ျပိဳင္ဆိုင္မႈ ျပင္းထန္ေနတဲ့ ခ်ယ္ဆီးနဲ႕ မန္စီးတီးတို႔ အျပိဳင္ အလိုရွိေနၾကျပန္တဲ့ ထိပ္တန္း တိုက္စစ္မွဴး

ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲ ေရာက္ထားတဲ့ ပရီးမီးယားလိဂ္ ကလပ္ မန္စီးတီးအသင္းနဲ႔ ခ်ယ္ဆီးအသင္းတို႔ဟာ ဂ်ာမန္ ဘြန္ဒက္လီဂါ အင္အားႀကီးအသင္း ျဖစ္တဲ့ ဘိုင္ယန္ျမဴးနစ္အသင္း ကေန ထြက္ခြာဖို႔ စဥ္းစားေနတဲ့ ပိုလန္ တိုက္စစ္မႉး လီဝမ္ေဒါစကီးကို ေခၚယူဖို႔ အၿပိဳင္အဆိုင္ ခ်ဥ္းကပ္ေနေၾကာင္း ဂ်ာမနီနဲ႔ အဂၤလန္ သတင္းဌာနေတြက အခိုင္အမာ ေဖာ္ျပသြားၾကပါတယ္။

လီဝမ္ေဒါစကီးဟာ ဘိုင္ယန္ျမဴးနစ္အသင္းနဲ႔ ၂၀၂၃ခုႏွစ္ အထိ စာခ်ဳပ္သက္တမ္း ရွိေနေသးေပမယ့္ ေနာက္ဆံုး ထြက္ေပၚလာတဲ့ သတင္းေတြအရ လီဝမ္ေဒါစကီးဟာ ယခုႏွစ္ ေဘာလုံးရာသီ ကုန္ဆုံးခ်ိန္မွာ ဘိုင္ယန္ျမဴးနစ္အသင္း ကေန ထြက္ခြာခ်င္ေနၿပီး ပရီးမီးယားလိဂ္ အသင္းေတြဆီ ေျပာင္းေ႐ႊ႕ဖို႔ စိတ္ကူးေနေၾကာင္း သိထားရပါတယ္။

ဘိုင္ယန္ျမဴးနစ္အသင္း ကေတာ့ လီဝမ္ေဒါစကီးလို ထိပ္တန္း တိုက္စစ္မႉး တဦးကို လက္လႊတ္လိုျခင္း မရွိေပမယ့္ အသင္းမွာ အသက္ ၃၀ေက်ာ္အ႐ြယ္ ကစားသမားေတြ မ်ားျပားေနမႈကို ေလွ်ာ့ခ်ဖို႔ ဆႏၵရွိတာေၾကာင့္ ေျပာင္းေ႐ႊ႕ေၾကး ယူ႐ို ၈၀သန္းခန႔္ ရရွိရင္ လီဝမ္ေဒါစကီးကို ေရာင္းခ်ႏိုင္ေၾကာင္း ျမဴးနစ္ၿမိဳ႕ အေျခစိုက္ သတင္းဌာနေတြက ေဖာ္ျပထားပါတယ္။

လက္ရွိ ခ်န္ပီယံလိဂ္ဖိုင္နယ္ကို တက္လွမ္းထားႏိုင္တဲ့ မန္စီးတီးနဲ႔ ခ်ယ္လ္ဆီးအသင္းတို႔ဟာ လာမယ့္ ေႏြရာသီ အေျပာင္းအေ႐ႊ႕မွာ အသင္းရဲ႕ တိုက္စစ္ပိုင္းကို အင္အားျဖည့္တင္းဖို႔ စီစဥ္ထားတဲ့ အသင္းေတြ ျဖစ္ၾကၿပီး ဘိုင္ယန္ျမဴးနစ္အသင္း ကေန ထြက္ခြာဖို႔ စဥ္းစားေနတဲ့ လီဝမ္ေဒါစကီးကို အၿပိဳင္အဆိုင္ ခ်ဥ္းကပ္ေနေၾကာင္း သိရပါတယ္။

လီဝမ္ေဒါစကီးနဲ႔ နီးစပ္တဲ့ လူေတြ အဆိုအရေတာ့ လီဝမ္ေဒါစကီးဟာ ခ်ယ္ဆီးအသင္းထက္ သူ႔ရဲ႕ ဆရာေဟာင္းျဖစ္သူ ဂြာဒီယိုလာ ရွိတဲ့ မန္စီးတီးအသင္းဆီ ေျပာင္းေ႐ႊ႕ဖို႔ ပိုမို စိတ္အားထက္သန္ေနတယ္လို႔လည္း သတင္းထြက္ေနပါတယ္။

အသက္ ၃၂ႏွစ္ အ႐ြယ္ ပိုလန္အသင္းနဲ႔ ဘိုင္ယန္ျမဴးနစ္ အသင္းတို႔ရဲ႕ အဓိက တိုက္စစ္မႉး လီဝမ္ေဒါစကီးဟာ ၿပီးခဲ့တဲ့ ၂၀၂၀ ခုႏွစ္ရဲ႕ ကမာၻ႔အေကာင္းဆုံး ကစားသမား အျဖစ္ သတ္မွတ္ခံထားရသလို လက္ရွိမွာလည္း ကမာၻ႔အေကာင္းဆုံး တိုက္စစ္မႉး အျဖစ္ ေဘာလုံး ပရိသတ္ေတြရဲ႕ သတ္မွတ္ျခင္းကို ခံထားရပါတယ္။

Unicode

ချန်ပီယံလိဂ် ဗိုလ်လုပွဲ ရောက်ထားတဲ့ ပရီးမီးယားလိဂ် ကလပ် မန်စီးတီးအသင်းနဲ့ ချယ်ဆီးအသင်းတို့ဟာ ဂျာမန် ဘွန်ဒက်လီဂါ အင်အားကြီးအသင်း ဖြစ်တဲ့ ဘိုင်ယန်မြူးနစ်အသင်း ကနေ ထွက်ခွာဖို့ စဉ်းစားနေတဲ့ ပိုလန် တိုက်စစ်မှူး လီဝမ်ဒေါစကီးကို ခေါ်ယူဖို့ အပြိုင်အဆိုင် ချဉ်းကပ်နေကြောင်း ဂျာမနီနဲ့ အင်္ဂလန် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

လီဝမ်ဒေါစကီးဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ၂၀၂၃ခုနှစ် အထိ စာချုပ်သက်တမ်း ရှိနေသေးပေမယ့် နောက်ဆုံး ထွက်ပေါ်လာတဲ့ သတင်းတွေအရ လီဝမ်ဒေါစကီးဟာ ယခုနှစ် ဘောလုံးရာသီ ကုန်ဆုံးချိန်မှာ ဘိုင်ယန်မြူးနစ်အသင်း ကနေ ထွက်ခွာချင်နေပြီး ပရီးမီးယားလိဂ် အသင်းတွေဆီ ပြောင်းရွှေ့ဖို့ စိတ်ကူးနေကြောင်း သိထားရပါတယ်။

ဘိုင်ယန်မြူးနစ်အသင်း ကတော့ လီဝမ်ဒေါစကီးလို ထိပ်တန်း တိုက်စစ်မှူး တဦးကို လက်လွှတ်လိုခြင်း မရှိပေမယ့် အသင်းမှာ အသက် ၃၀ကျော်အရွယ် ကစားသမားတွေ များပြားနေမှုကို လျှော့ချဖို့ ဆန္ဒရှိတာကြောင့် ပြောင်းရွှေ့ကြေး ယူရို ၈၀သန်းခန့် ရရှိရင် လီဝမ်ဒေါစကီးကို ရောင်းချနိုင်ကြောင်း မြူးနစ်မြို့ အခြေစိုက် သတင်းဌာနတွေက ဖော်ပြထားပါတယ်။

လက်ရှိ ချန်ပီယံလိဂ်ဖိုင်နယ်ကို တက်လှမ်းထားနိုင်တဲ့ မန်စီးတီးနဲ့ ချယ်လ်ဆီးအသင်းတို့ဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ အသင်းရဲ့ တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းဖို့ စီစဉ်ထားတဲ့ အသင်းတွေ ဖြစ်ကြပြီး ဘိုင်ယန်မြူးနစ်အသင်း ကနေ ထွက်ခွာဖို့ စဉ်းစားနေတဲ့ လီဝမ်ဒေါစကီးကို အပြိုင်အဆိုင် ချဉ်းကပ်နေကြောင်း သိရပါတယ်။

လီဝမ်ဒေါစကီးနဲ့ နီးစပ်တဲ့ လူတွေ အဆိုအရတော့ လီဝမ်ဒေါစကီးဟာ ချယ်ဆီးအသင်းထက် သူ့ရဲ့ ဆရာဟောင်းဖြစ်သူ ဂွာဒီယိုလာ ရှိတဲ့ မန်စီးတီးအသင်းဆီ ပြောင်းရွှေ့ဖို့ ပိုမို စိတ်အားထက်သန်နေတယ်လို့လည်း သတင်းထွက်နေပါတယ်။

အသက် ၃၂နှစ် အရွယ် ပိုလန်အသင်းနဲ့ ဘိုင်ယန်မြူးနစ် အသင်းတို့ရဲ့ အဓိက တိုက်စစ်မှူး လီဝမ်ဒေါစကီးဟာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်ရဲ့ ကမ္ဘာ့အကောင်းဆုံး ကစားသမား အဖြစ် သတ်မှတ်ခံထားရသလို လက်ရှိမှာလည်း ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူး အဖြစ် ဘောလုံး ပရိသတ်တွေရဲ့ သတ်မှတ်ခြင်းကို ခံထားရပါတယ်။