အေဝးကြင္းမွာ အႏိုင္ရတာနဲ႔ ၿပိဳင္ဘက္အသင္းေတြရဲ႕ရလဒ္ကို ေစာင့္ၾကည့္စရာမလိုဘဲ ခ်န္ပီယံလိဂ္ဝင္ခြင့္ရမွာျဖစ္သလို ယခုလ ၂၉ ရက္ေန႔မွာ က်င္းပမယ့္ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာ မန္စီးတီးကို အႏိုင္ရရင္လည္း ခ်န္ပီယံလိဂ္ဝင္ခြင့္ရမွာပါ။

တူခ်ယ္က ” အ႐ိုးသားဆုံးေျပာရရင္ အျမင့္ဆုံးရည္မွန္းခ်က္က ခ်န္ပီယံလိဂ္ ဝင္ခြင့္ရရွိေရးပါ။ ဒါေပမဲ့ ခင္ဗ်ား ဘာေျပာခ်င္လဲဆိုတာ ကြၽန္ေတာ္ သိပါတယ္။ ဒီအတြက္လည္း ကြၽန္ေတာ့္ဘက္က ပုန္းေနမွာမဟုတ္ပါဘူး။ တကယ္လို႔ ဝင္ခြင့္မရခဲ့ရင္ ဘာေတြျဖစ္လာမလဲဆိုတာ ကြၽန္ေတာ္လည္း သိပါတယ္။

ေဘာလုံးေလာကမွာ ဘယ္ပြဲမဆို ရႈံးနိမ့္ႏိုင္တာမွန္ေပမယ့္ အေၾကာက္တရားနဲ႔ အႏၲရာယ္ဆိုတဲ့စကားလုံးေတြၾကားမွာ ကြဲျပားျခားနားမႈေတြ ရွိပါတယ္။ ကြၽန္ေတာ္တို႔အေနနဲ႔ ကိုယ့္ရဲ႕အရည္အခ်င္းကို ယုံၾကည္လို႔ ေၾကာက္လန႔္တာမ်ိဳးမရွိပါဘူး။ အႏၲရာယ္ထဲ က်ေရာက္သြားႏိုင္မလား ဆိုရင္ေတာ့ ေခါင္းၿငိမ့္မိမွာပါ။ ” လို႔ တူခ်ယ္က ေျပာပါတယ္။

ခ်ယ္ဆီး ဟာ ၿပီးခဲ့တဲ့ေႏြရာသီက ကစားသမားအင္အားျဖည့္တင္းမႈအတြက္ ေပါင္သန္း ၂၂၀ အထိ ရင္းႏွီးျမႇဳပ္ႏွံခဲ့ၿပီး တူခ်ယ္က ဇန္နဝါရီလမွာ လမ္းပတ္ရဲ႕ေနရာမွာ ခ်ယ္ဆီး နည္းျပအျဖစ္ အစားဝင္လာခ်ိန္ကတည္းက အသင္းဟာ တိုးတက္ေနတယ္လို႔ ေျပာပါတယ္။

Unicode

ချယ်ဆီး အသင်း နည်းပြ သောမတ်စ်တူချယ်က တကယ်လို့ မိမိတို့အသင်း ချန်ပီယံလိဂ် ဝင်ခွင့် ဆုံးရှုံးခဲ့ရရင် ဖြစ်ပေါ်လာနိုင်မယ့် ဂယက်ရိုက်မှု အပေါ် ကြောက်လန့်နေမှာ မဟုတ်ဘူးလို့ အခိုင်အမာပြောပါတယ်။

ချယ်ဆီး ဟာ ဗီလာကို အဝေးကွင်းမှာ အနိုင်ရတာနဲ့ ပြိုင်ဘက်အသင်းတွေရဲ့ရလဒ်ကို စောင့်ကြည့်စရာမလိုဘဲ ချန်ပီယံလိဂ်ဝင်ခွင့်ရမှာဖြစ်သလို ယခုလ ၂၉ ရက်နေ့မှာ ကျင်းပမယ့် ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ မန်စီးတီးကို အနိုင်ရရင်လည်း ချန်ပီယံလိဂ်ဝင်ခွင့်ရမှာပါ။

တူချယ်က ” အရိုးသားဆုံးပြောရရင် အမြင့်ဆုံးရည်မှန်းချက်က ချန်ပီယံလိဂ် ဝင်ခွင့်ရရှိရေးပါ။ ဒါပေမဲ့ ခင်ဗျား ဘာပြောချင်လဲဆိုတာ ကျွန်တော် သိပါတယ်။ ဒီအတွက်လည်း ကျွန်တော့်ဘက်က ပုန်းနေမှာမဟုတ်ပါဘူး။ တကယ်လို့ ဝင်ခွင့်မရခဲ့ရင် ဘာတွေဖြစ်လာမလဲဆိုတာ ကျွန်တော်လည်း သိပါတယ်။

ဘောလုံးလောကမှာ ဘယ်ပွဲမဆို ရှုံးနိမ့်နိုင်တာမှန်ပေမယ့် အကြောက်တရားနဲ့ အန္တရာယ်ဆိုတဲ့စကားလုံးတွေကြားမှာ ကွဲပြားခြားနားမှုတွေ ရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ ကိုယ့်ရဲ့အရည်အချင်းကို ယုံကြည်လို့ ကြောက်လန့်တာမျိုးမရှိပါဘူး။ အန္တရာယ်ထဲ ကျရောက်သွားနိုင်မလား ဆိုရင်တော့ ခေါင်းငြိမ့်မိမှာပါ။ ” လို့ တူချယ်က ပြောပါတယ်။

ချယ်ဆီး ဟာ ပြီးခဲ့တဲ့နွေရာသီက ကစားသမားအင်အားဖြည့်တင်းမှုအတွက် ပေါင်သန်း ၂၂၀ အထိ ရင်းနှီးမြှုပ်နှံခဲ့ပြီး တူချယ်က ဇန်နဝါရီလမှာ လမ်းပတ်ရဲ့နေရာမှာ ချယ်ဆီး နည်းပြအဖြစ် အစားဝင်လာချိန်ကတည်းက အသင်းဟာ တိုးတက်နေတယ်လို့ ပြောပါတယ်။