မန္စီးတီးရဲ႕ အေကာင္းဆံုး ၁၁ ေယာက္ကို ခ်ယ္ဆီး မရင္ဆိုင္ရေသးဘူးလို႔ သတိေပးမႈ ထြက္ေပၚ

ခ်ယ္ဆီး အသင္းဟာ နည္းျပတူခ်ယ္ရဲ႕လက္ေအာက္မွာ ပံုစံေကာင္း ရလဒ္ေကာင္းေတြ ရျပီး ေျခစြမ္းျပႏိုင္ေနေသာ္လည္း မန္စီးတီးအား ႏွစ္ႀကိမ္စလုံး အႏိုင္ရရွိခဲ့တာနဲ႕ ပတ္သက္ၿပီး ရစ္ခ်က္ဒန္းက သတိေပးေျပာဆိုလိုက္ပါတယ္။

ခ်ယ္ဆီးအသင္းဟာ မန္စီးတီးအသင္းရဲ႕ ပရီးမီးယားလိဂ္ဆုဖလား ေအာင္ပြဲခံဖို႔အတြက္ကို ၂-၁ ဂိုးျဖင့္အႏိုင္ရရွိကာ ဆြဲဆန႔္ထားႏိုင္ခဲ့တာျဖစ္ၿပီး အက္ဖ္ေအဖလားပြဲမွာလည္း အႏိုင္ရရွိခဲ့ကာ ဆုဖလား ၃လုံးေမွ်ာ္လင့္ခ်က္က ပ်က္စီး ခဲ့ရတာျဖစ္ပါတယ္။

စေနေန႔ပြဲအတြက္ ဂြါဒီယိုလာဟာ အသင္းရဲ႕လူစာရင္းကို ၉ေနရာအထိ အေျပာင္းအလဲလုပ္ခဲ့တာျဖစ္ၿပီး ဒီဘ႐ိုင္းကို လည္း ခ်န္လွပ္ ထားခဲ့တာျဖစ္ပါတယ္။ ေမလ ၂၉ရက္ေန႔ ခ်န္ပီယံလိဂ္ဖိုင္နယ္အျဖစ္ ျပန္လည္ေတြ႕ဆုံမည့္ပြဲမွာ မန္စီးတီးအား အေတာင့္တင္းဆုံးျဖစ္ဖို႔အတြက္ ဒန္းက ေျပာဆိုလိုက္ပါတယ္။

“ တူခ်ယ္ေရာက္ရွိလာကတည္းက ခ်ယ္ဆီးအသင္းက ပုံစံေကာင္းေတြကို ရရွိေနတာပါ။ သူတို႔အသင္းက မာေက်ာ ၿပီး အႏၲရာယ္မ်ားပါတယ္။ ေနာက္ရာသီမွာ ေသခ်ာေပါက္ ပရီးမီးယားလိဂ္ဖလားကို စိန္ေခၚႏိုင္မယ့္အသင္းျဖစ္သ လို ဒီႏွစ္မွာလည္း ႀကီးမားတဲ့ ဆုဖလားေတြကို ရရွိဖို႔ လက္တစ္ကမ္း အလိုမွာ ရွိေနတာပါ ”

“ မန္စီးတီးသာ သူတို႔အသင္းကို ေက်ာ္ျဖတ္ဖို႔အတြက္ ခက္ခဲခဲ့ေသာ္လည္း ဂြါဒီယိုလာရဲ႕ အေကာင္းဆုံး ၁၁ ဦးနဲ႔ မရင္ဆိုင္ ရေသးတာလည္း ျဖစ္ပါတယ္။ ခ်န္ပီယံလိဂ္ဖိုင္နယ္ေရာက္တဲ့အခါမွာေတာ့ မန္စီးတီးတဲ့ပြဲထြက္စာရင္းအတြက္ ေမွ်ာ္လင့္ထားတဲ့ ကစားသမား ေတြအားလုံးကို ျမင္ေတြ႕ရမွာပါ။ ဒါဟာ လုံးဝကို မတူညီတဲ့ အေျခအေနပါ ”

“ မန္စီးတီးဟာ ဥေရာပမွာ အေကာင္းဆုံးအသင္းျဖစ္ၿပီး သူတို႔ရဲ႕အေကာင္းဆုံး ပြဲထြက္ကစားသမား ၁၁ ဦးကို ပြဲထုတ္ႏိုင္မယ္လို႔ ကြၽန္ေတာ္ ယုံၾကည္ပါတယ္ ” လို႔ မန္စီးတီးရဲ႕ေနာက္တန္းကစားသမားေဟာင္းက သတိေပးစကား ေျပာၾကားလိုက္တာပါ။

စေနေန႔မွာ ရႈံးနိမ့္ခဲ့ေသာ္လည္း မန္စီးတီးဟာ ၄ရာသီအတြင္း ၃ႀကိမ္ေျမာက္ ပရီးမီးယားလိဂ္ဆုဖလားကို ရရွိဖို႔ရွိေနကာ ခ်န္ပီယံလိဂ္ဖိုင္နယ္သို႔ ေရာက္ရွိေနျခင္းက ဥေရာပမွာ စိုးမိုးႏိုင္တဲ့ အခ်ိန္ကာလ ျဖစ္ႏိုင္တယ္လို႔ ဒန္းက ေျပာဆိုလိုက္ပါတယ္။

Unicode

ချယ်ဆီး အသင်းဟာ နည်းပြတူချယ်ရဲ့လက်အောက်မှာ ပုံစံကောင်း ရလဒ်ကောင်းတွေ ရပြီး ခြေစွမ်းပြနိုင်နေသော်လည်း မန်စီးတီးအား နှစ်ကြိမ်စလုံး အနိုင်ရရှိခဲ့တာနဲ့ ပတ်သက်ပြီး ရစ်ချက်ဒန်းက သတိပေးပြောဆိုလိုက်ပါတယ်။

ချယ်ဆီးအသင်းဟာ မန်စီးတီးအသင်းရဲ့ ပရီးမီးယားလိဂ်ဆုဖလား အောင်ပွဲခံဖို့အတွက်ကို ၂-၁ ဂိုးဖြင့်အနိုင်ရရှိကာ ဆွဲဆန့်ထားနိုင်ခဲ့တာဖြစ်ပြီး အက်ဖ်အေဖလားပွဲမှာလည်း အနိုင်ရရှိခဲ့ကာ ဆုဖလား ၃လုံးမျှော်လင့်ချက်က ပျက်စီး ခဲ့ရတာဖြစ်ပါတယ်။

စနေနေ့ပွဲအတွက် ဂွါဒီယိုလာဟာ အသင်းရဲ့လူစာရင်းကို ၉နေရာအထိ အပြောင်းအလဲလုပ်ခဲ့တာဖြစ်ပြီး ဒီဘရိုင်းကို လည်း ချန်လှပ် ထားခဲ့တာဖြစ်ပါတယ်။ မေလ ၂၉ရက်နေ့ ချန်ပီယံလိဂ်ဖိုင်နယ်အဖြစ် ပြန်လည်တွေ့ဆုံမည့်ပွဲမှာ မန်စီးတီးအား အတောင့်တင်းဆုံးဖြစ်ဖို့အတွက် ဒန်းက ပြောဆိုလိုက်ပါတယ်။

“ တူချယ်ရောက်ရှိလာကတည်းက ချယ်ဆီးအသင်းက ပုံစံကောင်းတွေကို ရရှိနေတာပါ။ သူတို့အသင်းက မာကျော ပြီး အန္တရာယ်များပါတယ်။ နောက်ရာသီမှာ သေချာပေါက် ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်နိုင်မယ့်အသင်းဖြစ်သ လို ဒီနှစ်မှာလည်း ကြီးမားတဲ့ ဆုဖလားတွေကို ရရှိဖို့ လက်တစ်ကမ်း အလိုမှာ ရှိနေတာပါ ”

“ မန်စီးတီးသာ သူတို့အသင်းကို ကျော်ဖြတ်ဖို့အတွက် ခက်ခဲခဲ့သော်လည်း ဂွါဒီယိုလာရဲ့ အကောင်းဆုံး ၁၁ ဦးနဲ့ မရင်ဆိုင် ရသေးတာလည်း ဖြစ်ပါတယ်။ ချန်ပီယံလိဂ်ဖိုင်နယ်ရောက်တဲ့အခါမှာတော့ မန်စီးတီးတဲ့ပွဲထွက်စာရင်းအတွက် မျှော်လင့်ထားတဲ့ ကစားသမား တွေအားလုံးကို မြင်တွေ့ရမှာပါ။ ဒါဟာ လုံးဝကို မတူညီတဲ့ အခြေအနေပါ ”

“ မန်စီးတီးဟာ ဥရောပမှာ အကောင်းဆုံးအသင်းဖြစ်ပြီး သူတို့ရဲ့အကောင်းဆုံး ပွဲထွက်ကစားသမား ၁၁ ဦးကို ပွဲထုတ်နိုင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ် ” လို့ မန်စီးတီးရဲ့နောက်တန်းကစားသမားဟောင်းက သတိပေးစကား ပြောကြားလိုက်တာပါ။

စနေနေ့မှာ ရှုံးနိမ့်ခဲ့သော်လည်း မန်စီးတီးဟာ ၄ရာသီအတွင်း ၃ကြိမ်မြောက် ပရီးမီးယားလိဂ်ဆုဖလားကို ရရှိဖို့ရှိနေကာ ချန်ပီယံလိဂ်ဖိုင်နယ်သို့ ရောက်ရှိနေခြင်းက ဥရောပမှာ စိုးမိုးနိုင်တဲ့ အချိန်ကာလ ဖြစ်နိုင်တယ်လို့ ဒန်းက ပြောဆိုလိုက်ပါတယ်။