လန္ဒန္ကို ပရီးမီးယားလိဂ္ ကလပ္ နည္းျပ အျဖစ္ ျပန္လာဖြယ္ရွိတဲ့ ဖရန္႕လမ္းပတ္

ခ်ယ္ဆီးအသင္းနဲ႕ လမ္းခြဲျပီးတည္းက အသင္းလက္မဲ့ ျဖစ္လို႔ေနတဲ့ ဖရန႔္လမ္းပတ္ကေတာ့ ေနာက္ထပ္ လန္ဒန္အေျခစိုက္ ပရီးမီးယားလိဂ္ ကလပ္အသင္းတစ္ခုမွာ နည္းျပသစ္အျဖစ္ ျပန္လာဖို႔ အေျခအေနေကာင္းေနပါတယ္။ လန္ဒန္ ကလပ္ တစ္သင္းျဖစ္တဲ့ ခရစၥတယ္ ပဲေလ့စ္အသင္းက သူတို႔ရဲ႕ ဝါရင့္နည္းျပႀကီး ႐ြိဳင္းေဟာ့ဆန္နဲ႔ လက္တြဲျဖဳတ္ေတာ့မွာျဖစ္လို႔ သူရဲ႕ေနရာအတြက္ နည္းျပသစ္တစ္ေယာက္ကို ရွာေဖြေနတာျဖစ္ပါတယ္။

ဝါရင့္နည္းျပႀကီး ေဟာ့ဆန္ဟာ ဒီႏွစ္ရာသီအကုန္မွာပဲ ပဲေလ့စ္အသင္းနဲ႔ စာခ်ဳပ္သက္တမ္း ကုန္ဆုံးေတာ့မွာျဖစ္ၿပီး အသင္းဘက္က သက္တမ္းတိုးမယ့္ အရိပ္အေယာင္လည္းမရွိပဲ နည္းျပသစ္တစ္ဦးကိုပဲ ခန႔္အပ္သြားဖို႔ အစီအစဥ္ရွိေနသလို ဘန္ေလနည္းျပ ေရွာင္ဒိုက္ ဘုန္းေမာက္နည္းျပေဟာင္း အက္ဒီေဟာင္းနဲ႔ လမ္းပတ္တို႔ကို ပစ္မွတ္ထားလို႔ေနပါတယ္။

ေလာေလာဆယ္ အသင္းလက္မဲ့ ျဖစ္ေနရတဲ့ လမ္းပတ္ဟာ ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္း လစ္လပ္ေနတဲ့ အဂၤလန္ယူ-၂၁အသင္းရဲ႕ နည္းျပအျဖစ္ ေဆာင္႐ြက္သြားမယ္လို႔ သတင္းေတြ ထြက္ေပၚခဲ့ေပမယ့္ လမ္းပတ္ကေတာ့ ထို ရာထူးအေပၚ စိတ္ဝင္စားမႈမရွိဘူးလို႔ တုံ႔ျပန္ထားခဲ့ပါတယ္။

ဒါဘီေကာင္တီ ခ်ယ္ဆီးအသင္းေတြကို ကိုင္တြယ္ခဲ့ဖူးတဲ့ လမ္းပတ္ဟာ ပရီးမီးယားလိဂ္ၿပိဳင္ပြဲမွာ ေဘာလုံးရာသီ တစ္ရာသီေက်ာ္ေလာက္ အထိကို ျဖတ္သန္းလိုက္ရၿပီး နည္းျပအေတြ႕အႀကဳံပိုင္း ႏုနယ္ေသးေပမယ့္လည္း သူရဲ႕ကလပ္အသင္းေဟာင္း ခ်ယ္ဆီးကိုေတာ့ အေကာင္းဆုံး ကိုင္တြယ္ႏိုင္ခဲ့ပါတယ္။

ဒါေၾကာင့္ ခရစၥတယ္ပဲေလ့စ္ အသင္းဘက္ကေန တျခားေသာ နည္းျပေတြထက္ လမ္းပတ္ကိုပဲ သူတို႔ရဲ႕နည္းျပသစ္အျဖစ္ ခန႔္အပ္သြားဖို႔ ပိုမိုစိတ္ဝင္စားေနတာျဖစ္ၿပီး ဘြတ္ကီဒိုင္ေတြရဲ႕ ဖြင့္ဆိုခ်က္မွာလည္း ပဲေလ့စ္နည္းျပသစ္ျဖစ္လာဖို႔ လမ္းပတ္ကသာ ေရပန္းအစားဆုံး ျဖစ္ေနရပါတယ္။

တကယ္လို႔ လမ္းပတ္ကိုသာ ပဲေလ့စ္အသင္းဘက္ကေန နည္းျပသစ္အျဖစ္ ခန႔္အပ္ခဲ့မယ္ဆိုရင္ ပရီးမီးယားလိဂ္မွာ သူရဲ႕အသင္းေဟာင္း ခ်ယ္ဆီးအသင္းနဲ႔ လန္ဒန္ဒါဘီပြဲစဥ္အျဖစ္ ျပန္လည္ရင္ဆိုင္ရေတာ့မွာလည္း ျဖစ္ပါတယ္။

Unicode

ချယ်ဆီးအသင်းနဲ့ လမ်းခွဲပြီးတည်းက အသင်းလက်မဲ့ ဖြစ်လို့နေတဲ့ ဖရန့်လမ်းပတ်ကတော့ နောက်ထပ် လန်ဒန်အခြေစိုက် ပရီးမီးယားလိဂ် ကလပ်အသင်းတစ်ခုမှာ နည်းပြသစ်အဖြစ် ပြန်လာဖို့ အခြေအနေကောင်းနေပါတယ်။ လန်ဒန် ကလပ် တစ်သင်းဖြစ်တဲ့ ခရစ္စတယ် ပဲလေ့စ်အသင်းက သူတို့ရဲ့ ဝါရင့်နည်းပြကြီး ရွိုင်းဟော့ဆန်နဲ့ လက်တွဲဖြုတ်တော့မှာဖြစ်လို့ သူရဲ့နေရာအတွက် နည်းပြသစ်တစ်ယောက်ကို ရှာဖွေနေတာဖြစ်ပါတယ်။

ဝါရင့်နည်းပြကြီး ဟော့ဆန်ဟာ ဒီနှစ်ရာသီအကုန်မှာပဲ ပဲလေ့စ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး အသင်းဘက်က သက်တမ်းတိုးမယ့် အရိပ်အယောင်လည်းမရှိပဲ နည်းပြသစ်တစ်ဦးကိုပဲ ခန့်အပ်သွားဖို့ အစီအစဉ်ရှိနေသလို ဘန်လေနည်းပြ ရှောင်ဒိုက် ဘုန်းမောက်နည်းပြဟောင်း အက်ဒီဟောင်းနဲ့ လမ်းပတ်တို့ကို ပစ်မှတ်ထားလို့နေပါတယ်။

လောလောဆယ် အသင်းလက်မဲ့ ဖြစ်နေရတဲ့ လမ်းပတ်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း လစ်လပ်နေတဲ့ အင်္ဂလန်ယူ-၂၁အသင်းရဲ့ နည်းပြအဖြစ် ဆောင်ရွက်သွားမယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် လမ်းပတ်ကတော့ ထို ရာထူးအပေါ် စိတ်ဝင်စားမှုမရှိဘူးလို့ တုံ့ပြန်ထားခဲ့ပါတယ်။

ဒါဘီကောင်တီ ချယ်ဆီးအသင်းတွေကို ကိုင်တွယ်ခဲ့ဖူးတဲ့ လမ်းပတ်ဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဘောလုံးရာသီ တစ်ရာသီကျော်လောက် အထိကို ဖြတ်သန်းလိုက်ရပြီး နည်းပြအတွေ့အကြုံပိုင်း နုနယ်သေးပေမယ့်လည်း သူရဲ့ကလပ်အသင်းဟောင်း ချယ်ဆီးကိုတော့ အကောင်းဆုံး ကိုင်တွယ်နိုင်ခဲ့ပါတယ်။

ဒါကြောင့် ခရစ္စတယ်ပဲလေ့စ် အသင်းဘက်ကနေ တခြားသော နည်းပြတွေထက် လမ်းပတ်ကိုပဲ သူတို့ရဲ့နည်းပြသစ်အဖြစ် ခန့်အပ်သွားဖို့ ပိုမိုစိတ်ဝင်စားနေတာဖြစ်ပြီး ဘွတ်ကီဒိုင်တွေရဲ့ ဖွင့်ဆိုချက်မှာလည်း ပဲလေ့စ်နည်းပြသစ်ဖြစ်လာဖို့ လမ်းပတ်ကသာ ရေပန်းအစားဆုံး ဖြစ်နေရပါတယ်။

တကယ်လို့ လမ်းပတ်ကိုသာ ပဲလေ့စ်အသင်းဘက်ကနေ နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့မယ်ဆိုရင် ပရီးမီးယားလိဂ်မှာ သူရဲ့အသင်းဟောင်း ချယ်ဆီးအသင်းနဲ့ လန်ဒန်ဒါဘီပွဲစဉ်အဖြစ် ပြန်လည်ရင်ဆိုင်ရတော့မှာလည်း ဖြစ်ပါတယ်။